ဓာတ်ပုံသတင်း မျက်မှောက်ရေးရာ

ဒေါ်အောင်ဆန်းစုကြည် လားရှိုးမြို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ် – NLD campaign in Lashio

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles


Burma VJ Media Network ဓာတ်ပုံနှင့် ရုပ်သံ
မတ် ၁၇၊ ၂၀၁၂

 

NLD လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းမြင့်မောင်


NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လာရှိုးမြို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ် မှတ်တမ်းများ ဖြစ်သည်။
ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က စိုင်းမြင့်မောင်အား မဲပေးကြရန် ဒေသခံ ပြည်သူလူထုကို စည်းရုံးခဲ့သည်။








မူရင်း- http://www.burmavjmedia.net/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဒေါ်အောင်ဆန်းစုကြည် လားရှိုးမြို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ် – NLD campaign in Lashio
  1. တိုင်းပြည်သူ ပြည်သားများ၏ အမေစု(NLD)

    1. လားရှိုးကိုအမေစုလာမယ်ဆိုလို့ ကျွန်တော်တို့ မူဆယ်သားတွေ ၀မ်းသာအားရနဲ့ လာရှိုးကိုဆင်းချသွားကြတယ်။ လူမှာမောလို့လေ။ဒါပေမယ့် အမေစုနဲတွေ့ဖို့ ကိုယ်တယောက်ပဲဖြစ်ဖြစ် အမေစုကိုထောက်ခံတဲ့သူတယောက်အဖြစ်လူထုထဲပါချင်တာပေါ့နော်။ဒါပေမယ့်ဗျာ ကိုယ့်မှာအမောတကောနဲ့ သွားပေမယ့်ရင်ဝဆောင့်အကန်ခံရသလိုပဲ။လားရှိုးက စိုင်းမြင့်မောင်ရှိတဲ့ NLDရုံးကိုသွားတွေ့တယ် ။မူဆယ်ကနေလာကြတဲ့ လူငယ်လေးတွေပါ အဖွဲ့သစ်ဖွဲ့ဖို့ ဘယ်လိုလုပ်ရမလဲမေးကြဖို့ပါ။ ဦးထွန်းအိမ်ကတော့ လေးလေးစားစားနဲ့ရှင်းပြပါတယ် ။စိုင်းမြင့်မောင်ကတော့ သူ့နဂိုဟန်ထင်ပါရဲ့မပွင့်တပွင့် တိုးတိမ်တဲ့လေသံနဲ့ အားရဟန်မပြ တုံနိဘာဝေနဲ့။မထုံတက်တေး။ဒေါ်စုဟောမယ့်ကွင်းထဲဝင်ဖို့ပြောတော့ သူတောင်ဘယ်လိုဝင်ရမှန်းမသိဘူးတဲ့လေ။နောက်စရာလားဗျာ။ လူငယ်တွေ မျက်နှာ သေလေးတွေနဲ့။နောက်နေ့ ဒေါ်စုကိုလေဆိပ်ကကြိုပြီးအပြန်ကျတော့ ခြံထဲပြန်ဝငဖို့ မူဆယ်က NLDတယောက်ကိုပေးမ၀င်ဘူး။သူက၈၈ကရန်ကုန်မှာ အမေစုတို့နဲ့ ခြံထဲမှာလုပ်ခဲ့ဖူးတဲ့သူ။ဒါလည်း မရ။ဦးသန်ဌေးလာကြညြ့်ပြီး ခတ်တည်တည်ပြန်ထွက်သွားတယ်။ တခါစိုင်းမြင့်မောင်ကမူဆယ်ကဒီလူကိုသိတယ် ပေးမ၀င်ဖူး။ ကဲ သူတို့နဲ့တွေ့ဖို့လာတာမဟုတ်ဖူး အမေစုကိုလည်း ၀င်တွေ့ဖို့မဟုတ်ဖူး မူဆယ်ကတဖွဲ့လုံးအထဲမှာရှိနေတယ် ၀ိုင်းပြောလည်းမရ။ထားပါတော့ လုံခြုံရေး။စိုင်းမြင့်မောင်ကိုယ်တိုင်သိပါရက်နဲ့ ခတ်တည်တည်ပဲ လှည့်ထွက်သွားတယ်။ ဘာလဲဟ နအဖစစ်အစိုးရလုပ်တဲ့ဂိုက်မျိုးနဲ့ လားရှိုးက လွှတ်တော်ကိုယ်စားလှယ်ချိုးနေပြီ။ ဒေါ်စု သိန်းနီရောက်တော့ ရွာကရှမ်းမလေးကဓါတ်ပုံဆရာမကအမေစုကိုပြေတယ် ။ လားရှိုးခရိုင်မှာ ရွာပေါ့င်း၃၃ရွာရှိတယ် ကျန်တဲ့ကျားဖြူ ၊ကြံ့ဖွတ်တွေရွာတွေအားလုံးလာ စည်းရုံးရေးဆင်းသွားပြီးပြီ။ ရွာကအဖွားတွေက ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ဒေါ်စုပုံပြပြီူးဘယ်တော့လာစည်းရုံးကြမလဲခို့မေးသတဲ့ ဒေါ်စုက ချက်ခြင်းပဲ ဒါ လွှတ်တော်ကိုယ်စားလှာ်လုပ်မယ့်သူက ပေါ့လျော့တာပဲ ကျွန်မ၀မ်းနည်းတယ်လို့ ပြောတယ်။ စိုင်းမြင့်မောင်ကမထုံတက်တေး။ဒေါ်စုကို၃ရွာပဲ ဆင်းရသေးတယ်တဲ့။ရွေးကောက်ပွဲက ၂ပတ်တောင်မလိုတော့ဖူး။ဒ်ါစု လားရှိုးမှာ သူ့အတွက်တရားဟောနေတော့ သူက အမေစုဘေးကပ်ရပ်နေလို့ လူတွေ ၀ိုင်းအော်ပြီးဖယ်ခိုင်းရတဲ့ထိပဲ အမေစုက ကဲစိုင်းမြင့်မောင်နောက်ဆုတ်ပေးလိုက်ပါလို့ပြောယူရတဲ့ထိ အလိုက်ကမ်းဆိုးမသိတဲ့သူ။ဒါတောင်ရှေ့နေနော်.ဒီလူက အမတ်မဖြစ်သေးဖူး လူတွေကိုမောက်မောက်မာမာနဲ့ မထုံတေးနဲ့ နအဖ ဗိုလ်ချုပ်တွေ စတိုင်ဖမ်းနေတယ် ကြည့်လုပ်ပါဦး အမေစုရေ။ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ကိန်းဆိုက်နေပြီ အမေစု။မူဆယ်ကလူငယ်တွေက အမေစုကိုထောက်ခံဖို့ အမေစုမျက်နှာနဲ့ပဲ အောင့်အီးသည်းခံပြီးပြန်သွားကြရတယ်လေ။ဒီလူတွေ အမတ်ဖြစ်လို့ကတော့ မလွယ်ပါ။

Comments are closed.