မိုးမခကို ပေးတဲ့စာ

Suu not welcome – သင်းချိုင်းကုန်းနဲ့ သောင်ပြင်မှာတောင် လူထုဟောပြောပွဲ လုပ်လို့မရဘူးလား

မိုးမခမိတ်ဆွေ (မြေလတ်)။ မတ် ၂၁၊ ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည် ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မကွေး ခရီးစဉ်ကို မတ်လ ၂၇ မှာ မော်တော်ယာဉ်တန်းဖြင့် သွားမည်လို့ ပြောပါတယ်။ ညောင်ဦးကိုတော့ လေယာဉ်နဲ့ လာမယ်လို့ ဆိုပါတယ်။ မကွေးမှာ ဟောပြောစည်းရုံးခွင့်ရဖို့ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုချက် မပေးဘူးလို့ ကြားနေရပါတယ်။ သင်းချိုင်းကုန်းမြေကွက်လပ်တွေမှာ ဟောလို့ ရမယ်လို့ ကော်မရှင်က လက်လွတ်စပယ်ပြောတယ်လို့လည်း ဆိုကြတယ်။ ၀န်ထမ်းတွေကိုလည်း အဲသည်နေ့ အစည်းအဝေးလုပ်ပြီး ရုံးမှာ နေရမယ်လို့ ပြောသံကြားတယ်။ သောင်ပြင်မှာ လုပ်မှာစိုးလို့ သောင်ပြင်တခုလုံးကို သောင်တူးစက်နဲ့ တူးဆွထားတာကလည်း မွနေ ပလဲနေတာပဲဗျာ။
 အခုပေးပို့လိုက်တဲ့ အမတ်လောင်းတွေရဲ့ မဲဆွယ်လက်ကမ်းစာရွက်တွေပါ။ တဆညပါတီအမတ်လောင်းနဲ့ အင်န်အယ်ဒီအမတ်လောင်း ၂ ဦးရဲ့ ဘ၀ဖြတ်သန်းမှုတွေကို နှိုင်းယှဉ်ကြည့်ကြပါ။ တိုင်းပြည်အတွက် စွန့်လွှတ် စွန့်စား အလုပ်လုပ်မယ့် တိုက်ပွဲဝင်မယ့် အမတ်လောင်းက ဘယ်သူလဲဆိုတာ ထင်ရှားပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “Suu not welcome – သင်းချိုင်းကုန်းနဲ့ သောင်ပြင်မှာတောင် လူထုဟောပြောပွဲ လုပ်လို့မရဘူးလား
  1. တိုင်းပြည်မှာပြည်သူလူထုတွေ ဘာတွေဘဲကောင်းတာတွေလုပ်လုပ် ဘာတွေဘဲတင်ပြ ခွင့်ပြုမိန်.တောင်းတောင်း အာဏာပိုင်တွေကတော့ ခွင့်မပြုဘူး။သူတို.တွေက နိုင်ငံခြားတိုင်းပြည်က ပိတ်ဆို.အေ၇းယူလို. ပြည်သူပြည်သားတွေ စီးပွားေ၇းချွတ်ခြုံကျ ငတ်မွတ်တယ်လို.ဂေ၇ာင်ဂတန်းနဲ.အော်နေတယ်။သူတို.လူတစုကိုထိခိုက်နေတာကိုး။အမှန်တော့ ပြည်သူပြသား၇ဟန်းများ ငတ်မွတ်ချွတ်ချုံကျ၇တာဟာ ပြည်သူပြည်သား၇ဟန်းများ၏ လိုအင်ဆန်ဒတွေကို ခွင့်မပြုလို. ပိတ်ဆို.နေလို.တာ ယခုလိုချွတ်ခြုံကျနေ၇ခြင်း၇ဲ.အဓိကအကြောင်း၇င်းဘဲဖြစ်တယ်။အဲဒီတော့ ပိတ်ဆို.မှုကိုအမှန်တကယ်လုပ်ဆောင်နေသူဟာ နိုင်ငံခြားတိုင်းပြည်လား လက်ရှိအုပ်စိုးနေသူအာဏာပိုင်တွေလား ဆိုတာ ပြည်သူတွေခွဲခြားသိဖို.လိုပါတယ်။ဒီစာကိုေ၇းပြီး ၇န်ကုန်မြို.ထဲ ကျုပ်လျှောက်သွားနေ၇င် စိတ်တဇဆေး၇ုံ အပို.ခံမှာ ကြောက်မိသေး။

  2. Photograph all those things.

    and complain to election committee and international community.

    complain.
    complain.
    don’t stay quiet.

    Nyein Ma Khan Neth.
    Ma Kyauk Neth.

  3. ညစ်ပတ်လိုက်ကြတာ ကမ်းကုန်နေပါပြီဗျာ။
    ညစ်ပတ်သမျှကို လူမသိအောင် အင်တာနက်တွေကိုလည်း မနှေး၊ နှေးအောင်လုပ်ထားတယ်။ ၆သိန်းပေးပြီး ၀ယ်ထားတဲ့ Red Link က အဆိုးရွားဆုံးပဲ။ နှေးရုံတင်မဟုတ်ဘူး လိုင်းတော်တော်များများကိုလည်း ပိတ်ထားသေးတယ်။ အခု ဖုန်းလိုင်းနဲ့ကမှ အဲဒီ Red Link Brod band ထက် အများကြီး အဆင်ပြေသေးတယ်။ ဘာဖြစ်လို့ သူတို့တွေကပါ ၀ိုင်းပြီး ညစ်ပတ်နေကြတာလဲ။ တိုင်းပြည်ကို ဘာလို့ ရက်ရက်စက်စက် သောက်ဂရုမစိုက်တာလဲဗျာ။ ထောင့်ပေါင်းစုံ၊ နေရာပေါင်းစုံက ညစ်ပတ်နေကြတဲ့ လူတွေရဲ့ စိတ်ဓာတ်က တိုင်းပြည်ကိုဘယ်လို တိုးတက်စေနိုင်မှာလဲ။ တော်တော်စိတ်ကုန်ဖို့ကောင်းတယ်။

  4. ဒို့ မကွေးနယ်သားတွေ လူရာဝင်ဘို့ ဒို့နယ်သားဒို့နယ်သားဦးလှမြင့်ကိုပဲ မဲပေးစို့တဲ့
    ရယ်စရာပဲ မကွေးနယ်သားတွေပဲလား၊လူရာဝင်တယ်ဆိုတာဘာလဲ၊ မြန်မာတစ်နိုင်ငံလုံး တိုးတက်ဖို့မဟုတ်လား ၊ ဒါလား ဒီမိုကရေစီ ။ ဒီလိုစိတ်ဓာတ်မျိုးနဲ့အမတ်လောင်းဝင်ရွေးမှာလား ။အရှက်မရှိဘူး။

Comments are closed.