မိုးမခကို ပေးတဲ့စာ

Burmese Workers in Maesod – မဲဆောက်မှာ လက်မှတ်မဲ့မြန်မာအလုပ်သမားများကို ရဲဖမ်း

မဲဆောက်မှာ လက်မှတ်မဲ့မြန်မာအလုပ်သမားများကို ရဲဖမ်း

မဲဆောက်သားလေး၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၁၂

ယမန်နေ့ နံနက်ပိုင်းက မဲဆောက်ဈေးအတွင်း ထိုင်းလုံခြုံရေးတာဝန်ရှိသူများ က ဈေးရဲ့  နေရာတော်တော်များများမှာ အဖွဲ့များခွဲပြီး တစ်ပြိုင်တည်း ၀င်ရောက်၍ နေထိုင်ခွင့်နှင့် ပတ်စ်ပို့များကို စစ်ဆေးခဲ့ပါတယ်။ ဒီလိုစစ်ဆေးရာမှာ နေထိုင်အလုပ်လုပ်ခွင့်လက်မှတ် မရှိသူများနှင့် သက်တမ်းကုန်ဆုံးနေသူများကို ဖမ်းဆီးသွားပြီး ယခုလ (၂၈) ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည့် လက်မှတ်ကိုင်ဆောင်ထားသူများကိုလည်း ပတ်စ်ပို့လျှောက်ထားသော အထောက်အထားပြခိုင်းပြီး မပြနိုင်ပါက သက်ဆိုင်ရာသို့ ခေါ်ဆောင်သွားကြတယ်လို့ ဈေးအတွင်းက မျက်မြင်သက်သေတစ် ဦးက ပြောပါတယ်။

ဒီနေ့မနက်ဖမ်းဆီးတာဟာ နေရာတော်တော်များများကို ပိတ်ပြီး ဖမ်းတာမို့ မလွတ်ကြဘူးလို့လည်း ပြောပြပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့ဟာ မဲဆောက်စက်ရုံများ လ၀က်လစာ ထုတ်ရက်လည်းဖြစ်လို့ ဈေးအတွင်း လူစည်ကားတဲ့ရက်ဖြစ်ကြောင်းလည်း သိရပါတယ်။

  မဲဆောက်က အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးကတော့ ဘန်ကောက်မြို့မှာ အီရန်နိုင်ငံသားဗုံးခွဲသည့်ကိစ္စနှင့်များ ပတ်သက်သလား မသိဘူးလို့ ပြောဆိုသုံးသပ်နေပါတယ်။ သက်ဆိုင်ခြင်းရှိ/ မရှိကိုမူ မသိရပါ။

 မဲဆောက်ကအလုပ်သမားတစ်ဦးကလည်း “ပတ်စ်ပို့လည်းလုပ်ရ၊ ဘတ်လည်းလုပ်ရ ဆိုတဲ့အတွက် ငွေက သောင်းချီကုန်တယ် မလုပ်နိုင်ဘူး အခုဖမ်းတော့လည်း ရက်ရက်စက်စက်ပဲ” လို့ ပြောပြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts