မျက်မှောက်ရေးရာ သတင်းပဒေသာ

Than Shwe ordered to destroy NLD

NLD ပါတီအား အမြစ်ပြတ် ခြေမှုန်းပစ်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေးခဲ့
မိုးမခအထောက်တော် အမှတ် ၀၀၇
ဖေဖော်ဝါရီ ၂၅၊ ၂ဝ၁၂


စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်အရ NLD ပါတီဝင်များကို အပြစ်ရှာ နှိမ်နင်းခဲ့သည်ဟု မြန်မာစစ်ထောက်လှမ်းရေးတပ်ဖွဲ့တွင် အရာရှိတစ်ဦးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဦးအောင်လင်းထွဋ်က VOA သတင်းဌာနကို မကြာသေးမီက ပြောလိုက်သည်။

၁၉၈၈ နှင့် ၂၀၁၀ အတွင်း နိုင်ငံရေးသမားများ ရည်ရွယ်ချက်ရှိရှိဖြင့် နှိပ်ကွပ်ခံရပုံကို စစ်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“NLD အမြစ်ပြတ်ခြေမှုန်းရေး ကျနော်တို့ ကိုယ်တိုင် မဟုတ်တောင်မှ ကျနော်တို့အဖွဲ့အစည်းက လုပ်ရတာကိုးဗျ။ NLDနဲ့ ပတ်သက်လျှင် NLD ပါတီဝင် တွေ ကို ရေဖြတ်၊ မီးဖြတ်ကအစ အပြစ်ရှာပြီး လုပ်ခဲ့ရတာ။ မလုပ်လို့ လည်းမရဘူး။ အာဏာရှင်တို့ရဲ့သဘော သဘာဝအရ ခင်ဗျားသိတဲ့အတိုင်း၊ ကျူပင်ခုတ်ကျူငုတ်မကျန်၊ သားစဉ်မြေးဆက်အကုန်လုံးကို ဒုက္ခ ပေး တာ ကိုး” ဟု ဦးအောင်လင်းထွဋ်က ပြောဆိုကြောင်း VOA သတင်းဌာန ၀က်ဆိုက်တွင် ဖေဖော်ဝါရီ ၁၈ နေ့စွဲဖြင့် ဖော်ပြထားသည်။

၁၉၉၆ နောက်ပိုင်းတွင် ထိုသို့ နှိမ်နင်းရန် အမိန့်ရခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

“ဗိုလ်ချုပ်မှူးကြီးကနေ ကျနော်တို့ကို NLD ကို မင်းတို့ အမြစ်ပြတ်ခြေမှုန်းရမယ် ဆိုလို့ ထောက်လှမ်းရေးက လူမိုက်အငှားခံခဲ့ရတဲ့ အနေအထားမျိုး ရှိပါတယ်” ဟု စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ပြောသည်။

ထိုသို့ ချေမှုန်းခံရသော်လည်း NLD ပါတီဝင်များ၊ နိုင်ငံရေးသမား အများအပြား ဒီမိုကရေစီလှုပ်ရှားမှုတွင် တစ်စိုက်မတ်မတ် ပါဝင်ခဲ့ကြသည်။

ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဆက်လက် ပြောကြားရာ မြန်မာပြည်တွင် စစ်သားများက အနိုင်ကျင့်တတ်သည့် စရိုက်ရှိသည်ဟု ဆိုသည်။

“စစ်သားဆိုတာ တပ်ရင်းမှူး၊ တပ်စုမှူးက တောမှာ ဗိုလ်ကျချင်တိုင်း ကျကြတယ်ဗျာ။ မြို့ပေါ်တက်တော့လည်း အဲဒီအကျင့်က ပါနေတုန်းပဲ။ ဒီအကျင့်တွေက ခုထိ မပျောက်သေးဘူးဗျ။ အဲဒီတော့ ဒီအကျင့်တွေ ပျောက်ဖို့ဆိုတာ တပ်မတော်ကိုလည်း ပြင်ဖို့ ဆင်ဖို့ train လုပ်ဖို့ က လိုတယ်ဗျ” ဟု သူက ရှင်းပြသည်။

