သတင်းပဒေသာ

NLD – ရွေးကောက်ပွဲ မတိုင်မီ ၂ ရက်အလို NLD သတင်းစာရှင်းလင်းပွဲ

 ရွေးကောက်ပွဲ မတိုင်မီ ၂ ရက်အလို NLD သတင်းစာရှင်းလင်းပွဲ

Yangon Press Internation မတ် ၃၀ ၊ ၂၀၁၂

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ၂ ရက်အလိုတွင် NLD ပါတီက မဲဆွယ်ပွဲကာလတွင် ၎င်းတို့ပါတီ ကြုံတွေ့နေရသည့် လွတ်လပ် ၊ တရားမျှတမှုနှင့်သက်ဆိုင်သည့် အခြေအနေများကို ယနေ့နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ရှင်းလင်း သွားသည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် ယခုကြားဖြတ်ရွေးကောက်ပွဲသည် တိုင်းပြည်အတွက် မည်သည့်အကြောင်းကြောင့် အရေးကြီးကြောင်း ပြန်လည်ရင်သင့်မြတ်ရေး အတွက်မည်မျှ အရေးပါကြောင်းကို ပြောကြားကာ လက်ရှိကြုံတွေ့နေရသည့် အခြေအနေကို အချက် ၄ ချက်ဖြင့်ရှင်းလင်း ပြောဆိုသွားသည်။

ယင်းတို့မှာ တရားမျှတမှု မရှိပဲ တရားမ၀င်သည့် မဲဆွယ်နည်းများဖြင့် ကြံ့ခိုင်ရေး ပါတီက လုပ်ဆောင်နေခြင်း၊ NLD မဲဆွယ်ပွဲကို ရပ်တန့်စေရန်၊ တားဆီးရန်ကြိုးပမ်းမှုများ၊ တိကျမှုမရှိသော၊ ပုတ်ခတ် ပြောဆိုခြင်းများ ဖြင့် ပြုလုပ်နေကြောင်း ရှင်းပြပြောဆိုသွားသည်။

သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံခြား မီဒီယာ ၇၀ ရာနှုန်း တက်ရောက်လာကြသည်ကို တွေ့ရသည်။ ရှင်းလင်းတင်ပြချက်ကို အင်္ဂလိပ်ဘာသာဖြင့် ဝေငှထားရာ အန်အယ်လ်ဒီအနေဖြင့် ယခုရှင်းလင်းပွဲကို နိုင်ငံတကာ သတင်းမီဒီယာများအား ရည်ရွယ်ပြုလုပ်လိုသည့် သဘောရှိသည်ဟု
ပြည်တွင်း သတင်းအယ်ဒီတာတဦးက သုံးသပ်သည်။ (သတင်းဓါတ်ပုံ- ကျော်စိုးလင်း )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

6 thoughts on “NLD – ရွေးကောက်ပွဲ မတိုင်မီ ၂ ရက်အလို NLD သတင်းစာရှင်းလင်းပွဲ
  1. သတိ။ မဲ ပုံးထဲမှာ မဲတွေ ဘယ်လောက် ကြိုတင် ထည့်ထားလဲ ဆိုတာရယ်။ မဲရေတွက်တဲ့ အချိုန် ဒီနှစ်ခုကို သေချာ စစ်ဆေးပါ။

    1. ဒါတော့သဘောမကျဘူး။ မြန်မာနိုင်ငံမှာ လုပ်ပြီး english ဘာသာဖြင့်ဝေငှတာကို။ အော်မြန်မာနိုင်ငံမှာတောင် တို့မြန်မာစာကိုမသုံးချင်ဘူးလား
      ကျွန်တော်လေးစားနေတဲ့အမေစုရယ်။ ကျွန်တော်က အခုတော့ singapore မှာပါ။
      singapore မှာ english, india, china နဲ့ malay လိုပဲ annonce လုပ်တော့
      ကျွန်တော်ကဘာကောင် မှမဟုတ်ပါဘူုး ဒါပေမယ့် တစ်နေ့ကျရင်ဒီ singapore မှာ ငါတို့ မြန်မာစကားနဲ့ annonce လုပ်အောင် ကြိုးစားမယ်ဆိုပြီး လုပ်နေတာ
      ကျွန်တော့ အမေစုက ကိုယ့်နိုင်ငံမှာ ကိုယ့်နိုင်ငံရေး ကိုဘာလို့ english ဘာသာနဲ့ဝေရတာလဲအမေရယ်။
      ကျွန်တော် မှားတာရှိရင်တော့ တောင်းပန်ပါတယ်။ ကျွန်တော်အခု ဘယ်ပါတီဝင်မှ မဟုတ်ပါဘူးမြန်မာနိုင်ငံကိုတော့အရမ်းချစ်တယ်။ မြန်မာ နိုင်ငံအတွက်ကြိုးစားနေတဲ့ အမေစု ကျန်းမာပါစေ။ မှားတာ ရှိရင် တောင်းပန်ပါတယ်

  2. အမေစုေ၇ မဲေ၇ွးဖို.၁-ရက်ဘဲလိုတာ့တယ်နော် အမေစု နဲ. NLDအဖွဲ.၀င်တွေ ဘယ်လိုနေမလဲတော့မသိဘူးဗျာ ကျုပ်တို.တောသူတောင်သားတွေတော့ စိတ်လှုပ်ရှားလွန်းလို. အိပ်တောင် မအိပ်နိုင်လို. စာရေးလိုက်တယ် ။ကျုပ်တို.မြို.နယ်မှာ ရွေးကောက်ပွဲ မရှိလို. ရင်ထဲက မဲတပြား အမေ့ အတွက် မထည့်ပေးနိုင်ပေမယ့် အမေ့ရဲ. အောင်မြင်မှု အနိုင်ရမှုကို ကြည့်နေမှာပါ ။လူလိမ်လူကောက်တွေ ရဲ.အန်တရာယ်ကိုလည်း သတိထားပါ အမေရာ။

  3. Mom SU u must be careful that militancy .All of they are cannibal in their party .

    I wished for u at pagoda , for u r healthy and safety.

    GOD BLESS U.

  4. အမေစုရေ…သားတို့ဆီမှာမဲမပေးရတဲ့သူတွေများတယ်ဗျာ..တကယ်ဆိုအသက်မပြည့်သူတွေဘဲမဲပေးခွင့်မရဘူးလို့ကြားဘူးတာပါခုတော့အသက်လည်းပြည့်ပါရဲ့ဗျာ..ဒါပေမဲ့မဲ့ပေးခွင့်ကိုတော်တော်များများမရကြဘူး
    တစ်ချို့သိတဲ့လူတွေကဘာကြောင့်လဲဘာလို့လဲမေးတော့မှားသွားတာပါတဲ့..အဲ့တော့ထပ်မေးတယ်ခင်ဗျားတို့မှားတာကရပ်ကွက်တိုင်းမှာ..မှားနေတာလားဆိုတော့မသိချင်ဟန်ဆောင်နေကြတယ်..နောက်ပြီးအိမ်ထောင်စုတစ်စုရဲ့နာမည်တွေလာကောက်တယ်ပြီးတော့နာမည်တွေကမှားနေတယ်..တစ်ချို့ကအသက်ပြည့်တယ်နာမည်မပါဘူး..မဲထည့်တော့သူတို့မှတ်ထားတဲ့နာမည်အတိုင်းထည့်ရတယ်အဲ့တော့..သူတို့ပြောတဲ့နာမည်အတိုင်းထည့်တဲ့နာမည်ကပါပါ့မလားအမေစုရေ…ပယ်မှာလား…ဒါမှမဟုတ်သူတို့ပါတီထဲကိုမျက်ကန်းမဲထည့်ခိုင်းသလိုဖြစ်သွားမလားဆိုတာ..အမေစုဘဲတွေးကြည့်ပါတော့ဗျာ…..တောင်ငူသားလေး

    1. ဘယ်လိုဘဲဖြစ်ဖြစ်မှန်ကန်မှုနဲ့ယှဉ်ပြိုင်သူကအရာရာမှာအလေးသာစမြဲပါအမေ
      မဲထည့်စရာမလိုဘဲဘယ်ပါတီကနိုင်မလဲဆိုတာတစ်နိုင်ငံလုံးက
      အမေစုကိုချစ်တဲ့သူတွေကောအမေ့ကိုအပုတ်ချမကောင်းပြောတဲ့သူတွေပါ
      သိမှာပါ..ကြိုက်သလိုညစ်ပါစေအမှန်ဆိုတာပေါ်လာမှာပါ…အမေစုလည်း
      အမြဲတမ်းကျန်းမာပါစေဗျာ…

Comments are closed.