ရသဆောင်းပါးစုံ ဝေဖန်ရေးရာ

ဘန်ကောက်ရောက်၊ ခရစ်ယာန်ဘုန်းကြီး အတုကြီး

ဝတ်မှုန် (စင်ကာပူ)
ဖေဖော်ဝါရီ ၁၆၊ ၂၀၁၂

ကျွန်တော် နိုင်ငံရေးသမားမဟုတ်ပါဘူး။ ဘာသာရေးတရားဟောဆရာလည်း မဟုတ်ပါဘူး။ သို့သော် နိုင်ငံကိုကောင်းစေချင်တဲ့ ခရစ်ယာန် ဘာသာရေးမီဒီယာလုပ်ငန်းလုပ်ပါတယ်။

အင်တာနက်မှာ 5-Feb-2012 YouTube ခရစ်ယာန်တစ်ဦးရဲ့ဘ၀အကြောင်းကို နားထောင်လိုက်ရတဲ့အချိန်မှာ၊ သူပြောသလို သူနဲ့ကိုယ်က RIT ဘွဲ့ရချင်းအတူတူ၊ ခရစ်ယာန်လည်းတူ ..ဆိုတော့ အလွန်စိတ်ဝင်စားမိတယ်။ အံ့သြလွန်းလို့ တခြား RIT နဲ့ဆက်နွယ် သူတွေကိုမေး ကြည့်တော့ ဟုတ်လားလို့ပဲ ပြန်မေးခံရတယ်။

ဇတ်လမ်းကတော့ … အသက် (၇) နှစ်အရွယ် သူရိန်ထွန်း ဆိုသူ မိဘ ၂ ပါးနဲ့၊ သူ့ညီမလေးရယ် သထုံဖက်၊ ကားနဲ့ခရီးထွက်စဉ် စစ်တပ်က အမေ့ကို မုဒိမ်းကျင့်၊ အဖေ့ကိုဘက်နက်နဲ့ထိုးသတ်၊ ကားနဲ့အလောင်း ဓါတ်ဆီလောင်းမီးရှို့ပြီး၊ မောင်နှမ ၂ ယောက်ကျန်ရစ်ခဲ့တယ်။ နောက်ပိုင်း ပဲခူးမှာ ၁၀ တန်းအောင်၊ သူက RIT ပြီးတယ်။ ညီမက MBBS ပြီးတယ်။ မိဘသတ်သူကိုလက်စားခြေဖို့ တောထဲဝင်မယ်ကြံတုန်း ပဲခူးဘုန်းကြီးက သံ ဃာဝတ်ခိုင်းရာမှ ဘုန်းကြီး (၉) ဘွဲ့ရတယ်။ ၁၉၈၈ အရေးအခင်းအပြီးမှာ ဗိုလ်ချုပ်မှူးကြီးစောမောင်က သူ့ကို ပြည်ပပညာသင်ပို့တယ်။ အိန္ဒိယက M.A Buddhism, သီရိလင်္ကာက Ph.D ရခဲ့တယ်။ မြန်မာပြည်မှာမြှောက်စားခံရပြီး နိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးစောမောင်သွား တဲ့နိုင်ငံတွေကို လိုက်ရတယ်။ နောက် နှလုံးကင်ဆာရောဂါရပြီး သေနေ့စောင့်နေချိန် ခရစ်ယာန်တရားကြားပြီး၊ ခရစ်ယာန်ဖြစ်တယ်။ ဘုန်းကြီးလူထွက်ပြီး၊ ကချင်ပြည်ရောက်တယ်။ ပြည်မပြန်လာပြီး ခရစ်ယာန်သာသာနာပြုချိန် အဖမ်းခံ၊ ထောင်ကျ၊ နှိပ်စက်ခံရပေမဲ့ ပန်းပန် လျှက်ပါပဲလို့ အလွန်ဘုရားရဲ့စောင့်ရှောက်မှုခံရကြောင်း ပြောပါတယ်။ မေတ္တာတရားလည်း ရရှိကြောင်းကို သူ့မိဘသတ်သွားသူ အသက် ၈၀ အရွယ်ပြန်တွေ့ပြီး၊ ခွင့်လွှတ်နိုင်ကြောင်း၊ ဘုရားမေတ္တာကြီးမားလှကြောင်း စသဖြင့်ပေါ့။ ပါဠိစကားတွေ၊ စာအုပ်တွေ ညှပ်ပြောတော့ … ကျွန်တော်နားမလည်ပေမဲ့၊ သူ့ရဲ့အသံကြားပြီး ယုံလိုက်မိပါတယ်။

အံ့သြစရာကြီးပေါ့။ ဘုရားသခင်လုပ်ရင် ဘာမဆိုဖြစ်တယ်ဆိုပြီး အချက်အလက် အနည်းအကျဉ်းစုံစမ်းတယ်။ RIT ဘွဲ့ရသူငယ်ချင်း များကလည်း မသိဘူး၊ ဟုတ်လားလို့ပဲ ပြောတယ်။ ဘယ်သူမှ မကန့်ကွက်ရဲဘူး။ Data မှမရှိပဲကိုး။ အဲဒီ တနာရီကြာတဲ့ YouTube ဟာ အင်တာနက်မှာ ၄ ရက်အတွင်း အကြိမ် တစ်သောင်းငါးထောင်ကျော် (15,000) count ဖြစ်သွားတယ်။ ကွန်မင့်တွေအများကြီးပေးကြပေမဲ့ သူပြောတဲ့အကြောင်းတွေကို Data နဲ့ ကန့်ကွက်မဲ့လူမရှိဘူး။

အဲဒီလူက တဆင့်တိုးပြီး ဗုဒ္ဓဘာသာတွေကို တိုက်ရိုက်ဘုန်းကြီးအသံ၊ ပါဠိစာလုံးတွေနဲ့ ခရစ်ယာန်တရား ၂ ခုထုတ်လိုက်တာ၊ နာရီပိုင်း အ တွင်း အပြင်အထန်တိုက်ခိုက်မှုကိုခံရပြီး၊ ခရစ်ယာန်အချင်းချင်းကလည်း ဒီလူလိမ်ဖြစ်တယ်ဆိုတာကို သက်သေများနဲ့ပြောလာတာကြောင့် YouTube ကနေ ဖြုတ်ချလိုက်ပါတယ်။

ကျွန်တော်တို့ RIT ကျောင်းဆင်းတဲ့။ ပဲခူးမြို့က အင်ဂျင်နီယာတွေက မဖြစ်နိုင်ဘူး။ ဒါလောက်နာမည်ကြီးတာတောင် မကြားဖူး။ ပြီးတော့ 1982 B.E Civil ဘွဲ့ရသူ ၁၆၀ ဦးမှာ သူရိန်ထွန်းဆိုတာမပါဘူး။ RIT 1980-1984 အင်ဂျင်နီယာဘွဲ့အားလုံးရသွားသူစာရင်းမှာလည်း သူရိန်ထွန်းဆိုတာ မတွေ့ဘူး။ အဲဒီလူကို ဘန်ကောက်ကမိတ်ဆွေတွေက အင်တာဗျူးတဲ့အသံဖိုင်ကို နားထောင်ပြီးချိန် ဒီလူ RIT ကျောင်းမတက်ဖူးဘူးဆိုတာ သေချာပေါက် သိသွားပါတယ်။ ဒီတချက်နဲ့ပဲ သူကို Reject လုပ်လိုက်ပါတယ်။

သတင်းမီဒီယာသမားတွေလည်း တခါတလေ သတင်းထူးပဲဆိုပြီး၊ ယုံလို့ အေပရယ်ဖူးနေ့များမှာ အင်တာနက်၊ ယုံချင်စရာများ တင်ပြ လေ့ရှိတယ်။ အခုကိစ္စတော့ ခရစ်ယာန်မီဒီယာလောကအတွက် အရှိုက်ကိုထိုးခံရတဲ့ လိမ်လည်မှုကြီးပါ။ ဒီလူ ဘာသာရေးဘန်းပြ လိမ်စား နေတာ အခုချိန်မသိရင် နောက်နောင်ပိုဆိုးလာမလားမသိ။ မြန်မာပြည်မှာ ၁၅ နှစ်လောက် ဘုန်းကြီးလူထွက်၊ ခရစ်ယန်ဘာသာဝင်ပြီး မြန်မာပြည်တွင်းမှာလိမ်လို့ အဆင်မပြေတော့၊ အခု ပြည်ပထွက်လာပြီး လိမ်ပြန်တယ်။ ပြည်ပကျတော့ လိမ်လို့မရတော့ဘူး။ မိသွား ရှာတယ်။

● လင်္ကာအရှင်ရဲ့ဖေ့စ်ဘုတ်
13-Feb-2012 မှာတင်ထားတဲ့ အချက်အလက်မှာ၊ သီရိလင်္ကာ ကိုလံဗုဒ္ဓတိသရဏယူနီဗာစတီက Ph.D ရသွားတာဆိုတာ
၁။ ၂၀၀၈ ခုနှစ်မတိုင်ခင်က ကေလနိယတက္ကသိုလ်မှ ဦးပညာဝံသ၊
၂။ ပေရာဒနိယတက္ကသိုလ်မှ ဦးနရိန္ဒ
၃။ ယခုနှစ်မှ ဒေါက်တာဘွဲ့ပြီးခဲ့တဲ့ ဆရာတော်ဦးဝဏ္ဏသီရိဆိုတဲ့ အရှင်သုံးပါးသာ လင်္ကာကနေ ဒေါက်တာဘွဲ့ပြီးဆုံးခဲ့တယ်လို့ သိရပါ တယ်ဆိုတာ Data ရအောင်ရှာပြီး၊ ဒီလူဟာ လူလိမ်ဖြစ်ကြောင်း ချေပနိုင်ပါတယ်။

RIT ဘွဲ့ရမဟုတ်ကြောင်း၊ Ph.D ဘွဲ့ရမဟုတ်ကြောင်း ဒီ (၂) ချက်ရဖို့ ၇ ရက်တောင် ကြာမြင့်ပါတယ်။ နောက်ပိုင်းတော့ အဲဒီခရစ်ယာန် ဘုန်းတော်အတုရဲ့ လိမ်တဲ့အချက်တွေ တခုပြီးတခုပေါ်လာတော့မှာပါ။

ဒါ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အလွန့် အလွန် အရေးကြီးပါတယ်။

အင်တာနက်ခေတ်ကြီးမှာ ခရက်တစ်ကပ်၊ အိုင်စီပျောက်လို့ ရဲ၊ ဘဏ်ကို သတင်းမပို့ခင် နာရီပိုင်းအတွင်းမှာပဲ အွန်လိုင်းနဲ့ ငွေထုတ်သွားနိုင် တဲ့ခေတ်ကြီးမှာ၊ ဒေတာ (အချက်အလက်) အလွယ်တကူမရနိုင်တဲ့ မြန်မာလူမျိုးများအတွက် လူလိမ်များရန် ကာကွယ်ဖို့ခက်ခဲလှပါတယ်။ ဘယ်သူ့ကိုယုံရမလဲ။ မြန်မာသံရုံးတွေကကော ..ယုံရပြီလား။

● လူလိမ်ကြီးများကြီးစိုးနေသော မြန်မာနိုင်ငံ
မြန်မာပြည် စစ်အစိုးရခေါင်းဆောင်များဟာ ဟိုးယခင်က ရိုးသား၊ အမိန့်နာခံမှုနဲ့ လုပ်သူများဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်ယုံပါတယ်။ သူတို့ မှာပညာမရှိတော့ နိုင်ငံရေးလိမ်မာပါးနပ်စွာလုပ်စားနေရင်းကနေ စစ်တပ်အာဏာသိမ်းပြီး၊ နောက်ပိုင်းမှာ ပညာတတ်ရင်၊ လုပ်စားလို့မရတဲ့ အထိဖြစ်သွားပါတယ်။ ဥပဒေအားလုံးကို နှုတ်ဥပဒေ (တနည်းအားဖြင့် စစ်ဥပဒေနဲ့) တိုင်းပြည်အုပ်ချုပ်ခဲ့တာ နှစ် ၅၀ အတွင်း ဒီလိုဖြစ်သွား တာကို အားလုံးသိပြီးဖြစ်ပါတယ်။

အခု ဒီဘာသာရေးလူလိမ်အကြောင်းကို ဆက်မယ်ဆိုရင် မြန်မာပြည်တွင်းမှာ ဘာမှယုံကြည်မှုမရှိပဲ၊ နှစ်ပေါက်တပေါက်၊ အပွကြံ၊ တနပ် စားတွေဖြစ်ပြီး၊ တရုတ်ကြီးရဲ့ဝါးမြိုမှုတွေကိုမြင်ပြီး ပြုပြင်ပြောင်းလဲရေးအစိုးရသစ် ၂၀၁၁ မှာစတင်ခဲ့တာ တနှစ်ရှိပါပြီ။ မြန်မာအစိုးရသစ်ရဲ့လုပ်ဆောင်မှုတွေကတော့ တနှစ်အတွင်းမှာ အံ့သြဘွယ်လုပ်ပြခဲ့ပါတယ်။

အခုရေးလိုတာကတော့ လူလိမ်များ၊ ပြည်တွင်းမှာ ဆက်လိမ်လို့ လုံးဝမရသူများ၊ ပြည်ပထွက်ပြီးလိမ်တာတွေ များနေပါတယ်။ မြန်မာပြည်ပြု ပြင်ပြောင်းလဲမှုများကြောင့် ပြည်တွင်းမှာ ဆက်လိမ်လို့မရတော့သူတွေ ပြည်ပထွက်လိမ်ရတယ်ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ပြည် ပရောက်မြန်မာများ အထူးသတိထားစေလိုပါတယ်။ သန့်ရှင်းမြင့်မြတ်ပါတယ်ဆိုတဲ့ ဘာသာရေးလောကထဲအထိ အတုအယောင်တွေ ၀င်လာကြတာ ကိုယ့်ဘုန်းကြီးကလိမ်တော့၊ လူမသိတိတ်တိတ်ကလေး၊ ဖြေရှင်းလိုက်ကြတာများပေမဲ့ အခု အင်တာနက် ယူကျူ့အထိ တက်ပြီးလိမ်တာကတော့ အကောင်းမြင်ဖက်ကကြည့်ရင် ဒီခရစ်ယာန်ဘုန်းကြီးအတု ဆက်လိမ်လို့မရတော့ဘူး။ နောက်မြန်မာလူမျိုးတွေ လည်း သတိထားပေတော့လို့ မှတ်ယူလိုက်ပါတယ်။

● ပြည်ပငွေလိမ်သတင်းကြီး ၂ ခု
၁။ December 2012, စင်ကာပူနိုင်ငံ၊ ရွှေရတနာဆိုတဲ့ ဆိုင်ပိုင်ရှင် စင်ကာပူနိုင်ငံသားခံယူထားတဲ့ မြန်မာပြည်ကအမျိုးသမီးက မြန်မာပြည်မှာအတိုးပိုရတယ်ဆိုပြီး သူ့ဆီအပ်ထားတဲ့ ဒေါ်လာသန်းပေါင်းများစွာကို ခပ်တည်တည်နဲ့လိမ်သွားတယ်။ ဆိုင်ကို ခဲနဲ့ပေါက်မဲ့ အလုပ်သမား ငွေလွှဲသူများကိုတော့ သူတို့လွှဲတဲ့ငွေတွေ ပြန်ပေးတယ်။ ဒေါ်လာသိန်းချီပြီး အပ်ထားသူများရဲ့ ငွေကိုတော့ ပြန်မပေးပဲ ပျောက်ဆုံးနေပါတယ်။ ထို့အတူ လွိုင်ဟိန်းဆိုတဲ့ဆိုင်ကလည်း တခြားမြန်မာဆိုင်အငယ်များက အလုပ်သမားများလွှဲငွေများကို ထပ်မံလိမ်ယူ၊ ထွက်ပြေးပျောက် ဆုံးသွားပါတယ်တဲ့။ အဲဒီလူတွေလည်း မကြာခင် စင်ကာပူပြန်လာကြမလားမသိဘူး။

၂။ January 2012, ကိုရီးယားဝမ်ငွေ တောင်ကိုရီးယားနိုင်ငံတွင် မြန်မာပြည်သို့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသော နိုင်သားလေး (ဖုန်း ၀၁၀၈၄၈၈၄၇၇၀ ဂျီမေးအကောင်.montharlay@gmail.com) ဆိုသူသည် မြန်မာပြည်သို့ငွေလွှဲရန် မြန်မာအလုပ်သမားများအပ်နှံထားသော ကိုရီးယားဝမ်သိန်းပေါင်း နှစ်ထောင်ကျော်ယူငင်ပြီး ထွက်ပြေးတိမ်းရှောင်သွားပါသည်။ ၎င်းကိုင်ဆောင်သောဖုန်းနှင့် ဂျီမေးအကောင့်ကို လည်း လုံးဝပိတ်ထားလိုက်ပါသည်။ ကိုသစ်ထူးလွင်မှ သတင်းအဖြစ် နောက်ထပ် အလုပ်သမားများ ကျွန်တော်တို့လို အလိမ်မခံရရေး အတွက် အသိပေးစေလိုပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာအသင်းအကြီးအကဲ ဦးဝိုင်းထံသို့မေးမြန်းနိုင်ပါသည်။ (ဖုန်း ၈၂ ၁၀၂ ၃၃၁၂၄၅၇) လို့ပါတဲ့အတွက် ဦးဝိုင်းကိုဖုန်းခေါ်ပါတယ်။ ဦးဝိုင်းဖြေကြားချက်က – အဲဒီလူငယ် ထိုင်းနိုင်ငံကနေ သူ့ဆီကိုဖုန်းဆက်တယ်။ သူကိုးရီးယားရောက်လာတာ ၆ နှစ်ရှိပြီ။ ဆိုင်ထောင်တယ်။ မကိုက်လို့ ဆိုင်ကိုသူများလွှဲလိုက်ပြီး ငွေလွှဲတာပဲလုပ်တယ်။ အကျပ်အတည်း တွေ့လို့ တခြားနိုင်ငံရှောင်သွားတယ်။ အခု ငွေပြန်လည်ပြီမို့ လွှဲငွေအားလုံးကို ပြန်ပေးပြီးတဲ့အတွက် သစ်ထူးလွှင်က ဒီသတင်းပြန်ဖြုတ်ပေးဖို့ ပြောပေးပါဆိုပဲ။

