ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

ဝေဟင်ထဲက ကုသိုလ်
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၄၊ ၂၀၁၃

၂.၄.၂ဝ၁၃ ရက်နေ့တွင် Air KBZ Ltd. လေယာဉ်စတင်ပျံသန်းခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လူနာတင်ယာဉ် ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ပိုမိုထိရောက်စွာ ကူညီနိုင်ရန်အတွက် Air KBZ လေကြောင်းလိုင်းမိသားစုနှင့် ခရီးသွားပြည်သူများ တို့၏ လေယာဉ်လက်မှတ်တစ်စောင်လျှင် (၇ဝဝ) ကျပ်နှုန်းအား လူမှုရေးလုပ်ငန်းများအတွက် ရန်ပုံငွေစု ဆောင်းထားရှိပြီး Air KBZ Ltd. လေကြောင်းလိုင်းခရီးစဉ်ပျံသန်းခြင်း (၂) နှစ် ပြည့်အထိမ်းအမှတ်၌ လူနာ တင်ယာဉ်တစ်စီးအား ဝယ်ယူနိုင်ခဲ့ပြီး သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယင်းအခမ်းအနားတွင် Air KBZ Ltd. လေကြောင်းလိုင်းမိသားစုမှ Managing Director ဦးမိုးဆန်း အောင်နှင့် Air KBZ မှဝန်ထမ်းများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အလုပ်အမှု ဆောင်များ၊ အသင်းသူ/သားများနှင့် ဖိတ်ကြားထားသော မီဒီယာများ အသီးသီး တက်ရောက်ခဲ့ကြသည်။ အခမ်းအနားမှူးအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသူ မနန်းခင်ဇေယျာမှ ကူညီဆောင်ရွက် ခဲ့ပြီး တွဲဖက်အတွင်းရေးမှူး ဒေါ်ဧရာမောင်မောင်မှ နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ Air KBZ လေ ကြောင်းလိုင်းမိသားစုမှ Managing Director ဦးမိုးဆန်းအောင်မှ လှူဒါန်းမှုနှင့်ပတ်သက်၍ ပြောကြားခဲ့ရာ “Air KBZ လေကြောင်းလိုင်း (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကမ္ဘောဇဘဏ် ဥက္ကဌ ဦးအောင်ကိုဝင်းနှင့် Chairperson ဒေါ်နန်းလှိုင်ခမ်း တို့၏ အစီအစဉ်ဖြင့် ယခုကဲ့သို့ လူနာတင်ယာဉ်လှူဒါန်းရခြင်းဖြစ်ကြောင်း၊ Air KBZ လေကြောင်းလိုင်းအနေဖြင့် လေကြောင်းလိုင်း စတင်ပျံသန်းသည့် အချိန်မှစ၍ လေယာဉ်လက် မှတ် တစ်စောင်လျှင် (၇ဝဝ) ကျပ်နှုန်း သတ်မှတ်စုဆောင်း၍ လူမှုအကျိုးပြုလုပ်ငန်းများနှင့် အခြားသော သစ်ပင်စိုက်ပျိုးသည့် အစီအစဉ်များ အမှိုက်ကောက်သည့် သန့်ရှင်းရေးအစီအစဉ်များ ပြုလုပ်၍ Air KBZ လေကြောင်းလိုင်းနှင့် ခရီးသွားပြည်သူတို့၏ကောင်းမှုအဖြစ် ယခုကဲ့သို့ လူနာတင်ယာဉ်လှူဒါန်းသည့် အစီ အစဉ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း” ပြောကြားသွားခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ကျေးဇူးတင်စကားပြောကြားရာတွင် “ယခု Air KBZ မိသားစုမှ လူနာတင်ယာဉ် လှူဒါန်းမှုကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် အများပြည်သူတို့၏ ကျန်းမာရေးနှင့် ပတ် သက်သောကိစ္စများကို ပိုမိုကူညီပေးရတော့မည်ဖြစ်ပါကြောင်းနှင့် ယခု Air KBZ မှ လှူဒါန်းသော လူနာ တင်ယာဉ်တစ်စီး အပါအဝင် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လူနာတင်ယာဉ် စုစုပေါင်း (၄) စီးရှိပြီ ဖြစ်၍ ကားများ၏ စက်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ လူနာတင်ယာဉ်ပေါ်တွင် လိုက်ပါကူညီကြမည့် အသင်းသား/သူများတို့သည် အရေးပေါ်ကယ်ဆယ်ရေး (ရှေးဦးသူနာပြုစုနည်းသင် တန်း) တက်ရောက်ထားသော အဖွဲ့ဝင်များအား ကျစ်လစ်ခိုင်မာစွာ ဖွဲ့စည်းပြီးဖြစ်၍ မိဘပြည်သူတို့အား စနစ်တကျ ကူညီပေးနိုင်တော့မည်ဖြစ်ပါကြောင်းနှင့် Air KBZ လေကြောင်းလိုင်းမိသားစုနှင့် ခရီးသွား ပြည်သူအပေါင်းတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း” ပြောကြားသွားခဲ့ပါသည်။ ထို့နောက် လူနာတင် ယာဉ်နှင့်ပတ်သက်သော စာရွက်စာတမ်းများအား Air KBZ လေကြောင်းလိုင်းမိသားစုမှ Managing Director ဦးမိုးဆန်းအောင်မှ ပေးအပ်ခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ လက်ခံရ ယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
Air KBZ လေကြောင်းလိုင်းမိသားစုနှင့်အတူ Air KBZ လေကြောင်းလိုင်းအား စီးနင်းလိုက်ပါ အား ပေးကြသော ခရီးသွားပြည်သူတို့၏အလှူငွေများဖြင့် လှူဒါန်းခဲ့သော လူနာတင်ယာဉ်ဖြင့် ရန်ကုန်မြို့နှင့် အနီးဝန်းကျင်ရှိ အများပြည်သူတို့၏ ကျန်းမာရေးနှင့် အရေးပေါ်ကိစ္စရပ်များတွင် အချိန်နှင့်တပြေးညီ ကူညီ နိုင်တော့မည်ဖြစ်သည်။ Air KBZ လေကြောင်းလိုင်းနှင့်အတူ ဝေဟင်ခရီးသွားနေကြသော ခရီးသွားပြည် သူအပေါင်းတို့အား အထူးကျေးဇူးတင်ရှိကြောင်းနှင့် ကမ္ဘာပြည်သူ/သား မြန်မာပြည်သူ/သားတို့မှ သာဓု .. သာဓု .. သာဓု အကြိမ်ကြိမ် ခေါ်ဆိုလိုက်ရပါတော့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts