News Yan Naung (Bo Ta Htaung)

Saya Myint’s paintings

ထူးခြားသော ပန်းချီကားများကို ရန်ကုန် လောကနတ် ခန်းမတွင် ပြသရန်နောင် (ဗိုလ်တထောင်)
နိုဝင်ဘာ ၂၂၊ ၂၀၁၃


 ပန်းချီဆရာမြင့်စံမြင့်၏ ပျံသန်းနေသောနံပါတ်များ ပန်းချီပြပွဲကို ရန်ကုန်မြို့ လောကနတ်ခန်းမတွင် နိုဝင်ဘာ ၂ဝ မှစတင်ကာ လေးရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ဆရာမြင့်အတွက် ယခုပွဲသည် ဒုတိယမြောက် တစ်ကိုယ်တော်ပြပွဲဖြစ်ပြီး ပြသထားသည့် ကားများသည် လောကကို သရော်ထားသော ပန်းချီကားများဖြစ်သည်။ ရပ်ရွာထဲတွင် လတ်တလော တွေ့နေရဆဲဖြစ်သော အနေအထားများကို ပုံဖော်ထားသည်ကို တွေ့ရသည်။

ပြပွဲမတိုင်ခင် ဖြန့်ဝေသော လက်ကမ်းစာစောင်ငယ်တွင် ပုံနှိပ်ဖော်ပြထားသော ဆရာမြင့်၏ ပန်းချီကားများမှာ အာခရိုင်းလစ်ကားများ ဖြစ်သည်။

အသက် ၄၈ နှစ် ရှိပြီဖြစ်သော ဆရာမြင့်သည် ရခိုင်ပြည်နယ် ဂွမြို့ဇာတိဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းဆင်းဖြစ်ပြီး ပန်းချီပညာကို ဆရာကြီး ဦးသိန်းဟန်၊ ဆရာကြီး ဦးလွန်းကြွယ်တို့ထံတွင် သင်ယူခဲ့ကြောင်း သိရသည်။


ကလင်ဒါကျ ဂဏန်းလေ
နက္ခတ်ပူး… ပါဝါပူး… ဒဲ့ပူး…

အာဖို့လဲမမေ့နဲ့
တစ်ကွက်ကောင်းမို့ ပုံအောလိုက်



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts