ဓာတ်ပုံသတင်း မျက်မှောက်ရေးရာ

လေးဖြူက ကြံ့ဖွံ့ပါတီကို မဲမပေးခဲ့၊ Envoy ဂျာနယ်ကို ဥပဒေကြောင်းအရ ရင်ဆိုင်မည်

လေးဖြူက ကြံ့ဖွံ့ပါတီကို မဲမပေးခဲ့၊ Envoy ဂျာနယ်ကို ဥပဒေကြောင်းအရ ရင်ဆိုင်မည်
မတ် ၃၀၊ ၂၀၁၂(လေးဖြူ၏ သူငယ်ချင်း ဒီဇိုင်းဆရာ မျိုးဆွေသန်း၏ Facebook တွင် ရေးသားထားချက်များကို ကူးယူ ဖော်ပြပါသည်။)



လေးဖြူနဲ့ မြန်မာပြည်ဒီမိုကရေစီ


ပြီးခဲ့တဲ့နှစ်ရက်လောက်က ဖေ့ဘွတ်ခ်မှာ သီချင်းဆိုတဲ့ကိုလေးဖြူနဲ့ပတ်သက်လို့ သတင်းတစ်ခု တက်လာပါတယ်။

Envoy Journal က လေးဖြူနဲ့အင်တာဗျူးဆိုပြီး ၂၀၁၀ မှာ ကိုလေးဖြူက ကြံ့ဖွတ်ပါတီကို မဲပေးခဲ့ကြောင်း
အခု ၂၀၁၂ မှာ ဘယ်ပါတီကိုမဲပေးရမလဲမဆုံးဖြတ်ရသေးကြောင်း ဆိုတဲ့သတင်းကို အကြောင်းပြုပြီး
IC တစ်ဖွဲ့လုံးနဲ့ဆန့်ကျင်လျက် လေးဖြူက ၂၀၁၀ မှာ ဖွတ်ကိုမဲပေးခဲ့ကြောင်း Envoy Journal မှာ
တရားဝင်ထုတ်ပြောပြီဟု ခေါင်းစဉ်တပ်ပြီး ထပ်ဆင့်သတင်းတင်လာပါတယ်။

လေးဖြူကိစ္စ ကျွန်တော်နဲ့မဆိုင်ပေမယ့် သူငယ်ချင်းဖြစ်လို့ ဒီသတင်း အခြေအမြစ်မရှိကြောင်း
မဖြစ်နိုင်ကြောင်းကို မှတ်ချက်လေးပေးလိုက်ပါတယ်။

မှတ်ချက်ပေးပြီး (၆)မိနစ်အကြာမှာ လက်ဖက်ရည်သောက်ဖို့ဆိုပြီး
လေးဖြူရောက်လာပါတယ်။ ဒီသတင်းပြတော့ ကြံကြံဖန်ဖန်ကွာလို့ပြောပါတယ်။
ဂျာနယ်များ မင်းဖြေလိုက်မိသလားမေးတော့ လေးဖြူက မင်းက ငါ့ကို မယုံလို့လား၊ ငါထမင်းစားတဲ့လူလို့
ပြောပြီး ဟေ့ကောင် အဲဒါတွေကြည့်မနေနဲ့။ အာရုံနောက်တယ်။ ထားလိုက်လို့ပြောပါတယ်။
တိုင်းပြည်အတွက်လည်း ရင်လေးတယ်ကွာလို့ ဆက်ပြောပါတယ်။

ညကျတော့ ကျွန်တော့် Friend List လည်း မဟုတ်ပါဘဲ အဲဒီသတင်းနဲ့ မှတ်ချက်တွေ
တောက်လျှောက် တက်နေလို့ကြည့်လိုက်တော့ စောစောကမဟုတ်နိုင်ဘူးလို့
ကျွန်တော်မှတ်ချက်ပေးထားလို့လား မသိပါ။ ချစ်စမ်းမောင်၊ Kathleen Nite၊ ဖိုးတာ၊
Lone Lone Lwin၊ Thunder၊ Bold Mg၊ Nay Lay and Lay Phyu and Myo Swe Than
ဆိုပြီး Tag လုပ်ထားတာတွေ့ရပါတယ်။ မင်းတို့လည်းဖတ်ကြည့်ကြဦး ဆိုတဲ့သဘောပေါ့လေ။
ကျွန်တော့်အနေနဲ့ လေးဖြူကိစ္စစိတ်မ၀င်စားပါ။ ဒါပေမယ့် မိုးလင်းတော့ လေးဖြူအတွက်မှတ်ချက်တွေက
မဆိုင်တဲ့ မမှန်ကန်တဲ့ personal အကြောင်းအရာတွေပါ ပါလာတာတွေ့ရပါတယ်။
ဒီလိုသတင်းတွေ ဖြစ်နေပြီိလို့ အကျိုးအကြောင်းသိရအောင် share ပေးတဲ့သူက
ကျွန်တော်တို့မိတ်ဆွေ Morning Star က ကိုမောင်စိုးပါ။

ဒီနားကစပြီး ကိုလေးဖြူ ဒီသတင်းကိုသိရပြီဆိုတော့ ဇာတ်လမ်းကဒီနားကစပြီပေါ့။ လေးဖြူက မနက်လင်းတော့ ဘယ်လိုတွေလဲမေးတော့ မင်းကိုချစ်တဲ့ပရိသတ်တွေက သူတို့နဲ့မတူရကောင်းလားလို့ စေတနာဒေါသောတွေဖြစ်ကြတာပါလို့ ပြောလိုက်ပါတယ်။ လွတ်လပ်စွာကွဲလွဲခွင့်ရှိပါတယ်တို့၊ ကိုယ်နဲ့မတူ ရန်သူလို့သဘောမထားကြနဲ့လေတို့လို ကောင်းမွန်မျှတတဲ့ မှတ်ချက်တွေလည်း တွေ့ပါတယ်လို့ ပြောလိုက်ပါတယ်။
ဒါပေမယ့် IC ကိုဆန့်ကျင်ကြစို့ဆိုတဲ့ မဆိုင်တာတွေလည်းပါကုန်ပြီဆိုတော့ သူငယ်ချင်းတွေကို တိုင်ပင်ပြီး အမှန်တရားအတွက် လေးဖြူကိုယ်တိုင်ပဲ ဆုံးဖြတ်ပါတယ်။ ငါရှေ့နေခေါ်ပြီတဲ့။

ဒီတော့လည်း သူ့ပရိသတ်တွေအတွက် ဒီနားကပဲ ဒီသတင်းကို အဆုံးသတ်ပေးလိုက်ပါတယ်။

၁။ ကိုလေးဖြူက Envoy Journal နှင့် မည်သည့်အင်တာဗျူးမှ မလုပ်ဖူးပါ။

၂။ Envoy Journal သို့ ဥပဒေကြောင်းအရ ရှေ့နေဖြင့် notice ပို့ထားပြီးဖြစ်ပါသည်။

၃။ ၃၀-၃-၂၀၁၂ နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ကိုလေးဖြူ၏ officially အများ သိစေရန် ကြော်ငြာမြင်တွေ့ကြရပါလိမ့်မည်။

၎။ အသိ၊ ဉာဏ်ပညာ၊ တရားဓမ္မတို့ဖြင့် တည်ဆောက်ထားသော အဆိုတော်တစ်ယောက်ဘ၀ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

14 thoughts on “လေးဖြူက ကြံ့ဖွံ့ပါတီကို မဲမပေးခဲ့၊ Envoy ဂျာနယ်ကို ဥပဒေကြောင်းအရ ရင်ဆိုင်မည်
  1.့ လေးစားပါတယ်ကိုလေးဖြူတိုင်းပြည်ကောင်းစေချင်သူတိုင်းNLDကိုမဲပေးကြပါစို့

  2. ပြည်သူတွေ ဆင်း၇ဲဒဏ်ကို ခံစားနေ၇ပြီး တနေ ကုန်၇ုန်းကန်လုပ်၇ှာပါသော်လည့်း မိသားစုမဝေ၇စာဘဝနဲ့ နှစ်ပေါင်းများစွာ
    ဖြတ်ကျော်ခဲ့၇တယ် ၇တနာငါးပါးထဲက တပါးဖြစ်တဲ့ ကျောင်းကဆ၇ာ ဆ၇ာမတွေကစပြီး ၇ံပုံငွေကောက် ကျု၇ှင်သင် အချိန်ပိုခကောက်ခံ တ၇ား၇ုံကတ၇ားသူကြီးတွေက ဥပဒေကင်းမဲ့စွာ တ၇ားစီ၇င် ၇ှာဇဝတ်ဖမ်းမဲ့ ၇ဲတွေက ၁၀၀မှာ ၉၈လောက်ကလဘ်စားတယ် နိင်ငံကိုကာကွယ်မဲ့တပ်မတော်က နိင်ငံသားတွေကို ဖမ်းဆီးနှိပ်စက် ယာမြေတွေသိမ်းပိုက် ဝ ကိုးကန့် စတဲ့အဖွဲ့အစည်းတွေကို ဘိန်းတ၇ားဝင်စိုက်ခွင့်ပြုခဲ့တယ် သယံဇာတတွေကိုေ၇ာင်းစားကြတယ် အကောက်ခွန်ကလူတွေက ၇သမျှ အိပ်ထောင်ထဲထည့် န့ဘေးမှာမိန်းမပျက်တွေနဲ့ဘီယာသောက်စားနေကြတယ် ဒါတွေကိုလူတိုင်းသိပါ၇က်နဲ့ ဒီလူတွေနဲ့ဖွဲ့စည်းတဲ့ကြံ့ဖွံ့ကို မဲပေးမယ်ဆို၇င်တော့ ဒီလူဟာ မြန်နိင်ငံထဲမှာ နေ၇ာအကွက်သေးသေးလေးထဲ နေပြီးအတွေးအခေါ်မ၇ှိတာလား ဒါမှမဟုတ် ကိုယ့်ကျိုးသမားလား စစ်တပ်နဲ့ ကြံ့ဖွံ့တွေနဲ့ဆွေမျိုးသားချင်းလား တခုခုပဲ လွတ်လပ်စွာအယူဝါဒကွဲပြားခွင့်၇ှိပေမယ့် ယုတ်မာသူတွေကိုထောက်ခံခဲ့မယ်ဆို၇င်တော့ ထိုသူဟာ ပြည်သူတွေ၇ဲ့ဝေဒနာကို ကျောခိုင်းတဲ့သူပဲ ပြည်သူတွေလဲသူ့ကိုကျောခိုင်းသင့်ပါတယ် ထိုသို့နှယ်နိင်ငံတကာအသိညဏ်တွေနဲ့ မြင်တွေ့ခံစားဖလှယ်ခွင့် ၇တဲ့လေးဖြူလိုလူမျိုးထိုကဲ့တို့ပြုလုပ်မည်မထင်ပါ လုပ်မည်ဆိုခဲ့၇င် နှလုံးမဲ့လူသားတယောက်တိုးလာတာမြန်မာနိင့်ငံအတွက်၇ိုးနေလောက်ပါပြီထင်ပါ၇ဲ့ မြန်မာနိင်ငံအနှံ့မေ၇ာက်ဖူးသူများကို နိင်ငံအနှံ့သို့ခြေချပြီးပြည်သူတွေဘဝကိုလေ့လာပြီးမှ ထောင့်ပေါင်းစုံ အမြင်ကိုေ၇ာ အမှန်တ၇ားကိုပါနားလည်နိင်မှာပါ

  3. ကြည့်ရတာအလိုတော်ရိဂျာနယ်တွေ ပြည်သူကို အာရုံလွှဲအောင်စလုပ်နေပြီ။ ပေးချင်တဲ့ပါတီကိုမဲပေးတာ
    သူ့လုပ်ပိုင်ခွင့်ပဲ။ ဘယ်ပါတီမှ မဲမထဲ့လည်းသူ့သဘောပဲ။ IC ကိုတော့အမြဲအားပေးတယ်။ ဘယ်ခေတ်ရောက်ရောက်သူ့မူနဲ့သူနေတယ်။

