ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

Mobile Education
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၂၊ ၂၀၁၃

နွေရာသီအချိန်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ နွေရာသီကျောင်း ပိတ်ရက်ရှည်ကာလတွင် နယ်ဒေသရှိ ကလေးငယ်များ အင်္ဂလိပ်ဘာသာစကား ရေး/ဖတ်/ပြောဆိုနိုင်ရန် ရည်ရွယ်၍ သုခအလင်း နယ်လှည့်ပညာဒါန (Mobile Education)အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ကျွန်းဦး ခတ္တိယကျေးရွာ၊ ရွာလည်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသွားရောက်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခအလင်း ပညာဒါနတွင် သင်ကြားပို့ချပေးလျှက်ရှိသည့် ဆရာ/မများ၏ ကူညီပံ့ပိုးမှုဖြင့် နယ်လှည့်ပညာဒါနအဖြစ် နွေရာသီအင်္ဂလိပ်စာ 4 Skills သင်ကြားပို့ချမည် အစီအစဉ်အား တစ်ပါတ်လျှင် (စနေနေ့၊ တနင်္ဂနွေနေ့) နှစ်ရက် တစ်ညအိပ်အဖြစ် ၂ဝ၁၃ ခုနှစ် နွေကျောင်းပိတ်ရက်ရှည် (၃) လများမှစတင်၍ အကောင်အထည်ဖော် သင်ကြား ပေးလျှက်ရှိသည်။

 

 

 

၂ဝ၁၃ ခုနှစ်၊ မတ်လ (၉, ၁ဝ, ၂၃, ၂၄, ၃ဝ ရက်နေ့များတွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ကျွန်းဦးခတ္တိယကျေးရွာသို့ သွားရောက်ကာ နယ်လှည့်ပညာဒါနအဖြစ် သင်ကြားပေးပို့လျှက်ရှိသည်။ နယ်လှည့် ပညာဒါနအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခအလင်းပညာဒါနတွင် သင်ကြားပို့ချလျှက်ရှိသော  ဒေါ်ဧရာ မောင်မောင်(အုပ်ချုပ်ရေးမှူး)၊ ဒေါ်နီလာဘာရာဒွါဂျာ၊ ဒေါ်သီတာဝင်း၊ ဒေါ်မိုးမိုးစမ်း၊ ဒေါ်မြတ်မြတ်ဦး၊ ဒေါ်ကြည် ကြည်လွင်၊ ဦးဖြိုးဝေမင်း (ပြန်ကြားရေး)တို့မှ အလှည့်ကျသွားရောက်၍ ရွာလည် ဘ/ကကျောင်းရှိ ဆရာ/ဆရာမများ နှင့် အနီးပတ်ဝန်းကျင်ရှိ ကျောင်းသား/သူများ (၂၅ဝ) ဦးတို့အား နွေရာသီအင်္ဂလိပ်စာ (English 4Skills) သင်ကြား ပို့ချပေးခဲ့ပါသည်။ ထို့အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဖွင့်လှစ်ပို့ချခဲ့သည့် သုခအလင်းပညာဒါန၏ (English 4Skills)သင်တန်းအား တက်ရောက်သင်ကြားခဲ့သော မောင်ထက်မြတ်နိုင်၊ မခိုင်ဝတ်ရည်ထက် တို့မှ အတူတကွ လိုက်ပါ၍ ကူညီအားဖြည့် ပေးခဲ့ပါသည်။
(၃) ရက် (၃) ကြိမ်တိုင်တိုင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ကျွန်းဦးခတ္တိယကျေးရွာများသို့ သွားရောက် သင်ကြားပေးခဲ့ပြီး ၂ဝ၁၄ ခုနှစ် နွေရာသီအချိန်ကာလများတွင်လည်း အခြားအခြားသော နယ်ဒေသသို့ ယခုကဲ့သို့ နွေရာသီ (၃) လတိုင်တိုင် သုခအလင်းပညာဒါနမှ စေတနာလုပ်အားဒါနရှင် ဆရာ/ဆရာမများနှင့် ပူးပေါင်း၍ လိုက်လံသင်ကြားပို့ချ ပေးသွားမည်ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts