ဓာတ်ပုံသတင်း

Burmese Writers Union – မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ ဖြစ်မြောက်ရေးကော်မီတီဖွဲ့စည်းရေး အခမ်းအနားကျင်းပ

မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ ဖြစ်မြောက်ရေးကော်မီတီဖွဲ့စည်းရေး အခမ်းအနားကျင်းပ
တာရာဝေယံ၊ မတ် ၂၅၊ ၂၀၁၂၊ ရန်ကုန်
မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂဖြစ်မြောက်ရေးကော်မီတီ ဖွဲ့စည်းရေးအခမ်းအနားကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း၊ အထက်ဘလောက်မှာရှိတဲ့ ပန်းဆိုးတန်း ပန်းချီပြခန်းအပေါ်ထပ်မှာ ယမန်နေ့ နေ့လည် ၂ နာရီက ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို စာပေအသိုင်းအ၀ိုင်းက လူ ၅၀ ကျော် တက်ရောက်ခဲ့ပြီး သမဂ္ဂဖြစ်မြောက်ရေးကော်မီတီ (ယာယီ)ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ အခမ်းအနားမှာ အခမ်းအနားမှူးအဖြစ် ကိုလင်းထင်က ဆောင်ရွက်ခဲ့ပြီး သဘာပတိအဖြစ် စာရေးဆရာ ထက်မြက်က ဖြစ်မြောက်ရေးကော်မီတီ ဖွဲ့စည်းရေး ပေါ်ပေါက်လာခဲ့ပုံကို ရှင်းလင်း တင်ပြခဲ့ပါတယ်။
သမဂ္ဂရဲ့ ယာယီကော်မီတီအနေနဲ့ ဥက္ကဋ္ဌ (ဦး) ထက်မြက်၊ အတွင်းရေးမှူးအဖွဲ့ ကိုလင်းထင်၊ ကိုထွန်းဝင်းငြိမ်း၊ ကိုခင်မောင်ဇော်နဲ့ အမှုဆောင် ၂၀ ကျော်ကို တက်ရောက်သူများ ဆန္ဒအရ ရွေးကောက်တင်မြှောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts