မျက်မှောက်ရေးရာ သတင်းပဒေသာ

ဆောင်းဦးလှိုင် တကိုယ်တော်ပွဲမှာ အနှောက်အယှက်များနဲ့ကြုံရ – Saung Oo Hlaing’s concert

Shwe Thanzin ဖေ့စ်ဘုတ်
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၂

ဆောင်းဦးလှိုင် နဲ့ ရွှေသံစဉ်ကိုဝင်းမော် (ဓာတ်ပုံများ – Burma VJ Media Network)


မနေ့က(၁၇-၂-၂၀၁၂)ည ၇း၃၀ မှ ၁၁း၀၀ အထိ တေးသံရှင်ဆောင်းဦးလှိုင်ရဲ့ နှလုံးသားတွေ လှူမယ့်ည ဆိုတဲ့ ONE MAN SHOW ကို ရန်ကုန်မြို့၊ မြို့မကျောင်း လမ်းမှာရှိတဲ့ အမျိုးသားဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

ဥက္ကာဦးသာဦးစီးတဲ့ Plus Three Band က တီးခတ်ပေးပါတယ်။ ဥက္ကာဦးသာ ဆိုတာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ထင်ရှားခဲ့တဲ့(ရွှေသံစဉ်)အဖွဲ့မှာ Keyboard တီးခဲ့ဖူးသူပါ။

show မှာရမယ့် အနုပညာကြေးတွေအပြင် လာရောက်လှူဒါန်းကြတဲ့ ငွေတွေကို နာရေးကူညီမှုအသင်း၊ ၈၈မျိုးဆက်ကျောင်းသားများ၊ မိဘမဲ့ကလေးများ စသည်တို့ကို ပြန်လည် လှူဒါန်းသွားမှာဖြစ်ပါတယ်။

သူ့ရဲ့ပွဲကို ရွှေသံစဉ်တေးဂီတအဖွဲ့မှ ဂီတမှူး ကိုဝင်းမော်လည်း တက်ရောက် အားပေးခဲ့ပါတယ်။

သူ့ရဲ့ပွဲ မကျင်းပမီ ညနေပိုင်းက သူဖိတ်ကြားထားခဲ့တဲ့ သူ့ရဲ့သူငယ်ချင်း တွေဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေလာမယ် ဆိုရင် ပွဲလုပ်ခွင့် မပြုဘူးလို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက လာရောက်ပြောကြားခဲ့တဲ့အတွက် သူဟာအကျပ်အတည်းတွေ့ခဲ့ရတယ်၊

ဒါပေမယ့်သူ့ သူငယ်ချင်းတွေက နားလည်မှုရှိစွာ မလာတော့ပါဘူး-ဆိုလို့ သူစိတ်မကောင်းစွာနဲ့ ဒီပွဲကို တင်ဆက်ခဲ့ရပါ တယ်။

နာရေးကူညီမှုအသင်းဝင်တစ်ဦးဖြစ်တဲ့ ဆောင်းဦးလှိုင်ရဲ့ပွဲကို ဦးကျော်သူ၊ မရွှေဇီးကွက်တို့အပါအ၀င် အသင်းသားတွေလည်း လာရောက်ကြရာမှာ အသင်းသားတွေရဲ့ကားကို ပေးမ၀င်တာ၊ အသင်းဝတ်စုံနဲ့ ပေးမ၀င်တာတွေလည်း ပြုလုပ်ခံခဲ့ရပါတယ်။

၈၈ က မနီလာသိန်းတို့အဖွဲ့ ရောက်လာချိန်မှာလည်းတူညီ ၀တ်စုံနဲ့ မ၀င်ဖို့ ဟန့်တားခံခဲ့ရပါတယ်။

ဒီလို အခက်အခဲ စိတ်အနှောက်အယှက်ဖြစ်စရာတွေကြားကနေဘဲ ဆောင်းဦးလှိုင်ဟာ ဒီပွဲကို အောင်မြင်စွာ တင်ဆင်ခဲ့ပါတယ်။

နောက်ဆုံး (ကျောင်း )သီချင်းကို ပရိသတ်နဲ့ သံပြိုင် မတ်တတ်ရပ် သီဆိုကြရင်း ပွဲကို လှပစွာသိမ်းခဲံ့ ပါတယ်။





သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

16 thoughts on “ဆောင်းဦးလှိုင် တကိုယ်တော်ပွဲမှာ အနှောက်အယှက်များနဲ့ကြုံရ – Saung Oo Hlaing’s concert
  1. အဲဒါကွ ဒီမိုကရေစီသိန်းစိန်ရဲ့ အပြောင်းအလဲတွေ မှတ်ထား

  2. ဒီရက်ပိုင်းဖြစ်နေတဲ့အနှောက်အယှက်တွေဟာ သွေးရိုးသားရိုးမဟုတ်နိုင်ပါဘူး…နိုင်ငံရေးလွတ်လပ်ခွင့် ပြည်တွင်းငြိမ်းချမ်းရေးအပြောင်းအလည်း ကိုဦးတည်းလျောက်လှမ်းနေတဲ့အချိန် ခောတ်ဟောင်းကငြင် ဆိုးအကျင့်ဆိုးတွေ ထိပ်တိုက်ရင်ဆိုင် အလျော့ပေးအညံ့ခံရဘို့ ဖိအားပေးမှု့ တွေကိုကျော်လွှားနိုင်ဘို့  စည်းရုံးညီညွတ်တဲ့စိတ်တွေနှင့် အယောက်တိုင်းကိုယ်စီမွေးနိုင်ကြရမှာပါ…ရဲ့ ဝန့် စွာဦးဆောင်နေတဲ့ အကျော်အမော်တွေလူပုဂ္ဂိုလ်တွေ ၀ိုင်းရံအားပေးအကာကွယ်ပေးကြရမှာပါ…ကိုယ်နိုင်ငံကိုယ်အမျိုးကို ချစ်တယ်ဆိုလျင်တော့ ဒီလိုအခြေနေရောက်နေနှင့်ပြီးမှတော့အယောက်တိုင်းရဲရဲဝန့် ဝန့် နဲ့  အမှန်တရားအတွက်…ဓါးတချောင်းဒုတ်တချောင်းကိုင်မြှောက်စရာမလိုပါဘူး…အမှန်တရားအတွက်ရင်ကော့ပြရုံလောက်နဲ့ တင်လုံလောက်ပါတယ်…

ှုITC ကျောင်းသားဟောင်း

  3. သူတို့မကြည့်ရလို့ဖြင့်မှာပေါ့။ကိုကြီးဆောင်းကိုအားပေးတယ်။အရေကြီးဒါစိတ်ဓာတ်ဘဲမင်းတို့တာလည်းပွဲပျက်မှာလား။ပျင်းတောင်ပျင်းသေး……….ဟာဟာဟာ….ခေတ်မပြောင်းခင်စိတ်ဓာတ်ပြင်းလိုက်အုံး……..

  4. ဘာတွေလည်းဟ အခုထိနောက်ပြန်ရောဂါထတုံးပဲလား လွတ်လပ်မှုဆိုတာဘာလည်း၊သူတပါးကိုမထိ
    ခိုက်ရင်ရတယ်မဟုတ်လား။တို့လည်း အခုထိနားမလည်နိုင်အောင်ဖြစ်နေရတယ်။ခေါက်ရိုးကျိုးနေတဲ့
    အပြုအမူလေးတွေပြင်သင့်ပြီထင်တယ်။မနာလိုရောဂါကုသပေးဘို့ဆေးမရှိတော့ဘူးလား
    အားလုံးကုသိုလ်ယူတယ်ဆိုတာကိုပဲ အားလုံးကကြားချင်နေပါတယ်။

  5. What does a spring do? Put it between the thumb and pointing fingers. A spring’s behavior can be easily seen.

  6. Ko Win Maw,

    Please let the music flow again through your guitar. The audience is surely looking for your good understanding, arrangement and interpretation on the songs that your group played before.

  7. အစိုးရက ဘာကို ကြောက်နေတာလဲ၊ သီချင်းဆိုတာကို လာကြည့်တဲ့ ပရိသတ်ကိုလည်း ဘာနဲ့ မလာရ၊ ဘာမဝတ်ရနဲ့၊ စိတ်ကုန်ပါတယ်၊ အခက်အခဲတွေကြားက နားလည် အားပေးတဲ့ ညီအစ်ကို မောင်နှမတွေ နဲ့ မဆုတ်မနစ်ဇွဲ နဲ့ ကြံကြံခံပြီး ကြိုးစားခဲ့ ကိုဆာင်းဦးလှိုင်ကို လေးစားပါတယ်။

  8. ကောင်းတော့ မကောင်းဘူး။ ခုမှစဉ်းစားမိတာရှိလို့ ပြောပါရစေ။ ကိုဆောင်းဦးလှိုင် အနေနဲ့ အခုပွဲကို အစိုးရကပိတ်လို့ မလုပ်ဘူးလို့ ဖျက်လိုက်ရင် ဘာဖြစ်လာမလဲ။ အားလုံးစီစဉ် ပြီးသားမို့ အလှူအတွက် မဖြစ်တဲ့အပြင် အရှုံးသေချာပေါက်ပေါ်မှာပါ။ ဒါပေမယ့် နောက်တကြိမ်မှာ အစိုးက အလို ဒီမိုကရေစီ မဆန်တဲ့ တားဆီးပိတ်ပင်မှုတွေ ( ၈၈ မလာရ၊ တူညီဝတ်စုံ မဝတ်ရ) ဆိုတာတွေ လျော့သွားမယ်လို့ယူဆပါတယ်။ အကြမ်းမဖက်နည်းကို ကိုယ်ကျင့်တရားအရ( moral principle) အရမဟုတ်ပဲ မဟာဗျူဟာအရ (strategically) တိုက်ခြင်းဖြင့် ဒီမိုကရေစီ မဆန်တဲ့ အစိုးရရဲ့ ထောက်တိုင်တွေကို နည်းအောင်လုပ်ယူကော ဘယ်လိုဖြစ်လာပါမလဲ။ အကြမ်းမဖက်လှူပ်ရှားမှု ဟာ လမ်းမပေါ်ငြိမ်းချမ်းစွာ ထွက်ဆန္ဒပြမှ မဟုတ်ပါဘူး အများကြီးပါ။ ဒီမိုကရေစီ ထွန်းကားပါစေ…..

    1. ပြောစရာနဲနဲကျန်ခဲ့လို့ဆက်ပြောပါရစေ…. ပွဲကို သိပ်မပျော်ပဲကျင်းပရတာထက် တကယ့်ကို စိတ်ရောကိုယ်ပါ သူငယ်ချင်းများစုံစုံလင်လင်နဲ့ ပျော်ရွင်စွာ ကျင်းပနိုင်ပါက အနုပညာရသကော ပိုခံစားနိုင်မယ်လို့ ထင်ပါတယ်။ ပြီးမှ လာပြောရအောင် မင်းကဘာကောင်မို့လဲလို့ မေးရင် ဘာမှ မဖြေပဲ
      ” ပြုံး” ပြီးပဲနေလိုက်ပါမယ်….. 🙂

  9. ဖော်ချွတ်ထားတဲ.ဟာတွေနဲ.ပဲshowပွဲကြည်.စေချင်ပူံပဲ

  10. ခွေးအစိုးရ
    this is my first blessing in Burmese language. Now I am learning how to use Burmese fonts.

  11. ဘယ်မှာလဲ လူ့အခွင့်အရေး ၊ သံကောင်းဟစ်နေကြတာကတော့ ဒီမိုကရေစီဆို ဘာလဲ သူတို့ကိုယ်တိုင် ဒီမိုကရေစီဆိုတဲ့ အဓိပ္ပါယ်ကို နားမလည်ကြတာလားမှမသိတာ အော် ဒီမိုကရေစီ… မြန်မာနိုင်ငံ ဒီမိုကရေစီ ….. ရင်လေးပါတယ်နော်……

  12. အခုစာကလေး အခုထမင်းကြော် ဘယ်လိုအစိုးရနဲ့လာတွေ့နေသလဲမသိဘူး..ဒါတွေကိုဘယ်သူ ဦးဆောင်လုပ်နေသလဲဆိုတာ ဖေါ်မထုတ်နိုင်ကြဘူးလား..မီတယာသတင်းထောက်တွေလုပ်ကြပါအုံး သမ္မကြီးလား၊ဒုသမ္မလား၊ လွတ်တော်ဥက္ကဌလား၊ ကြံ့ဖွတ်ပါတီဝင်တွေလား..အရှက်မရှိတဲ့ကောင်တွေ
    မနာလိုတဝင်တိုစိတ်တွေနဲ့ ၊ပြောတော့တစ်မျိုးလုပ်တော့တစ်မျိုး ဒါကြောင့်ပိတ်ဆို့မှုတွေကိုအားလုံးမဖွင့်
    ပေးတာ…ကောင်တဲ့စိတ်တွေကိုမမွေးနိုင်ကြဘူး..ဘယ်လိုလူတွေနဲ့ကြုံတွေ့နေရမှန်မသိဘူး။

  13. အခုအတိုင်းသာဆိုရင်တော့ဒီအစိုးရ သိပ်မဟုတ်တော့ဘူးထင်တယ်နော်။ စစ်စော်တွေနံနေရင်ဖြင့်ဘယ်မှာလာပြီးခောတ်မှီဖွံ့ ဖြိုးတိုးတက်တဲ့ဒီမိုဂရေစီနိုင်ငံသစ်ကြီးဖြစ်လာနိုင်ပါ့မလဲ။

Comments are closed.