ကမာပုလဲ

Kamarpale – Poem

ပိတောက် … စကား
ကမာပုလဲ
ဧပြီ ၁၁၊ ၂၀၁၃
ကျနော်တို့ ပိတောက်ကိုလွမ်းရင်း
ပိတောက်အကြောင်း ကဗျာရေးခဲ့တယ် …။

ကျနော်တို့ဟာ
အမေ့ကို လွမ်းရင်း
သင်္ကြန်ကို ချစ်ခဲ့ကြသူတွေပေါ့ …။

“ရာသီစာ” လို့ ညွှန်းညွှန်း
“ရာသီဆာ” ပဲ ဆိုဆို …။
ကျနော်တို့ ပိတောက်ကို ချစ်ခဲ့တယ် …။

“ဒါ … ငှက်ဖျားငန်းဖမ်းဇာတ်ပဲ ”
တောင်ပေါ်မှာ ကျွန်းတွေ အပွင့်ပွင့်ချိန်
အမေ့အိမ်ကို …
ကျနော်တို့ “ တူးပို့ … တူးပို့ ” နဲ့
လွမ်းခဲ့တယ် …။

ပိတောက်ပွင့်ကလေးတွေ ဖင်ဆိတ်ပြီး
သူ့အစီးနဲ့ …
ကျနော်တို့ နဖူး … ပါးပြင်ကလေးပေါ် တို့တို့ပေးတော့
ကျနော်တို့မျက်နှာ တပြင်လုံး
အမေ့ အချစ်နဲ့ ပိတောက်တွေပွင့်
ကျနော်တို့ အားလုံး ပိတောက်ပင်တွေ ဖြစ်
အဲဒါ …သင်္ကြန်ဖြစ်ခဲ့တယ် …။ ။


+ (+) = မောင်သာနိုး ဗမာဘာသာပြန် မာယာကော့်ဗ်စကီး၏ ဘောင်းဘီဝတ်မိုးတိမ်ကဗျာမှ …

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts