ဓာတ်ပုံသတင်း

Care For Children အဖွဲ့ ငါးနှစ်ပြည့်တဲ့ပွဲ

Care For Children အဖွဲ့ ငါးနှစ်ပြည့်တဲ့ပွဲ
တာရာဝေယံ၊ ရန်ကုန် ၂၅၊ ၃၊ ၂၀၁၂

Care For Children အဖွဲ့ ငါးနှစ်ပြည့်အထိမ်းအမှတ်အလှူပွဲကို ဒီနေ့နံနက် ၁၁း၃၀ နာရီမှာ ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ မင်္ဂလာရာမဘုရားကြီးတိုက်မှာရှိတဲ့ ပရဟိတဂေဟာမှာ ပြုလုပ်ခဲ့ပါတယ်။
ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာနဲ့ သံဃာတော်များကိုဆွမ်းကပ်
လှူခြင်း၊ ကလေးငယ်များနဲ့ ဧည့်သည်များကို နံနက်စာနဲ့ ကျွေးမွေးဧည့်ခံခြင်းတို့ ပြုလုပ်ပြီး တဲ့နောက်မှာ အခမ်းအနားကို စတင်ခဲ့ပါတယ်။ 

 

 အခမ်းအနားကို ကိုမင်းကိုနိုင်မှ အဖွင့်အမှာ စကားပြောကြား ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီ့နောက်မှာ Care For Children အဖွဲ့ရဲ့ လုပ်ဆောင်နိုင်ခဲ့မှုတွေကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကိုတက်ရောက်လာတဲ့ အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များကလည်း မိမိတို့ရဲ့ လုပ်ဆောင်ချက်များ၊ အတွေ့ အကြုံများကို မျှဝေခံစားကြရင်း၊ တီးခတ်ဖျော်ဖြေကြရင်း ရင်းနှီးနွေးထွေးစွာ ကျင်းပနိုင်ခဲ့ ပါတယ်။

  

မင်္ဂလာရာမ ပရဟိတဂေဟာမှာ အမိမဲ့၊ အဖမဲ့၊ မိဘနှစ်ပါးလုံးမဲ့တဲ့ ကလေးငယ် ပေါင်း ၆၃၉ ယောက်ရှိပြီး သူငယ်တန်းမှသည် ဘွဲ့ရသည်အထိ ပညာသင်ကြားပေးလျက်
ရှိပါတယ်။ ကလေးဦးရေများပြားလွန်းတဲ့အတွက် အလှူရှင်ရှိတဲ့နေ့မှသာ အသားဟင်းနဲ့ စားကြရပြီး ကျန်တဲ့နေ့တွေမှာတော့ ပဲကုလားဟင်း၊ ငံပြာရည်ကျော်တို့နဲ့သာ ကျွေးနိုင်ပေမယ့် တတ် နိုင်သမျှ
အကောင်းဆုံးရပ်တည်နိုင်ရေးအတွက် ဆရာတော်မှ ကြိုးစားဆောင်ရွက်လျက်
ရှိကြောင်း ဒကာတစ်ဦးရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts