မျက်မှောက်ရေးရာ သတင်းပဒေသာ

ဗိုလ်ချုပ်အောင်ဆန်းပုံ မချိတ်ရန် ရေတပ်တွင် သတိပေး တားမြစ်

 

မိုးမခအထောက်တော် အမှတ် ၀၀၇
မတ် ၁၄၊ ၂၀၁၂

ဗိုလ်ချုပ်အောင်ဆန်းပုံကို နေအိမ်များတွင် မချိတ်ရန် စစ်သားများကို ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်ရှိ ဒုတိယဗိုလ်မှူးကြီးဇော်ဝင်းထွန်း ဆိုသူက ပြောဆို သတိပေးကြောင်း Youtube တွင် တွေ့ရသော ရုပ်သံဖိုင်အရ သိရသည်။

ထိုရုပ်သံဖိုင်မှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံမေးမြန်းထားသည်ဟု ယူဆရသည့် လူငယ်စစ်သည်တဦးနှင့် ဆက်သွယ်မေးမြန်းခန်း မှတ်တမ်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်အကျီင်္ ၀တ်ဆင်ခြင်း မပြုရန်လည်း သတိပေးထားသည်ဟု ဆိုသည်။

ရေတပ်စခန်းတခုသို့ ကာကွယ်ရေးဦးစီးချုပ်ကြီး ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် သွားရောက် စစ်ဆေးစဉ် အဆိုပါ ဒုတိယဗိုလ်မှူးကြီးက ပြောဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။

Youtube တွင် စစ်သည်၏ အမည်၊ တွေ့ဆုံမေးမြန်းသည့် နေရာကို ဖော်ပြထားခြင်း မရှိချေ။

စစ်သည်၏ ပြောကြားမှု ကောက်နုတ်ချက်

“ဒုတိယဗိုလ်မှူးကြီးဇော်ဝင်းထွန်းက ပြောတာ၊ ဒီအခန်းထဲမှာ ဒုတိယဗိုလ်မှူးကြီးတွေ ထိုင်ခိုင်ပြီးတော့ မင်းကို ငါမေးမယ် တဲ့၊ မင်းက ရဲဘော်၊ ဒုတိယဗိုလ်မှူးကြီးပြောတဲ့စကားနဲ့ မင်းပြောတဲ့စကား ဘယ်ဟာ အရာရောက်မယ် ထင်လဲ တဲ့။ မင်းလည်း ပြောချင်ရာပြော၊ ငါတို့လည်း ရေးချင်သလို ရေးပြီး အမိန့် ချချင်သလို ချမယ် တဲ့။ မင်းကို ဒုတိယဗိုလ်မှူးကြီး (တွေ စုပြီးတော့မှ) မင်းကို ထောင်အနှစ် ၇၀ လောက် ချပစ်လို့ ရတယ် တဲ့။ နိုင်ငံရေးလုပ်လို့ တဲ့။ ကျနော်တို့ လုပ်တာ နိုင်ငံရေး တခုမှ မပါဘူး။ ဘယ်ပါတီနဲ့မှ အဆက်အသွယ် မလုပ်ဘူး။ ၂၈ ရက် ပြည့်တဲ့အချိန်မှာ ကျနော့်ကို အချုပ်ထဲက လာထုတ်တယ်၊ ကျနော့်ကို သင်္ဘောမှာ အကန်အသတ်မရှိ (လေဘာ) လျှော့တယ်။ —

ကာကွယ်ရေးဦးစီးချုပ်ကြီး ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်ကို လာစစ်တယ်၊ တန်းစီပြီး စကားပြောတယ်၊ တန်းစီပြီး စကားပြောတဲ့အချိန်မှာ ဒုတိယဗိုလ်မှူးကြီးဇော်ဝင်းထွန်းက ဘာပြောလဲ ဆိုတော့ အိမ်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ မချိတ်ရဘူး တဲ့၊ ချိတ်ရင် လိုင်းကနေ နှင်ထုတ်မယ် တဲ့။ ရဲဘော်တွေကို လိုင်းထဲကနေ နှင်ထုတ်တော့ ဘယ်နားသွားနေမလဲ။

(ချိတ်တဲ့လူ) အများကြီး ရှိတယ်။ ကျနော့်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းအင်္ကျီ ဘုရားပွဲဈေးက ၀ယ်တာ။ ထောင့်ငါးရာပဲ ပေးရတယ်။ အဲဒီ အင်္ကျီ ကျနော် ၀တ်တယ်။ ကျနော့်ကို မ၀တ်နဲ့ တဲ့။ ကျနော် ပိုက်ဆံပေးပြီး ၀ယ်ထားတာလေ။ ထောင့်ငါးရာပေးပြီး ၀ယ်ထားတာလေ။ သူတို့ ပေးရတာ မဟုတ်ဘူး။ ဒုတိယဗိုလ်မှူးကြီးဇော်ဝင်းထွန်းပဲ၊ သူပဲ ပြောတာ။

ကျနော် ဇန်န၀ါရီလ လစာ မရဘူး၊ ဖေဖော်ဝါရီလ လစာ မရဘူး”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

28 thoughts on “ဗိုလ်ချုပ်အောင်ဆန်းပုံ မချိတ်ရန် ရေတပ်တွင် သတိပေး တားမြစ်
  1. အဲဒီလိုပြောတဲ့ဒုတိယဗိုလ်မှုးကြီးဟာလွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့
    ဖြူစင်တဲ့တိုင်းပြည်ချစ်စိတ်၊ရိုးသားတဲ့ရိုးဂုဏ်တွေနဲ့ဘယ်လိုမှနိုင်းယှဉ်လို့မရအောင်
    နိမ့်ကျနေသူလို့မြင်မိပါတယ်။ဗိုလ်ချုပ်အောင်ဆန်းရဲ့ခြေထောက်ကမြူမှုန်လောက်မှ
    တန်ဘိုးမရှိသူလို့ထင်တယ်ဗျာ။

  2. ဟုတ်ကဲ့။မှတ်သားလောက်ပါပေတယ်..သမိုင်းမော်ကွန်းနဲ့မှတ်ကျောက်တင်လောက်ပါတယ်ဒုဗိုလ်ချုပ်ကြီး ဇော်ဝင်းထွန်းရှင်…….တို့ဗိုလ်ချူပ်အောင်ဆန်းကမစားပဲစွန့်ခဲံ့လို့…..မင်းတို့တွေကမစွန့်ပဲစားနေရတာကွ…….တို့ဗိုလ်ချူပ်သေတဲ့အခါမင်းတို့လိုဗိုက်ရွဲမနေဖူး……အော်..တရားကျဖို့ကောင်းလိုက်တာ။

  3. ကိုယ့်လစာနဲ့ ကိုယ်ဝယ်တဲ့ အရပ်သားဝတ်စုံအပေါ်မှာတော့ မကန့် သတ်သင့်ဘူးလို့ ထင်ပါတယ်၊

  4. ကျနော်တို့ တွေဟာ ကဘာ့အပြင်ကသူတွေမဟုတ်ပါဘူး နိုင်ငံတကာအခြေအနေနဲ့  ကျနော်တို့ ဘယ်လို သဟဇာတဖြစ်အောင်လုပ်မယ် ပြီးရင် သိတ်မကွာတဲ့ ချိန်ခွင်လျာမှ တရွေးလောက်အသာရသွားတာနဲ့  တိုးတက်လာမယ့်အပြောင်းအလဲတွေကို ယူနိုင်တဲ့ အခွင့်အရေးတွေ ကျနော်တို့ ပြည်ထောင်စုမှာ ရှိတယ်ဆိုတာ စစ်ခေါင်းဆောင်တွေမြင်ကြပါလို့  ဆုတောင်ပေးပါတယ်၊

  5. အေးရေတပ်မှာ ပုံမချိတ်ရတာချိတ်ရတာပဲစိတ်ဝင်စားနေကျ ကိုယ့်နိုင်ငံတော်ပါသွားတာကို ဘယ်နိုင်ငံရေးသမားစိတ်ဝင်စားလည်း မြန်မာလှည့်ပြောနေတဲ့ဒေါ်စု ကမ္ဘာကိုတခါပြောခဲ့ဖူးလား ကိုယ့်တိုင်းပြန်အတွက်ကို ပြန်စဉ်းစားဦး …

    1. @ Wai Yan,
      Burma will not be anyone’s, but China’s as your bloody militarymen are selling it to China. We are not selling our beloved country to anybody, but we are just claiming our own rights…. Your bloody ministers who are also from military are selling it out to China, for instnace, Myint Sone Dam Project which is still on the margin, right? BTW, did you sign for Myint Sone Signature Campaign?? If not, Keep quiet, you bloody idiot!!!

    2. Daw Su is not ruling the country yet. She is not even in parliament. She has not gotten any control over on it. How can she be involved with such things? The goveremnt is the one responsible not her. It’s a shame that you can come out with such comment.

    3. လုပ်ပိုင့်ခွင့်/တားပိုင့်ခွင့် အာဏာကဘယ်သူဆီမှာလဲ။
      ဒေါ်စုကလွတ်တော်ထဲမရောက်သေးဘူး။
      ဒါကြောင့် NLD ကို မဲပေးသင့်တာ………………..

  6. ဒီလိုအကျင့်ပျက် အောက်တန်းကျတဲ့ စစ်ဗိုလ်တွေရှိနေလို့ တို့တပ်မတော်ဟာ ဂုဏ်သိက္ခာပြည့်စုံတဲ့
    တပ်မတော်မဖြစ်လာတာ..ကျန်..စိတ်ဓါတ်ကောင်းတဲ့ စစ်ဗိုလ်တွေအတွက်လည်းနှစ်နာတယ်….
    ကိုယ့်တိုင်းပြည်ရဲ့လွတ်တပ်ရေး ဖခင်..တပ်မတော်ရဲ့ဖခင်ကိုစော်ကားတဲ့စစ်ဗိုလ်…မင်းလိုကောင်းမျိုး
    အသေဆိုးနဲ့သေမယ်…သတိထားနေ…

  7. ရဲဘော်တို့ရေ ကိုယ့်သေနတ်ပြောင်းကိုသာ ကိုယ်ပြောင်အောင်တိုက်ထား၊
    ကိုယ့်ကျည်ဆံ ကိုပြန်ဖျောင်ထား၊
    အကွက်ဝင်အလှည့်ကျရင် တိုင်းပြည်နဲ့ လူမျိုးအတွက် အသုံးချလိုက်။

  8. ကိုယ့်ကိုမွေးလာတဲ့အဖေတောင်မေ့သွားပြီဆိုတော့လွန်တာပေါ့။ ပထွေးစကားနားထောင်မယ်ဆို၇င်တော့ မင်းအောင်လှိုင်ေ၇မင်းလဲအ၀ိစိသွားကာနီးပြီ။

  9. The president-U Thein Sein had rights to hang Bo Joke Aung Sann’s Photo in his office but why didn’t this soldiers has rights to hang Bo Joke Aung Sann’s Photos in their house?

    1.ံသိန်းစိန်တို့ ဒေါစုကိုနပေါက်တပေါက်၇ိုက်လိုက်တာဖြစ်မှာပေါ့။ဒီကောင်တွေဘယ်တုန်းကယု၇လို့ လဲ။

  10. သခင်အား၇ကျွန်ပါးဝလုပ်နေကျ အကျင့်တွေကတော့တသက်ပျောက်တော့မယ်မထင်ပါဘူး
    မြန်မာတပြည်လုံး၇ဲ့ဖခင်၊မြန်မာတပြည်လုံးရဲ့ကျေးဇူးရှင်ပုံကို ချိတ်တာ ဘယ်ပုဒ်မ ဘယ်ဥပဒေနဲ့ညိစွန်းသလဲ
    မတ၇ားဖိနှိပ်တာတွေ၇ပ်တန်းက၇ပ်ဖို့ကောင်းပါပြီ ကံကြမ္မာဆိုတာအချိန်မေ၇ွးအထက်အောက်ပြောင်းသွားနိုင်တယ်ဆိုတာစစ်ခေါင်းဆောင်များသတိပြုမိစေချင်ပါရဲ့

  11. I think he(Wai Yan) is from Military Area, so he said this such things. All of your fathers have been selling our country to your new father, China. Don’t complain to other Demo leaders. Very Stupid man!!!!!

  12. Look!! Every one has the right to do whatever they want to wear or keep in their house. They have no right to control such things like that… If they are really want to change to a democratic country, they should allow the soldiers to do anything even being involved in democracy movements…Soldiers also have the same right with other civilians. There shouldn’t be any segregation between anybody… I agree with U Thiha Tint Swe. Look at the photo of Daw Su and Thein Sein in which background is Bogypke Aung San’s picture, so what is the point?? Thein Sein can do, but ordinary solider cannot?? Is it BURMESE MILITARY WAY TO DEMOCRACY????? BTW, we have suffered too much from so-called, ‘Burmese Way to Soicalism’ which brought down our rich country to a poor one……

  13. ခွေးလောက်မှ အသိစိတ်မရှိတဲ ကောင်တွေ။ အဲ့ဒိကောင်တွေမြန်မြန်ပြုတ်ပါစေ။

  14. တပ်မတော်ထဲမှာအမှန်တရားနဲ့လူ့အခွင့်ရေးတွေ
    မြန်မြန်ဖြစ်ပေါ်လာဖို့
    အမေစုကိုအားပေးကြပါ။
    ဘာပဲဖြစ်ဖြစ်အတိုက်ခံရှိမှတိုးတက်မယ်။
    လမ်းမှန်ရောက်မယ်။
    အမေစုကတော့သမိုင်းကြောင်းလည်းသန့်တယ်။
    လုပ်ဆောင်ချက်တွေကလည်းအဆင့်တန်းရှိတယ်။
    စိတ်စေတနာကလည်းဖြူစင်လွန်းတယ်။
    သီးခံစိတ်ကလည်းဘယ်သူနဲ့မှမတူ..
    ရိုးသားတဲ့ကြိုးစားမှုနဲ့ပြည်သူတွေကိုကယ်တင်ချင်သော
    စိတ်စေတနာတခုတည်းဖြင့်
    သူ့အကျိုးသူကြည့်သူမဟုတ်ပါ။
    လူတိုင်းဟာကိုယ့်အကျိုးစီးပွါးကိုယ်ကြည့်ကြတာများတယ်။
    ဒီအထဲမှာအမေစုကတမူထူးခြားလွန်းတယ်။
    ဒါကိုမြင်တက်ရင်ဘုရားပေးတဲ့ဆုတခုပဲ…
    အသုံးချတက်ဖို့လိုတယ်။
    တပ်မတော်သားများသိထားသင့်တာက
    ဒို့တိုင်းပြည်အတွက်အသက်ပေးပြီးတပ်မတော်ကြီးကိုတည်ထောင်
    ခဲ့သူရဲ့သမီး..ဒီသမီးဟာဖခင်မဲ့ဘ၀ကိုဖြတ်သန်းလာခဲ့ရတယ်။
    ဒါဟာဒို့တိုင်းပြည်အတွက်ပေးဆပ်ခဲ့ခြင်းပဲ။ဒီလိုသူရဲကောင်းက
    ပေါက်ဖွါးလာတဲ့သမီးဟာဖအေနဲ့ထပ်တူကြအောင်
    ပြည်သူကိုချစ်တက်တာကိုပြည်သူအပါဝင်တပ်မတော်သားများအနေနဲ့
    ကျေးဇူးတရားနားလည်သင့်တယ်။ကျေးဇူးဆပ်သောအနေနဲ့
    အမေစုရဲ့ပေးဆပ်နေသောနှလုံးသားနဲ့ဘ၀ကို
    လုံခြုံမှုနွေးထွေးမှုတွေပေးစေချင်တယ်။
    စေတနာကိုအသိမှတ်ပြုသောအားဖြင့်
    အမေစုကိုထောက်ခံကြပါလို့
    ပြည်သူတယောက်အနေနဲ့မီးမောင်းထိုးပြလိုက်ပါတယ်။

  15. ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံကိုစေ့စေ့မကြည့်ရဲကြတဲ့
    စစ်ဗိုလ်ချုပ်တွေရဲ့အတိတ်ကအရိပ်မဲကြီးတွေကြောင့်ပဲ။
    ဓါတ်ပုံထဲကထွက်လာပြီးငါတည်ဆောက်ထိန်းသိမ်းခဲ့တဲ့
    တပ်မတော်ကြီးကိုနာမည်ဆိုးနဲ့ကျော်ကြားအောင်လုပ်ရသလား
    ဆိုပြီးပါးထွက်ရိုက်မှာကြောက်နေကြလို့ပါတဲ့…
    တန်ဖိုးထားရကောင်းမှန်းမသိတဲ့ဟာတွေ
    တိုင်းပြည်ကိုကြပ်မပြည့်သူများဥာဏ်မမှီသူများနဲ့
    ဖွဲ့စည်းထားသောကြောင့်…မိုးပေါ်ကသိကြားမင်းဆင်းပြီး
    ဖြောင်းဖျရင်တောင်ဖွတ်ဦးနှောက်တွေမို့
    noပါ။

