ဓာတ်ပုံသတင်း

Zarganar – Amnesty နှစ် ၅၀ပြည့် အခမ်းအနားပြက်လုံး – လွှတ်တော်က ကျပ်မပြည့်ဘူး

ဇာဂနာရဲ့ Amnesty နှစ် ၅၀ပြည့် အခမ်းအနားပြက်လုံး – လွှတ်တော်က ကျပ်မပြည့်ဘူး

မိုးမခဓာတ်ပုံသတင်း

မတ်လ ၄ ရက် နယူးယောက်မြို့တော်မှာ ပြည်တော်မပြန်ခင် ကိုဇာဂနာက နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Anmesty International) နှစ် ၅၀ပြည့် အခမ်းအနားမှာ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ရာမှာ မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေးအခြေအနေကို ရယ်သွမ်းသွေး သွားပါတယ်။ အဲသည် ပြောဆိုချက်ကို တက်ရောက်လာကြတဲ့ ပရိသတ်က ပွဲကျတာကို တွေ့ရပါတယ်။ သူက …

“ မြန်မာပြည်မှာ အကုန်ရှိတယ်။ သမ္မတ၊ အစိုးရ၊ လွှတ်တော် ပြီးတော့ အခြေခံဥပဒေ အကုန်ရှိနေပြီ။ ပြီးတော့ လွှတ်တော်ထဲမှာ စစ်ဗိုလ်တွေက တမတ်သား ရှိတယ်။ အကယ်၍ လွှတ်တော်ထဲမှာ ကျနော့်တို့လို လူပြက်တွေကို တမတ်သား ထပ်ဖြည့်လိုက်မယ်သာဆိုရင် ကျနော်တို့လွှတ်တော်ကို ကျပ်မပြည့်တဲ့လွှတ်တော်လို့ ခေါ်ကြရလိမ့်မယ် …”

လို့ ပြက်သွားပါတယ်။

(အဆင်ပြေသလို မိုးမခကဘာသာပြန်လိုက်တာပါ။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

5 thoughts on “Zarganar – Amnesty နှစ် ၅၀ပြည့် အခမ်းအနားပြက်လုံး – လွှတ်တော်က ကျပ်မပြည့်ဘူး
  1. March 7 2012

    —- Burma Zarganar Comedian says ———–
    —- Kyat-Ma-Pyae Hlut-Taw ———————
    —- Kyat-Pyay-Kyat-Ma-Pyae Hlut-Taw ——–
    —- Awe– Awe — Kyat-Pyay-Kyat-Pyay —- Even the Ghosts flee away —— !!!!
    —- TAT ————————————————————————————–

    1. Dear Moe Ma ka,

      May I point it out the translation is not as Zarganar said. He is saying by adding 25% of military people and 25% of Burmese comedian, which mean 50% of parliment “half of the parliment will be crazy.”

  2. ကောင်းကင်မှာဝဲနေတဲ့ဟယ်လီကော်ပတာ၊ လိုက်ပါလာသူတွေက သန်းေ၇ွ နဲ့ မောင်အေး။
့မောင်အေး။ ဘယ်လိုလုပ်ကြမလဲ၊ လွတ်တော်ကြပ်မပြေ့ ဘူးပြောနေကြဘီ။
    သန်းေ၇ွ။ ကျပ်ပြေ့ အောင် စစ်သားနောက်တမတ်ထပ်ထဲ့လိုက်ပေါ့။
့မောင်အေး။ အာမဟုတ်သေးဘူး
    သန်းေ၇ွ။ ဒါဆို၇င်၊ ပိုင်းလော့ကိုမေး၊ပိုင်းလော့ကိုမေး၊ ဒီကောင်တကောင်ပဲငါတို့ ထဲမှာဖြောင့်မတ်တာ။
    ပိုင်းလော့။ ခင်ဗျားတို့ နစ်ယောက်လုးလေယင်ပေါ်ကခုန်ဆင်းမယ်ဆို၇င်ပြဿနာ၇ှင်းသွားပါပြီ။

  3. သမတကြီး ဦးသိန်းစိန် ခင်ဗျား၊
    လွှတ်တော်ထဲမှာ စစ်ဗိုလ်တမတ်သား (ဘယ်ရွေးကောက်ပွဲမှ မပါဘဲ လက်သင့်ရာ ဆွဲခန့် ) တွေပါနေတာ နိုင်ငံတော်ကြီး အတွက် ပြည်သူလူထုကြီး အတွက် အသက်ပေး ထမ်းဆောင်နေ ရတာကြောင့် တမတ်သား ရသင့်တယ်လို့  လှည်းတန်း ဈေး အရှေ့ က လက်ဘက်ရည်ဆိုင်မှာ ငြင်းခုံနေပါတယ်။ စစ်ဗိုလ်လူထွက်တစ်ယောက်ကလည်း ဒါဟာမတရားဘူးတဲ့၊ သူတို့ လို စစ်ပြန်အမှုထမ်းတွေကသာ တမတ်သားရသင့်တယ်တဲ့။ အတွေ့ အကြုံရှိပြီးသား ဘယ်လို ခိုးဆိုး တိုက်ခိုက် မုဒိန်ကျင့် မကောင်းတာ အကုန်လုပ်ပြီး တပ်က ထွက်လာတဲ့ သူတွေရဲ့ အိုင်ကျူ (IQ ) က အခုလက်ရှိ စစ်ဗိုလ်တမတ်သား ရဲ့ အိုင်ကျူ ထက်အများကြီးမြင့် တာကြောင့် သူတို့ သာ တမတ်သားရသင့်တယ်တဲ့။

    နောက် ဘယ်ကမှန်းမသိတဲ့ လူတစ် ယောက် (ကျနော့အထင်ကတော့ ကြံ့ဖွတ်ထဲက ဘိုင်ကျပြီး လက်ဘက်ရည် ကပ်သောက်) နေတဲ့လူက ၀င်ထောက်ခံတယ်။ အလကားဗျာ ဖက်စ်တစ် (သူတို့ အခေါ် သန့် ရှင်းရေး) တောင်မလုပ် တပ်လို့  ရူးရှားက မြန်မာသံအမတ် လျှို့ ဝှက် အမိန့်  ထုပ်ခံရတဲ့ စစ်ဗိုလ်လက် ရှိတွေက တမတ်သားဝင်ယူတော့ လွှတ်တော် ထဲမှာ အမှိုက်ပိုရှုပ်ကုန်တာပေါ့တဲ့။ ကျနော်တို့ ကိုသာ ခန့် ကြည့်ပါလား လမ်းဘေးဈေးသယ်တွေအကုန်ဖန်းပြီး နေ့ တိုင်း လွှတ်တော်ကြီးမှာ သန့် ရှင်းရေးအလကားလုပ်ခိုင်းမယ်။ နိုင်ငံတော်ကို တကယ်ချစ်လို့  ကျနော်တို့  လိုအလုပ်လက်မဲ့ ကြံ့ဖွတ်အဖွဲ့ ရယ်၊ စည်ပင်ရယ်၊ ဈေးကောက်ရယ်၊ လမ်းဘေးဈေးသယ်တွေက မဲခိုးပေးလို့  ပြည်ထောင်စုနဲ့  ပြည်သူ့  လွှတ်တော်ကြီး ဖြစ်လာတာ၊ တမတ်သား ကျနော်တို့ သာရသင့်တယ်လို့ ပြောပါတယ်။

    ပညာယှိ ဘဘကြီးတစ်ယောက်ကလည်း ၀င်ပြောတယ်၊ ရှေးရှေးတုံးက လွှတ်တော်တွေမှာ ပုရောဟိတ်ပုဏ္ဏားကြီးတို့  ဟူးရားဖြူတို့  ဟူးရားညိုတို့ ဆိုတာ အလိုလိုပါပြီးသားတဲ့။ အဲဒါကို အဲဒီ့ ကြံ့ဖွတ်က ၀င်ထောက်ခံပါတယ်၊ အခုလည်း လွှတ်တော်ထဲမှာ ပုဏ္ဏားတွေအမျာကြီးပါနေပါတယ်၊ တချို့ ဆို ပုဏ္ဏားဝန်ကြီးတွေတောင် နေရာယူထားကြတယ်တဲ့။ ကျနော့မှာ သူတို့ ပြောတဲ့ စကားတွေကို မှီအောင်နားလယ်နိုင်တဲ့ အိုင်ကျူမရှိပါ၊ ဒါပေမဲ့ ဒီအတိုင်း ခေါင်းငုံ့ ခံနေရင်ညံ့ ရာကြမှာကြောင့် ခေသူမဟုတ်ကြောင်း အမေါက်ထောင်ပြလိုက်ပါတယ်။

    ဒီမှာ ဒီမှာ နောင်ကြီးတို့ ရယ်၊ ဘဘကြီးရယ်၊ ပြည်သူနဲ့ တကယ်တွေ့ တာရယ် ပြည်သူ့ ကို တကယ်အလုပ်အကြွေးပြုနေ သူဟာ ကျနော်တို့ လို စပယ်ရာတွေဘဲဖြစ်တယ်။ နေ့ တိုင်းလူပေါင်းစုံနဲ့ ဆက်သွယ်ရတယ်၊ ရထားတဲ့ အချိန် စက္ကန့်  ခလေးအတွင်းမှာ လူထုနဲ့  ပြေလယ်အောင် ဆက်ဆန်ကြရတယ်။ တချို့ ကရိုင်းတယ်လို့  ဝေဖန်ကြတယ်။ ကျနော်ဝန်ခံပါ တယ်၊ ဒါပေမဲ့ အဲဒီ့ အရိုင်း စပယ်-ရာ တွေက ငါးကျပ်သားတောင်မရှိပါဘူး။ တမတ်သားတွေနဲ့ ယှဉ်ကြည့်ပါ၊ ဘယ်တုံးကမှ လူထုကို ပါးမရိုက်ခဲ့ဘူးပါ၊ ဘယ်မိန်းခလေးကိုမှ မုဒိန်မပြုခဲ့ပါ၊ ဘယ်ဘုန်းဘုန်းကိုမှ မစော်ကားခဲ့ပါ။ ဒီကြားထဲ လမ်းပြပုလိပ် က ဟေ့ကောင် မင်းဒီနေ့ ငါ့ကို မကျင်နာသေးဘူးနော်လို လမ်းပြမီးတိုင်နားမှာ ကပ်ပြောလိုက်ရင်လည်း၊ ကျင်နာလိုက်ရပါ တယ်။ မကျင်နာတပ်ရင်လည်း ဒရိုင်ဘာနဲ့  အုန်နာ ရဲ့ကျင်နာမှု့  ကိုလည်းခံရပါတယ်။ ဘုန်းဘုန်းတစ်ပါး မှတ်တိုင်မှာရပ်နေ တာမြင်ရင် ရှေ့ ခန်းမှာထိုင်နေတဲ့ အဒေါ်ကြီးကိုနေရာရွှေ့ ပေးဘို့  တောင်းပန်ရင်၊ ဘုန်းဘုန်းကိုတော့ ဘာမှမပြောဘူး၊ စပယ်ရာကိုတော့ အမျှဝေသွားလိုက်ထာ ကားတစ်ခုလုံး ၀ိုင်းသာဓုခေါ်ပြီး ကျင်ဒုတ် မခန်ဝန့် ပါ ဘုရားလို့ စပယ်ရာ မောင်ပျာလောင် ရဲ့ဈေးဦးပေါက်ပါဘဲခင်ဗျာ။

    အဲဒီ့လို ပြည်သူ့ အပေါ်မှာ အနစ်နာခံပြီး နေ့ စဉ်နဲ့ အမျှကျင်ဒုတ်ခံနေရတဲ့ ကျနော်တို့ လို စပယ်ရာတွေလည်း လွှတ်တော်မှာ ရွေးကောက်ပွဲမ၀င်ဘဲပါဝင်သင့်တယ်လို့  လက်ဘက်ရည်ဝိုင်းမှာဝင်ပြောတော့။ ကြံ့ဖွတ်က အောင်မာ မင်းတို့ ကလည်း တမတ်သားဝင်လိုခြင်လို့ လားတဲ့။ ကျနော်တို့ စပယ်ရာတွေ တမတ်သား မလိုပါဘူး အ၀က်သား ရရင်ကြေနပ်ပါပြီခင်ဗျား။
    တပြည့်တော် ခြေထာက်နာနေလို့  မရှောက်တပ် ရှောက်နှင့် လျှောက်မိသည်ကို အမှားပါရင်ခွင့်လွှတော်မူပါ သမတကြီးခင်ဗျား။ ။ စပယ်ရာမောင်ပျာလောင် (လှည်းတန်းဈေးရှေ့ )။

Comments are closed.