ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

လက်တော့ပ်ကိုင်မည့် မျိုးဆက်သစ်များ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
မတ်လ ၁၂၊ ၂၀၁၂

“ပညာရေးနှင့်ပတ်သက်ပြန်တော့လည်း ကျွန်တော်နားမလည်။ မတတ်ကျွမ်း။ မဆလခေတ်တွင် ကြီးပြင်းလာသူတစ်ယောက်အနေဖြင့် ပညာရေးဆုံးရှုံးမှုများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်ခဲ့သည်။ ပညာရေးအစမ်းသပ်ခံလူသားတစ်ဦးဖြစ်ခဲ့ရသည်။ ပညာရေးနှင့်ပတ် သက်၍ နောက်ဆုံးနှစ်ရူပဗေဒနှင့် ကျောင်းထွက်ခဲ့သည်။ ဘွဲ့ထူးဂုဏ်ထူးများလည်းမရ။ အဂ္ဂမဟာဘွဲ့၊ သရေစည်သူဘွဲ့တွေဆိုရင် ဝေးရော ပေါ့။ ပညာရေးကို အဲဒီလို ကျွန်တော်မုန်းခဲ့။ စိမ်းကားခဲ့သည်” ဟု ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင် ဆောင်းပါးတွင် ရေးသားခဲ့ဖူးပါသည်။

သမ္မတကြီးဦးသိန်းစိန်၏တစ်နှစ်ပြည့် နှုတ်ခွန်းဆက်မိန့်ခွန်းတွင် တက္ကသိုလ်တွေ စာသင်ကျောင်းတွေ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်တဲ့ နေရာမှာ ခေတ်စနစ်နှင့်ညီတဲ့သင်ရိုးညွှန်းတန်းတွေကိုသာမကစီမံခန့်ခွဲမှု၊ ပြုပြင်ပြောင်းလဲရေးကိုပါ ဒွန်တွဲဆောင်ရွက်နေကြောင်း၊ စာသင် ကျောင်းများ၊ တက္ကသိုလ်ကောလိပ်များတွင် သမားရိုးကျ စာကြည့်တိုက်များအပြင် နိုင်ငံတကာအဆင့်မြင့် တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက် ထားသော အွန်လိုင်းစာကြည့်တိုက်များ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆရာ/မများ၏ အရည်အသွေးမြှင့်မားရေး လက်တွေ့ အင်တာနက် ချိတ်ဆက်မှုများ၊ ကွန်ယက်များမြှင့်တင်ဆောင်ရွက်ရေးများကို လုပ်ဆောင်ပေးမည့်အပြင် “သေနတ်ကိုင်သောလက်များကို လက်တော့ပ် ကိုင်သော လက်များအဖြစ်ပြောင်းပေးမည်” ဟူသော သမ္မတကြီး၏မိန့်ခွန်းစကားအရ ပညာရေးဟူသောစကားလုံးအား ကျွန်တော်ချစ် ခင်မိသည်။ မြတ်နိုးမိ တော့သည်။ ထို့ကြောင့် ပညာရေးတွင် အားနည်းခဲ့သော အထူးအားဖြင့် အင်္ဂလိပ်စာဘာသာရပ်တွင် အားနည်းခဲ့သော ကျွန်တော့်အနေဖြင့် နောင်တစ်ချိန်အနာဂတ် ခေါင်းဆောင်များဖြစ်လာကြမည့် လူငယ်/ရွယ်များအား အသိပညာ၊ အတတ်ပညာရှင်များဖြစ်လာနိုင်ရန်အတွက် လုပ်အားပေးဆရာ/မများ၏ ကောင်းမှုအကူ အညီဖြင့် ကွန်ပြူတာသင်တန်းများ၊ လူမှုရေးသင်တန်းများ၊ ဒီဇိုင်နာ(အပ်ချုပ်)သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှု လူမှုဆက်ဆံရေးသင်တန်း၊ နွေရာသီအင်္ဂလိပ်စာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင်စတင်၍ နွေရာသီသင်တန်းများ ဖွင့်လှစ်ခဲ့ရာတွင် ကျောင်းသား/သူဦးရေ (၁၀၀) ကျော်ခန့်သာ တက်ရောက် သင်ကြားခဲ့ သော်လည်း ယခု ၂၀၁၂ ခုနှစ် နွေရာသီအင်္ဂလိပ်စာသင်တန်း၌ ကျောင်းသား/သူဦးရေ (၈၀၀) ကျော် တက်ရောက်သင်ကြားခဲ့ကြသည်။

၁၀.၃.၂၀၁၂ ရက်နေ့တွင် ကလေးငယ်များအား နွေရာသီအင်္ဂလိပ်စာသင်တန်း တက်ရောက်ကြရမည့် တန်းခွဲများအား ခွဲခြားနိုင်ရန်အတွက် အရည်အချင်းစစ် စာမေးပွဲများကို နံနက် (၉း၀၀) နာရီ၊ နံနက် (၁၁) နာရီ၊ နေ့လည် (၁း၀၀) နာရီ စသဖြင့် အချိန်များခွဲ၍ စစ်ဆေးဖြေဆိုမှုကို ပြုလုပ်ခဲ့ပေးခဲ့သည်။ ယခင် ၂၀၁၀ ခုနှစ် တွင် တက်ရောက်ကြသော ကလေးငယ်များသည် မိဘအုပ်ထိန်းသူများမှ ဆိုက္ကား၊ စက်ဘီး၊ ခြေလျင်တို့ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သော်လည်း ယခု ၂၀၁၂ ခုနှစ်တွင်ပညာသင်ကြားရန် လာရောက်သောကလေးငယ်များအား ဆိုက္ကား၊ စက်ဘီးတို့အပြင် TAXI၊ ကိုယ်ပိုင်မော်တော်ယာဉ်တို့ဖြင့် လူတန်းစားအလွှာပေါင်းစုံမှ လာရောက်၍ ပို့ဆောင်မှုကို တွေ့ရှိရသည့်အတွက် များစွာကျေနပ်ပီတိဖြစ်မိတော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အောက်ခြေလူတန်းစားများဖြစ်ကြသော စီးပွားရေးချို့တဲ့သူများ၊ ဆင်းရဲနွမ်းပါးသူများ၏ အားကိုးအား ထားရာ နေရာဋ္ဌာနတစ်ခုဖြစ်ခဲ့သော်လည်း ယခုဆိုလျှင် စီးပွားရေး ကောင်းသူများ၊ ငွေကြေးတတ်နိုင်သူများကပါ မိမိတို့၏ ရင် သွေးငယ် များအားလာရောက်၍ ပညာရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးလိမ္မာသော မျိုးဆက်သစ်ခေါင်းဆောင်ကောင်းများဖြစ်လာရန် ယုံ ကြည်မှု ပြည့်ဝစွာဖြင့် လူတန်းစားပေါင်းစုံမှ လာရောက်အပ်နှံခြင်းသည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် လူသား အကျိုးထမ်းရွက်ရကျိုးနပ်တော့မည်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “လက်တော့ပ်ကိုင်မည့် မျိုးဆက်သစ်များ
  1.်အင်မတန် မွန်မြတ်သန့်စင်ပါတယ်ဗျာ.. ကိုကျော်သူတို့ တစ်ဖွဲ့လုံးရဲ့ စေတနာကို အများပြည်သူတွေ ပို.. ပို..ပြီး အသိအမှတ်ပြု တန်ဖိုးထားလေးစားလာတာကို တွေ့ရလို လှိုက်လှဲစွာ ကျေနပ်ဝမ်းသာမိပါတယ်…
    အခြေခံ စိတ်ဓာတ် အဆင့်တန်းရှိသော မျိုးဆက်သစ်များကသာ အဆင့်အတန်းရှိတဲ့ အနာဂတ်လူ့ဘောင်ကို ဖန်ဆင်းထုဆစ်နိုင်မှာပါ။

  2. လေးစားပါတယ်ဦးကျော်သူ။ဒီ့ထက်မကဖေါ်ပြချင်ပါသော်လည်းစကားလုံးများရှာမရတော့ပါ။တိုင်းပြည်အ
    ကျိုးနဲ့နိုင်ငံ့အေ၇းကိုလုပ်ဆောင်နေတာပါ။အနာဂတ်အတွက်လူသစ်ပင်လေးတွေစိုက်ပေးနေတာပါ။အန်
    တီစုပြောတဲ့လူတိုင်းနိုင်ငံေ၇းလုပ်ရမယ်ဆိုတာဒါမျိုးကိုပြောနေတာပါ။ဦးကျော်သူနဲ့ဒေါ်ရွှေဇီးကွက်လိုမျိုး
    စိတ်ထားမြင့်မြတ်သောမျိုးဆက်သစ်လေးတွေမြန်မာပြည်မှာမြောက်မြားစွာပေါ်ထွန်းပါစေလို့ဆုတောင်း
    မေတ္တာပို့သလိုက်ပါတယ်။အဲ့ဒါမှဘဲလောကီရေးရာစည်းစိမ်တွေကိုမက်မောပြီးဘယ်သူသေသေငတေမာရင်
    ပြီးရောဆိုတဲ့လူတန်းစားကမြန်မာပြည်ကတစ်ဖြေးဖြေးပျောက်ကွယ်သွားမှာပါ။

Comments are closed.