  16. ဗိုလ်ချုပ်တို့ရဲဘော်သုံးချိတ်အဖွဲ့ မြန်မာ့တပ်မတော်ကြီးကို ပင်ပမ်းဆင်းရဲစွာ ဖွဲ့စည်းတည်ထောင်နေချိန်မှာ ဒီကောင်တွေ လူ့ဘ၀မှာရှိမယ်တောင်မထင်ဘူး၊ အစဉ်အလာကြီးမားတဲ့ မြန်မာ့တပ်မတော်ရဲ့ ဖခင်ကြီးကို ကျေးဇူးကန်းစော်ကားရဲတဲ့ ဒီခွေးကောင်တွေနဲ့ စစ်တပ်နဲ့ လုံးဝမတန်ဘူးကွ။

  17. တကယ်တော့ ဒါမျိုးအဖြစ်တွေ မရှိသင့်တော့ဘူးဗျ။ ဒါဟာ အာဏာရှင် လုပ်ရပ်တွေပဲ…

  18. မနာလိုစိတ်တွေပေါ့ကိုယ်ကိုယ်တိုင်ဘာမှမလုပ်ခဲ့ဖူးတော့လုပ်ခဲ့တဲ့လူကိုမနာလိုဖြစ်နေတာလေ

  19. ကိုဇော်ဝင်းထွန်း ကျွန်တော် တခုဘဲ ပြောချင်မေးချင်ပါတယ် ခင်ဗျားရဲ့ကြောက်စိတ် ကတော်တော် ကြီးတာဘဲ နော် ဘာလို့လဲဆိုတော့ အဖိုးပုံကိုတော့ မချိတ်ချင်ဘူး မြေးပုံကိုတော့ ဘုရားစင်ပေါ်တင်ပြီး ဦးတိုက်ချင်နေတာလား ဘာလို့လဲ အဇာတသပ် လိုသားကမွေးလို့ မြေးကိုကြောက်ရတာလား ဗျာ စစ်သားဘဲ ဘာကို ကြောက်စရာရှိ လဲ ယောက်ကျားမို့စစ်ထဲ ဝင်သေမှာတောင်မကြောက်တာ ဘာလို့ ကြောက်တက်နေတာလဲဗျာ …….စစ်တပ်ရဲ့ဝတ်စုံလေးကိုတောင်အားမနာတော့ဘူးလား ….ခင်ဗျားအဖိုး….ဗိုလ်ချူပ်ကြီးဦးအောင်ဆန်းကတော့ …နယ်ချဲ့ကိုရင်ကောပေးပြီးတိုက်တာ..နော် …..ခင်ဗျားကြည့်ရတာ ..ထမင်းငတ်လို့စစ်ထဲဝင်လာတဲ့ပုံဘဲ…..အဆီအနှစ်လေးလဲစားရရော…..လိုရင်းကိုမေ့ပြီပေါ့ ..ဟုတ်လား……ကိုယ့်ကိုယ်ကို …စမ်းစစ်ကြည့်ပေါ့ဗျာ

  20. How can we prove that the solider is a real one from Myanmar Navy?
    What we should do is we have to contact someone who lives in the Navy yard.
    There are two things.
    If General Min Aung Hlaing said that the Bogyoke Aung San’s photos must be removed from their apartments, they should sand a letter saying when and how he and the lef. col. said it to the president and all the medias.
    If someone created the gossip. please just forget about it as we and the military people should go forward to achieve the democracy in Myanmar.

    1. I watched it again on youtube, http://www.youtube.com/watch?v=_WcQzMNMbxc&feature=player_embedded, and he was seemed to me he had anger and he just said to someone how he was angry with them. If he is a real solider, he is really brave.
      I was really sorry for him as someone videotaped him without knowing him that it would be on youtube. Why didn’t the interviewer appear on it? The interviewer took an advantage on him.
      Now where is he? How can we help him?

      1. မ္မတထံစာရေးလို့ ရေတပ်သားတစ်ဦး ထောင်တစ်လကျ

        2012-03-15

        တပ်မတော်သားတွေရဲ့အကျပ်အတည်းတွေကို သမ္မတ ဦးသိန်းစိန်ထံ တင်ပြခဲ့တဲ့အတွက် အချုပ်တစ်လ ချခံခဲ့ရတယ်လို့ သံလျင်ရေတပ်စခန်းက ရေတပ်တပ်သား ကိုသူရိန်က အဖြစ်အပျက်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖွင့်ဟ၀န်ခံခဲ့ပါတယ်။

        AFP PHOTO/POOL/Soe Zeya Tun
        ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ပထမနေ့တွင် တပ်မတော်ဘက်ဆိုင်ရာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် မြင်ကွင်းဖြစ်ပါသည်။
        တပ်မတော်သားတွေ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အကြောင်း သမ္မတ ဦးသိန်းစိန်ထံ စာရေးသားတင်ပြခဲ့တဲ့အတွက် ကိုသူရိန်ကို နိုင်ငံရေးလုပ်တယ်ဆိုပြီး စခန်းမှူး ဒုဗိုလ်မှူးကြီး ဇော်ဝင်းထွန်းက အချုပ်ချခဲ့ပါတယ်။
        ရေတပ်သား ကိုသူရိန်က အခုလိုပြောပြပါတယ်။
        “ဒုတိယဗိုလ်မှူးကြီးတွေ ထိုင်ခိုင်းပြီးတော့ ငါမေးမယ်တဲ့။ မင်း ဘာလုပ်မလဲတဲ့။ မင်းက ရဲဘော်တဲ့။ ဒုတိယ ဗိုလ်မှူးကြီး ပြောတဲ့စကားနဲ့ မင်းပြောတဲ့စကား ဘယ်ဟာက အရာရောက်မယ်ထင်သလဲ။ မင်းလည်း ပြောချင်ရာပြော၊ ငါတို့လည်း ရေးချင်သလိုရေးပြီး အမိန့်ချချင်သလို ချမယ်တဲ့။ ငါတို့က ဒုတိယ ဗိုလ်မှူးကြီးတွေ၊ မင်းကို ထောင်အနှစ် ခုနစ်ဆယ်လောက် ချပစ်လို့ရတယ်တဲ့။ နိုင်ငံရေးလုပ်လို့တဲ့”
        သူအချုပ်က လွတ်လာပြီးတော့ သင်္ဘောမှာပဲ ပြန်ထားခဲ့ပါတယ်။ အဲဒီနောက် ဒဏ်ရာရတဲ့အတွက် သံလျင်ရေတပ်စခန်း ဆေးရုံမှာ ဆေးကုသခံခဲ့ပြီး လွန်ခဲ့တဲ့ရက်က ဆေးရုံကဆင်းလာခဲ့ကြောင်း ပြောဆိုပါတယ်။ အဲဒီနောက် ကိုသူရိန်ဟာ အန်အယ်လ်ဒီဌာနချုပ်ကို လာရောက်ပြီး မိမိတို့အကျပ်အတည်းတွေကို ပြောဆိုခဲ့သလို တပ်မတော် အရာရှိဟောင်းတစ်ဦးထံမှာလည်း အဖြစ်အပျက်တွေကို ဖွင့်ဟထွက်ဆိုခဲ့ပါတယ်။
        သံလျင် သီလ၀ါ ရေတပ်စခန်း လူနေအိမ်ရာတွေအတွင်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ချိတ်ဆွဲခြင်းမပြုဖို့ စခန်းတာဝန်ရှိသူ ဒုဗိုလ်မှူးကြီး ဇော်ဝင်းထွန်းက တားမြစ်ခဲ့တယ်လို့ ရေတပ်သားသူရိန်ကပြောပါတယ်။
        လောလောဆယ် ကိုသူရိန်ရဲ့နောက်ဆုံးအခြေအနေကို မသိရသေးပေမယ့် ဖမ်းဆီးအရေးယူခံမှာကို စိုးရိမ်ပူပန်နေကြောင်း သူ့မိတ်ဆွေတစ်ဦးက ပြောဆိုပါတယ်။ ကိုသူရိန်ရဲ့ ဖွင့်ဟထွက်ဆိုချက်တွေဟာ မနေ့ကစပြီး အင်တာနက် စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

Comments are closed.