သို့သော်လည်း စစ်တပ်တွင် တိုးတက်ဖြစ်ထွန်းမှုတခုရှိကြောင်း သူက ထောက်ပြသည်။

“ဒီနေ့ ကြားရတဲ့သတင်းမှာ ကချင်ပြည်နယ်မှာ အမျိုးသမီးတစ်ယောက်ကို ဖမ်း ထားပြီးမှ ပြန်မလွှတ်တဲ့ကိစ္စကို နေပြည်တော်မှာ တရားရုံးတင်မယ်ဆိုတာ ဒါကောင်းတဲ့ သတင်းပါ” ဟု သူက ပြောသည်။

“တောထဲမှာ လူမသိသူမသိ အသတ်ခံရ မုဒိန်းကျင့် ခံရတာတွေအများကြီး ရှိခဲ့တယ်။ ဒါတွေကို အရေးယူပေး ရမယ်” ဟုလည်း သူက ပြောပြသည်။

ဦးအောင်လင်းထွဋ်သည် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည်။

ဝါရှင်တန်ရှိ မြန်မာသံရုံးတွင် သံတမန်တစ်ဦးအဖြစ် ဦးအောင်လင်းထွဋ် တာဝန်ယူစဉ် စစ်ထောက်လှမ်းရေးအရာရှိများကို မြန်မာပြည်တွင် ဖမ်းဆီးအကျဉ်းချသည့် ၂၀၀၅ ခုနှစ်တွင် ဦးအောင်လင်းထွဋ်က အမေရိကန်တွင် ခိုလှုံခွင့် တောင်းလိုက်သည်။

ဇနီး၊ သား တစ်ဦး၊ သမီး နှစ်ဦး၊ နှမ (သို့မဟုတ် အစ်မ) တဦး တို့နှင့် အတူ ခိုလှုံခွင့် တောင်းခံခြင်း ဖြစ်ကြောင်း၊ သူ၏ အတိတ်ကာလ စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်မှုများကြောင့် ခိုလှုံခွင့် ငြင်းပယ်ခံထားရကြောင်း၊ သို့သော်လည်း ၎င်းတို့အား နေထိုင်ခွင့် ပြုထားကြောင်း Asia-Pacific Defense Forum စစ်ဘက်ဆိုင်ရာ မဂ္ဂဇင်း၏ အင်တာနက် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

15 thoughts on “Than Shwe ordered to destroy NLD
  1. NLD ကို အမြစ်ပြတ် ချေမှုန်းဖို့ ပေးတဲ့ အမိန့် စာ ကို အရင်ပြကြည့်ပါ။ ကို အောင်လင်းရေ။ ထောက်လှမ်းရေး အရာ ရှိဆိုပေမယ့် လိမ် တတ် တာပဲ။ သန်းရွေကို မကျေနပ်လို့  လျှောက်ပြော မနေပါနဲ့ ။သန်းရွေ က အမိန့် ပေးတဲ့ စာတိုင်း မင်းတင်ပြနိုင်မယ်ဆိုရင် မင်းပါးစပ်နဲ့တောင် ပြောစရာမ လိုအောင် ယုံကြမယ်။။

    1. မင်းအမေလင်က စာထုတ်ပါ့မလား ငတုံးရ။အဲဒီလို မေးနေတဲ့မင်းကိုက ထမင်းစားမယ်မထင်ဘူး ချေးစားတယ်ထင်တယ်.

    2. You are so far away from reality. No one would write down this kind of order.
      You can only judge from the actions happened to NLD members in the past.

    3. ရှင်းရှင်းပြောရရင် ဦးသန်းရွှေက LND တဖွဲ့ကိုသာ ချေမုန်းတာမဟုတ်ဘူး ကျန်နေသော တိုင်းရင်းသားအားလုံး။ သူနဲ့မနီးစပ်တဲ့လူတွေ၊ ပြီးတော့အပြစ်မဲ့တဲ့ပြည်သူတွေလဲ ချေမုန်းနေတာကြာပါပြီနော်။
      မသိကြဘူး၊ သတိမရကြဘူးထင်ပါတယ်နော်။

  2. အမြစ်ပြတ်‌ချေ မှူန်းသင့်တယ်ဆိုတာကို တင်ပြဘို့  ကိုတစ်ဖွဲ့ ဖွဲ့ က တာဝန်ယူ ပြုစုရလိမ့်မယ်လို့  ထင်ပါတယ်။

  3. သူ့အပြစ်တွေရော့အောင် သူများတွေကို လိုက်တွန်းချနေသလိုပဲ

  4. I strongly belive you U Aung Lin Htut.Thank you very much for sharing. I watch your interviews from online and listern from radio as much as I could. I respect you because you help us and you say true story of army government. I wish we all may return to our mother land soon. May you have a peaceful life!

  5. What if Than Shwe gave verbal order? Is he so stupid to give a written order for sensitive issues like that?

  6. အော်အာဏာရှင်ပါဆိုနေမှ….ဘာစာရွက်စာတမ်းတွေလိုသေးလို့လဲ..ပါးစပ်အမိန့်ပေးနေကြပဲဥစ္စာကိုး. အမိန့်စာထုတ်လောက်အောင် ဘယ်ညံလိမ့်မလဲ…(တစ်ချိန်မှာ သက်သေဖြစ်မဲ့ကိစ္စတွေ ထားခဲ့လိမ့်မယ် အားကြီးကြီး)…..ကိုယ့်လည်ပင်းကြိုးကွင့်စွတ်လောက်အောင်အထိ ဘယ်အာဏာရှင်မှ မတုန်းအကြပါဘူး

  7. အမိန့်စာကိုအရင်ပြလို့ပြောရအောင်တပ်ထဲမှာနုတ်မိန့်ပေးတာမရှိတော့ဘူးလား
    NLDကိုအမြစ်ပြတ်ချေမှုန်းချင်တယ်ဆိုတာဦးအောင်လင်းထွဋ်မပြောလဲဒီပဲရင်း
    ကိစ္စလိုထင်ရှားတဲ့သက်သေသာဓကတွေအများကြီးရှိတယ်ဆိုတာလူတိုင်းသိ
    ပါတယ်။

  8.ီဒီသူတောင်းကြီးအသေဆိုးန“သေလိမ်.မယ်ကြည့်နေ။

  9. နင်တို့စစ်သားတွေကအမိန့်ကိုစာနဲ့ပေးတာလား။အစည်းဝေးမှာ
    ပါးစပ်နဲ့မပြောပဲစာနဲ့ချရေးပြသလား။
    ပါးစပ်နဲ့ဖုန်းနဲ့အဆင့်ဆင့်ပြောကြသလား။လူဆိုးလူမိုက်တွေရဲ့..
    သေနတ်ကိုင်ပြီးမိုက်နေကြတာပြည်သူတွေအပေါ်ကို
    နင်တို့ကိုသူရဲကောင်းလို့မမြင်ပါဘူး။
    လူသတ်သမားအကြံပက်စက်သူတွေ
    စစ်တပ်ဆိုတာလူမိုက်တွေကိုမွေးထုတ်ပေးရာနေရာဖြစ်နေပြီ။
    ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့စစ်တပ်ဟာခုတော့နှစ်ပေါင်းများစွာ
    ပျက်စီးပြီးနာမည်ဆိုးနဲ့ကျော်ကြားနေကြတယ်အဘိုးေ၇…
    ကိုယ့်တိုင်းပြည်ကောင်းစားဖို့..ကိုယ့်ပြည်သူပြည်သားတွေမနစ်မွန်းဖို့
    မိဘစိတ်ကင်းမဲ့သူတွေ…မြန်မာပြည်သားတယောက်ကမ္ဘာကျော်ကြားတယ်။
    နိုင်ငံတကာအဆင့်မှီတဲ့အရည်အချင်းတွေရှိနေတယ်ဆိုရင်
    ချီးမြှင့်မြောက်စားသင့်တယ်။ပူးပေါင်းဆောင်ရွက်သင့်တယ်။
    အာဏာဆိုတာသေရင်လိုက်မပါနိုင်ဘူး။
    ဘာသာတရားတွေလုပ်ပြီးနာမည်ကျော်ဆရာတော်တွေနားနေပြီး
    တရားမသိကြ့သေးဘူးလား။
    ဒေါ်အောင်ဆန်းစုကြည်ဟာမိန်းမသားပါ။
    ဒါကိုတောင်အောက်တန်းကျတဲ့အကြံစည်တွေနဲ့လုပ်ကြံမှုတွေက
    ယောကျာင်္းတွေဖြစ်ပြီးထမိန်ဝတ်ထားလိုက်ကြပါလား။
    နင်တို့တွေဘယ်လိုလုပ်ကြံလုပ်ကြံ
    ငါတို့နှလုံးသားထဲမှာသေရာပါမှကအမေစုပဲ။