ဒီလူတွေလည်း မြန်မာပြည်ကလူလိမ်များလို ဥပဒေအရတရားစွဲလို့လဲမရနဲ့၊ လိမ်လည်မှုဖိုးတွန်တီးဆိုတော့ တော်တော်ခက်ပါတယ်။ ခပ် တည်တည် ဆိုင်ပြန်ဖွင့်နေနိုင်တာပဲ။ အံ့သြမိတယ်။

● ဆောင်းပါးနိဂုံး
ဒါကြောင့်ပဲ ပိုက်ဆံလိမ်ပြီး ပြည်ပထွက်ပြေးလာသူ မြန်မာများစွာ တတိယနိုင်ငံတွေမှာ ဒုက္ခသယ်အဖြစ်ငွေပေးပြီး၊ ရီဂျစ်စတာလုပ်လို့ အမေရိကား၊ သြစတြေးလျှားမှာ ငွေထုပ်ကြီးနဲ့ရောက်သွားသူများစွာ ၂၀၀၃ ဗိုလ်ချုပ်ခင်ညွန့် အနားပေးလိုက်ကတည်းကပါပဲ။ အဲဒီလူများ ဟာ ဒုက္ခသည်အတုများဖြစ်ပါတယ်။ ဟိုလူ..သည်လူ .. ဒုက္ခသည်အတုလို့ပြောနေမဲ့အစား ကိုယ်တိုင်ပဲ၊ လမ်းမှားကနေ – လမ်းမှန်ကို လျှောက်ပြီး၊ မိမိ မိသားစုဂုဏ်ကို မြှင့်တင်နိုင်သူများဘ၀ ပြန်ရောက်စေဖို့ မျှော်လင့်ပါတယ်။

အကောင်းမြင်ဖက်ကကြည့်ရင် မြန်မာပြည်တွင်းမှာလိမ်မရတဲ့လူများ ပြည်ပရောက် ရိုးရိုးအေးအေးနေတဲ့၊ မြန်မာလူမျိုးတွေလည်း သတိ ထားပေတော့လို့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

53 thoughts on “ဘန်ကောက်ရောက်၊ ခရစ်ယာန်ဘုန်းကြီး အတုကြီး
  1. နိုင်ငံကျော်လူလိမ်ကြီးကတော့ လွှတ်တော်ထဲမှာ အေးဆေး အငြိမ့်သား..
    ဒေါက်တာအတု ကြီးနဲ့ ဒေါက်တိုခင်ရွှေပါ… အဲဒါလည်း အသံတွေ ငြိမ်ချက်သားကောင်းနေပြန်တယ်…

    1. There is another widely circulated fictitious story on Internet and YouTube about a Myanmar Buddhist Monk who cheated death after his body rotted and presumed dead. (Links below) He visited Hell and said he had seen the Buddha, Bogyoke Aung San, Kyarnikan Sayadaw, etc., all suffering in Hell. This story is so damaging to Myanmar and Theravada Buddhism. Every one should ask YouTube to stop showing this invented story. (Reason for complaint = Inciting Hatred/ Defamation, etc)
      Oo Maung

      1. ဘာသာရေးပြောနေတယ်… နိုင်ငံရေးနဲ့ လာမရောပါနဲ့… ဒီပို့စ်နဲ့ဆိုင်တာကိုပဲပြောပါ…
        (နိုင်ငံကျော်လူလိမ်ကြီးကတော့ လွှတ်တော်ထဲမှာ အေးဆေး အငြိမ့်သား..
        ဒေါက်တာအတု ကြီးနဲ့ ဒေါက်တိုခင်ရွှေပါ… အဲဒါလည်း အသံတွေ ငြိမ်ချက်သားကောင်းနေပြန်တယ်…)

        ဒီလူလိမ်အကြောင်းကို ဖော်ထုတ်ပြောကြားပေးတဲ့ မေရီဆန်းနဲ့ mike ကိုကျေးဇူးတင်ပါတယ်…

  2. ဘာသာတရားနဲ့လူလိမ်လုပ်စားတဲ့လူတွေဟာနိုင်ငံတကာမှာရှိနေပါပြီ။မြန်မာပြည်မှာလည်းကိုရီးယား
    ခရစ်ယာန်သာသနာပြုအတုတွေအများကြီးရောက်နေခဲ့ပါပြီ။ခရစ်ယာန်များေ၇ာတစ်ခြားဘာသာဝင်
    များပါသတိပြုစေချင်ပါသည်။သူတို့လုပ်ရပ်ကြောင့်ဘာသာခြားများအထင်လွဲစရာဖြစ်နိုင်သော်ကြောင့်
    ဖြစ်ပါသည်။ကျွန်မခရစ်ယာန်ပါ။အခုလိုဖေါ်ပြပေးတာကျေးဇူးတင်ပါသည်။

    1. ဒါက သူ၇ဲ့ လိမ်လည်တာဟုတ် မဟုတ်ဆိုတာ ဘယ်သူမှ သေချာမသိနိုင်ပါဘူး….ခိုင်လုံတဲ့ အကြောင်းပြချက်ကိုလည်း ဘယ်သူမှ မပြနိုင်ပါဘူး….ကောလ ဟာသတွေ ကြောင့် ပြောင်းလဲလာတဲ့သူကိုလည်း မကဲ့၇ဲ့သင့်ပါဘူး….ဘယ်ဟာမှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ နောက်ဆုံး ဒါဟာ ဘု၇ားသခင်နဲ့ သူနဲ့ဖြေ၇ှင်း၇မဲ့ ကိစ္စ ပါ ဘယ်သူမှ စီ၇င်လို့မ၇ပါဘူး
      မိတ်ဆွေ..ခင်ဗျားေ၇ာ ကျွန်ုပ်ေ၇ာက ပြောပိုင်ခွင့်မ၇ှိသလို ကဲ့၇ဲ့ပိုင်ခွင့်မ၇ှိပါဘူး……ဒါက ဘု၇ားနဲ့ ဒီသက်သေခံတဲ့ သူ ၂ ယောက်ကြားမှာသာ သိတဲ့ကိစ္စ မို့လို့ ဒါကိုဘု၇ားကသာ စီ၇င်မှာဖြစ်ပါတယ်

  3. လိမ်တာများ ဘာသာတရားကိုဘမ်းပြပြီး လိမ်တယ်။ သေလို့ကတော့ ငရဲပြည် ကကိုတက်မှာမဟုတ်တော့ဘူး။ ပြီးတော့ လုပ်သေးတယ်။ ဗုဒ္ဓဘာသာကထွက်ပြီး ခရစ်ယာန်ထဲဝင်တယ်တဲ့။ ဗုဒ္ဓဘာသာဝင်တွေက ကျေးဇူးတင်ရဦးမယ်။ ဒီလိုလူလိမ်လူညစ်တယောက်လျော့သွားလို့။

  4. ဒီဓါတ်ပုံက စာရေးသူရဲ့ပုံလား (သို့မဟုတ်) လူလိမ်ရဲ့ ပုံလား သိချင်ပါတယ်။
    ဒီလူလုပ်တာနဲ့ ခရစ်ယာန် နဲ့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးအချင်းချင်းမှာ အထင်လွဲစရာတွေဖြစ်ခဲ့ရတယ်။ တကယ့် အစစ်အမှန် ဘာသာရေးလုပ်သူတွေဟာ သူများဘာသာကို စော်ကား ပုတ်ခတ်လုပ်မှာမဟုတ်ပါဘူး။
    စာရေးသူကို ကျေးဇူးတင်ပါတယ်။

  5. အခြားသာသာတရားကိုမကောင်းပြောပြီး သူ့ ကိုယုံကြည်အောင်လုပ်၊ပွပေါက်ကြံတာပါ။
    သူများဘာသာကိုပြစ်တင်ရှုံ့ ချတယ်ဆိုကတည်းက ဒီလူဟာလူကောင်းမဟုတ်ပါဘူး။
    သင်္ခန်းစာက ပြောတိုင်းမယုံနဲ့ ၊ ကိုယ့်ခေါင်းနဲ့ ကိုယ်လဲစဉ်းစားအုံး လို့ သတိပေးတာ။

  6.ွှအဲဗျာ ဒီ ဖာခေါင်းက ခရစ်ယမ်ဘုန်းကြီး လုပ်ပြီး သူများ သားသမီးတွေကို မူဒိန်းကျင့်ခဲ့တာ
    ကျွန်တော်တို.က ၈၈ အရေးခင်းဖြစ်တော့ တမူး မိုးရေးကနေ အိန္ဒိယဖက်ကို တောခိုသွားကြတယ်ဗျာ၊
    အိုက်ဇော၊ အင်ဖား နေရာ အနံ.မှာ ချင်းတွေရှိတာဗျ သူတို.က ရိုးသားတယ် စာမတတ် ဗဟုသုတ မရှိဘူး
    အဲတော့ ဒီငနဲက စားဖားဆိုတော့ ကောင်မလေးတွေကို တယောက်ပြီးတယောက် နောက်တော့ ကလေး အမေတွေပါ မချန် ကျာကူလီကောင်ပါပဲ နောက်ဆုံး အခုသတင်းအရ သူကို ကသဲသူပန်က သတ်မယ်လုပ်လို.
    ထိုင်းထွက်ပြေးနေတာဗျ၊ ကာမ မိစ္ဆာကောင် သတိထားပါ၊ဗုဒ္ဓဘာသာဘုန်းကြီးလဲ မဟုတ်ဘူးဗျာ အဲဒါတွေက ကြံစည် လိမ်လည်မူတွေပါ၊ မကြာခင် ဖာခေါင်း သမိုင်း ပေါ်လာပါမယ်၊

    1. ဒီလူ့ အကြောင်း ပိုပြီး သိချင်တယ်
      ဖြစ်နိုင်ရင် စုံစုံလင်လင် ဖော်ပြပေးစေချင်တယ်

  7. life is always changing, What he sows he have to reaps it. That’s nature. He can not escape in this world.