  4. ကိုကြီးဖြု မလုပ်ဘာဘူးလိုညီးလေယုံကြည်တယ်၊IC အဖွဲ့ကိုလေးစားလျှက်အားပေးနေသူတစ်ယောက်အနေနဲ့ရေးလိုက်တာပါ။ကိုအြီးဖြုကိုအားကျလို့ညီးလေလက်မောင်မှာအရုပ်ထိုထားတယ်၊

  5. ကျွန်တော်ကတော့ ထင်သား ကိုလေးဖြူက တောင်ငူသား ဘဲ ဒီလောက်တော့ အမြင်မသေးနုတ်လောက်ဘူးဆိုတာ သိနေတယ် ဆက်လုပ်ဗျာ အဲဒီဂျာနယ်တိုက် ပိတ်အောင်သာလုပ် ကြည့်ရတာ တော့ အဲဒီဂျာနယ်က ကြံဖွတ် တွေနဲ့တူတယ် ယုတ်မာတဲ့ကောင်တွေ ရှင်းထုတ်ရမယ် တော့ ချောက်ထုတ်ပစ်ရမယ်

  6. ကိုယ် ကမှန်ရင် ဘာကြောင့်ရှေ့နေ ခေါ်စရာလို လို့ လဲ။ သွားပြီး envoy ကို သွားပြောပါလား။ ပြန်ဖြေရှင်းပေးပါ။ ကြော်ငြာ တောင်းပန် စာ ပြန်ရေးပါလို့ ။ ခုဟာက ရှေ့နေတောင် ခေါ်ရဦးမယ်ဆိုတော့ လေးဖြူတစ်ယောက် တကယ် ပြောလို့ နေမှာပေါ့။တကယ်ပေးလို့ နေမှာပေါ့။လူတွေက မဟုတ်တာတွေ မပြောကြပါဘူး။ ဟုတ်တာထက် နည်းနည်းပိုတာပဲရှိတယ်။

    1. It is a wise decision to call a lawyer.
      Don’t face alone; it can be the plaintiff into accused.

  7. ကျွန်မတို့လဲ အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်
    ဒေါသလဲ အရမ်းထွက်ပြိး တစ်နေကုန် ပြောရက်လေချင်း ကိုလးဖြူ ရယ် ဆိုပြိး စိတ်မကောင်းပါဘူး
    ဒါတွေအားလုံးက ကျွန်မတို့အားလုံးကိုလေးဖြူကို အရမ်းချစ်လို့ပါ
    ကျေးဇူးပါပဲ ကိုလေးဖြူ

  8. စောင့်ကြည့်ကြပါအုံး…အရမ်းမဝေဖန်ကြပါနဲ့

  9. Everybody can vote any political party…..that is no fault to someone ….that mean Democracy..,but which of one must to vote for future development going to Democracy country.

  10. HI!

    LAY PHYU,
    u don’t forget people suggest u as a singer .i don’t want to tell u alot of matter.

    I am also get a degree from university of MDY .do u remember?

    just enough.

  11. လူတစ်ယောက်ဟာ သူယုံကြည်တဲ့ မည်သူ့ကိုမဆို မဲ ပေးပိုင်ခွင့် ရှိပါတယ် ကိုလေးဖြူဘယ်သူ့ကို မဲ ပေးသည်ဖြစ်စေ မပေးဘူးဖြစ်စေ ဒါဟာ သူ့ရဲ့ လွတ်လပ်ခွင့်တစ်ခုပါပဲ။ တစ်ခုတော့ရှိတာပေါ့လေ ကိုယ်ရွေးချယ်တာကို ကိုယ်တိုင်ပဲ ခံစား စံစား ရမယ်ဆိုတာပါပဲ။

  12. ဘာမှလုပ်မနေနဲ့၊ လေးဖြူ ကြံ့ဖွံ့ကိုမဲပေးတယ်ဆိုရင် မဲပေးကြောင်း သက်သေတစ်ခုခုပြလိုက်ပါ၊
    ခုကျတော့ တကယ်လား ဘာလား ခွဲခြားလို့မရဘူးဖြစ်နေတယ်။

Comments are closed.