  10. ကြည့်ရတာဘေးကနေနှစ်၂၀ရှိပြီ။
    ပွဲကမညီမျှဘူး။မိန်းမသားတယောက်ကို
    နိုင်ထက်စီးနင်းလုပ်ကြံနေတာနည်းပေါင်းစုံပြီနော်။
    ဘာကိုကာကွယ်ချင်သေးတာလဲကျော်..ဆိုတဲ့ငပွရေ…
    မြန်မာတပ်မတော်ကကမ္ဘာမှာစံချိန်တင်ပါတယ်။.
    .နိုင်ငံသားပြည်သူတွေကိုအနိုင်ကျင့်
့ကြောက်စိတ်ထည့်သွင်းပေးမှု၊ညှင်းပမ်းရက်စက်မှု
    ပြောမယ်ဆိုအိမ်ကြယ်တွေလေ..
    သူများနိုင်ငံကစစ်တပ်ကသတ္တိတွေက
    နိုင်ငံသားအချင်းချင်းကာကွယ်ပေးတယ်။
    တခြားနိုင်ငံတကာကမစော်ကားနိုင်အောင်ကာကွယ်ဖို့
    စစ်သားတွေလုပ်ခဲ့တယ်။အိမ်ကြယ်လူမိုက်လုပ်သူတွေကို
    ချေမှုန်းပေးတယ်။မတရားမှုတွေကိုတိုက်ခိုက်ပေးကြတယ်။
    ငါတို့မြန်မာစစ်တပ်ကတော့အိမ်ကလူဗိုလ်ကျင့်မယ်။
    အပြင်လူကိုဖင်ပေးပြီးပေါင်းမယ်။
    သတ္တိကတော့ရာဇ၀င်ထဲကဗန္ဒုလသွေးလေ..အဟိ..
    ဒါကကိုယ့်အချင်းချင်းမို့ပြောပြတာပါ။
    မှားနေတာကိုမှားနေတယ်လို့လူတိုင်းကမထောက်ပြပဲ
    နှာစီးနေသရွေ့တော့ဒို့တိုင်းပြည်အီသီယိုးပီးယားပြီးရင်မြန်မာကွ။
    အချိန်မရှိတော့ဘူး။မှားနေရင်လည်းပြင်ကြတော့အသားကျနေတဲ့
    အတ္တစိတ်တွေဖယ်ပြီး..တိုင်းပြည်ကောင်းဖို့
    ပူးပေါင်းကြပါ။အမေစုကိုအကြံမပက်စက်ပါနဲ့လို့တောင်းပန်ပါရစေ။
    ဘာကိုမှသံသယမရှိပဲရိုးရှင်းတဲ့ဖြူစင်တဲ့နှလုံးသားရှိတဲ့
    အမေစုကိုမစော်ကားကြပါနဲ့လို့….

  11. စစ်တပ်က လုပ်တယ်လို့ ခများတို့ဘယ်လိုပြောနိုင်တုန်းဗျာ သူများကိုမပုတ်ခတ်ကြပါနဲ့ တကယ်လို့စစ်တပ်ကလုပ်လို့တိတိကျကျသိလို့ချင်ရင် ပြောပေါ့ဗျာ ကျွန်တော်လဲ မဟုတ်တာလုပ်ရင်မကြိုက်ဘူး တိတိကျကျမသိပဲနဲ့ရမ်းပြောတာကစာမတတ်တဲ့သူတွေ လောကမှာသုံးစားလို့မရတာတွေပြောကြတာ ပါ ခများတို့ကိုယ်တိုင်စာမတတ်တဲ့သူ သုံးစားလို့မရတဲ့သူတွေဖြစ်ချင်တယ်ဆိုဂင်ပြောကြပေါ့ဗျာ ခများတို့သဘောပေါ့….ကျွန်တော်တို့နိုင်ငံ ကိုဘယ်သူကများလာစော်ကားနေလို့တုန်း …ကျွန်တော်ပြောချင်တာကတစ်ခုတော့ရှိတယ်ဗျ ကျွန်တော်တို့နိုင်ငံ ကိုအဂ်လိပ်အစိုးရ နှစ် (၁၀၀)ကျော်အုပ်ချုပ်သွား တာနော် ခများတို့အနေနဲ့ အဂ်လိပ်ကိုမုန်းလား အခုအချိန်မှာ မမုန်းလောက်တော့ပါဘူး သိပါတယ်ဘာဖြစ်လို့တုန်းဆိုတော့ကျွန်တော်တို့နိုင်ငံမှာ လူမျိုးရေးစိတ်ဓာတ်ဆိုတာမရှိဘူးဗျ ဒါပေမဲ့ ကိုယ့်နိုင်ငံက အုပ်ချုပ်တာကျတော့ တောင်ပြောမြောက်ပြော လုပ်နေကြတာဗျာ ပထွေးတွေအုပ်ချုပ်တုန်းကအခု ခများတို့လိုမခံချင်တဲ့သူတွေဘယ်ရောက်နေတုန်း ပထွေးတွေဘေးကနေမြှောက်ထိုးပင့်ကော်လုပ်နေတာလား ကျွန်တော်ပြောတာ သဘာဝမကျဘူးဆိုတာရင်ပြောပါ အခုအမေစုကိုလုပ်ကြံတယ်လို့ပြောတယ်နော် လုပ်ကြံတယ်ဆိုတာ သောင်းကျန်းသူထဲကရောမဖြစ်နိုင်ဘူးလား သောင်းကျန်သူဆိုတာချိုတပ်ထားတာမဟုတ်ပါဘူး ရန်ကုန်သင်္ကြံန်မှာ ဗုံးကွဲတုန်းက လူတွေသေတယ် တပ်မတော်ကခေါင်းဆောင်တွေလဲသေတယ် အတာစစ်တပ်ကလုပ်တာလား သောင်းကျန်းသူအဖွဲ့ကဗုံးထောင်တာလား ဘာမဆိုဗျာ စဉ်းစားဖို့လိုပါတယ် ……..ကျွန်တော်စာအုပ်မှာဖတ်ဖူးတယ် ရုရှား ဂျာမန်တိုက်ပွဲပါဗျ ဂျာမန်တွေစစ်ရှုံးတယ်ဗျာ ရုရှားရဲ့ရာသီဥတုကြောင့် ပြန်ဆုတ်ရတယ် လူတွေသေတယ်ဗျာ ဂျာမန်တစ်ယောက်ချင်းစီမှာ လေးထောင့်ကြယ်လေးတွေပါတယ်ဗျ အဆင့်တံဆိပ်လိုပဲပေါ့ အခုရုရှားပြတိုက်ထဲမှာ အဆင့်တံဆိပ်တွေဟာ မှန် ဘောင်းထဲမှာထည့်ထားတာ မရေနိုင်လောက်ဘူးလို့ပြောထားတယ် ဒါပေမဲ့ ရုရှားဟာအခုထိ ဂျာမန်ကိုမုန်းတီးတုန်းပဲ သူတို့ဘယ်လောက်လူမျိုးရေးစိတ်ဓာတ်ရှိတုန်း ဗျာ ရုရှားကစစ်နိုင်ပေမဲ့ အသဲစွဲမုန်းတီးတာဗျ…..၈၈တုန်းကလူတွေသတ် ခေါင်းဖြတ်တာတွေဟာ စစ်တပ်ကလုပ်တာလား ဖြစ်ချင်သလိုဖြစ်နေတာ ရဲတွေတောင်အသတ်ခံရတယ် ဘယ်လို့မှထိန်းလို့မရတော့ဘူးဗျာ …..ဘယ်သူတွေထိန်းပေကြတုန်း …လူတစ်ယောက်ကိုပြောရင်တောင်အဒီလူကဘာအကျိုးပြုခဲ့တုန်း ပြန်ကြည့်ပါဗျာ ….ဒါပါပဲဗျာ

Comments are closed.