  8. ဘကြီးအောင်ရယ်…အ ပါရဲ့
    ဒီဓာတ်ပုံက လူလိမ်ရဲ့ ပုံပေါ့။ အွန်လိုင်းမှာ စာရေးတဲ့သူ ဓာတ်ပုံထဲ့ဘူးလေ…:D

  9.ှဓါတ်ပုံရှင်ရဲ့နာမည်ရင်းကသူရိန်ထွန်းပါ။ ၁၉၉၇ခုနှစ်မှာ ဖါးကန့်မြို့၊ ဆိုင်းတောင်ကိုရောက်လာပြီး ယောင် လည်လည်နဲ့ဘုရားကျောင်းကို ရောက်လာပါတယ်။ ဆိုင်းတောင်နှစ်ခြင်းအသင်းတော်ကလည်း သာသနာပြုတဲ့အသင်းတော်ဆိုတော့ ဧ၀ံဂေလိဟောပြီး ယေရှုကိုလက်ခံယုံကြည်ပါတယ်လို့ဝန်ခံပြီး ခရစ်ယာန်ဘာသာ အကြောင်းလေ့လာချင်တယ်ဆိုလို့ သင်းအုပ်ဆရာတော် က ဆိုင်းတောင်နှစ်ခြင်းအသင်းတော်ရဲ့ တပည့်တော်ဖြစ်သင်တန်းကျောင်းမှာ လာအပ်ပါတယ်။ ပါဌိတော်တော်လေးကို နိုင်ပါတယ်။ သင်တန်းမှာ ကျမ်းပိုဒ်တော်တော်များများကို အလွတ်ရွတ်နိုင်သူပါ။
    ဘုန်းကြီးလူထွက်ဆိုတော့ မိန်ကလေးတွေ အနားကတဖ၀ါးမှ မခွါနိုင်သူပါ။
    တပည့်တော်ဖြစ်သင်တန်းကျောင်းပြီးတော့ ကျမ်းစာကျောင်းတက်ချင်တယ်ဆိုလို့ အင်းစိန်MICT ကျမ်းစာကျောင်းကိုပို့တာ ၈တန်းတောင်မအောင်လို့ နောက်ဆုံး တောင်ကြီးကျမ်းစာကျောင်းကိုပို့လိုက်ပါတယ်။ ၆လလောက်အကြာမှာ မိန်းမ case ၊ ပိုက်ဆံ case နဲ့ကျောင်းထုတ်လိုက်ပါတယ်။ လက်ရှိ တောင်ကြီးကျမ်းစာ ကျောင်းအုပ်ကြီး သက်သေပါ။ နောက်နှစ်မှာ မောလမြိုင် မွန်ကျမ်းစာကျောင်း ကို ထပ်ရောက်သွားပြန်ပါတယ်။ မကြာပါဘူး တောင်ကြီးကျမ်းစာကျောင်းက case အတိုင်းဘဲ ကျောင်းထုတ်ခံရပြန်ပါတယ်။ လက်ရှိ မော်လမြိုင် မွန်ကျမ်းစာကျောင်းအုပ်ကြီး သက်သေထားပြီးစုံစမ်းနိုင်ပါတယ်။ RIT ပြီးတာ မွန်ကျမ်းစာကျောင်းအုပ်ကြီးပါ။ ဒါကိုသူအလွှဲသုံးစားလုပ်တာဖြစ်နိုင်ပါတယ်။ သင်းအုပ်ဆရာကြီးတွေတော်တော်များများ လူငယ်တွေကို အားပေးစကားပြောရာမှာ စာကြိုးစားကြဖို့၊ PhD ပညာတတ်ကြီးတွေဖြစ်ဖို့ အားပေးတာတွေကို အတုယူတာကတစ်ကြောင်း၊ ပြည်ပက PhD ပြီးတဲ့ဆရာတော်ကြီးတွေ တရားဟောတာကို ယုံကြည်သူ ခရစ်ယာန် တွေတော်တော် များများသဘောကျတာကို အားကျပြီး၊ ခရစ်ယာန်တွေရဲ့ပျော့ကွက်ကို ကိုင်ပြီး သူ့ကိုယ်သူ PhD ဘွဲ့ရတာပါလို့ မသိသူတွေရှေ့မှာ အသုံးချပြီးညာတာ ဖြစ်နိုင်တယ်။ ဘန်ကောက် MCA အသင်းသားတွေမပြောနဲ့၊ သင်းအုပ်ဆရာကိုတိုင် အယုံသွင်းနိုင်တာကို ဘဲ ကြည့်ပေတော့။ ဆက်ပြောရအုံးမယ်…. မော်လမြိုင်ကျမ်းစာကျောင်းက ထုတ်ခံပြီးတဲ့နောက် သူ့ကောင်မလေးနေတဲ့ ထားဝယ်ဘက်ကိုလိုက်သွားတယ်။ ညားသွားကြတယ်ပေါ့။ သူ့ကောင်မလေးရဲ့ရွာမှာ သူ့ကိုယ်သူ ဆရာဝန်ပါဆိုပြီး ထပ်ညာပြီး ဆေးကုစားတာ နောက်ဆုံးအညာပေါ်ပြီး ပြေးတာ ဖါးကန့်ကိုထပ်ရောက်လာတယ်။ နောင်တရပါပြီဆိုပြီးတောင်းပန်တော့ မွေးစာဖခင် ဆရာကြီးကထပ် ပြီးလက်ခံထားတယ်။ ဒီတခါတော့ မယား နဲ့ သမီးလေးပါလာတယ်။ မယားက ကရင်ဆိုတော့ ဆိုင်းတောင် ကရင်အသင်းတော်မှာ ၀တ်ပြုကြတယ်။ တစ်နှစ်လောက် အယုံသွင်းပြီး ကရင်းအသင်းတော်ရဲ့ယုံကြည်မှုကိုရယူပြီး နောက်ဆုံး အသင်းတော်ရဲ့ treasurer ဖြစ်သွားတယ်။
    မကြာပါဘူး ကရင်အသင်းတော်ရဲ့ အလှူ ငွေတွေအကုန်မပြီးပြေးသွါးတာ ဒီနေ့ youtube ပေါ်ပြန်ရောက်လာတယ်။ သက်သေခံတယ်။ မုသာနဲ့စပြီးမုသားနဲ့အဆုံးသတ်တယ်။
    MCA အသင်းသားတွေရော၊ သင်းအုပ်ဆရာတော်က ပါသဘောကျကြတယ်။ video file ကို sound affect တွေနဲ့ကျကျနနမွမ်းမံပြီး မုသာဝါဒကို ဖြန့်ချီတယ်။
    ခရစ်ယာန်အသင်းတော်တွေ တရားဟောဆရာတွေကိုသေချာစီစစ်လက်ခံပြီးတရားပလင်ပေါ်ကို တင်စေချင်တယ်။
    သူက Reverend လဲမဟုတ်ပါဘူး။ ကျောက်စိမ်းအောင်ပြီးကားဝယ်တာလည်းတခါမှမကြားဖူးဘူး။
    သူ့မွေးစားအဖေကတော့ toyota 4WD အသစ်တစ်စင်းဝယ်တယ်။ သူ့ကိုမမွေးစားခင်ကပါ။ အထက်ကစောင်းပါးရှင်ကို သူရိန်ထွန်းဟာ ခရစ်ယာန်တရားဟောဆရာ အတုပါဆိုတာကို သက်သေထူပေးတာပါ။

    1. Mike- If you so sure about his information,you have to show some evidences. Without evidences this information is meaningless!!!

  10. ကျေးဇူးတင်တယ် ၀တ်မှုန်။ဒီလူလိမ်ကြီးသူရိန်ထွန်း သတင်းကိုသိချင်နေတာ။(၂၀၀၇)ခုနှစ်က ရန်ကုန်၊လမ်းမတော်မှာ သူ.အလိမ်အညာတရားကို နားထောင်ဖူးတယ်။ဗုဒ္ဓပါဋ္ဌိစာလည်းအများကြီးရွတ်တယ်။သူနဲ့အတူအသက်(၁၅)နှစ်လောက်အရွယ်
    ကောင်မလေးတစ်ယောက်လည်းပါတယ်။
    ဒါကျွန်တော့တို့ရဲ့မွေးစားသမီး။အိမ်မှာမိန်းမနဲ့ကလေးနှစ်ယောက်ရှိတယ်။သမီးကိုINDIA မှာကျမ်းစာကျောင်းထားချင်လို့အခု PASSPORTလာလုပ်တာတဲ့။ဗိုလ်ချုပ်စောမောင်ခေတ်က သူဟာဗိုလ်ချုပ်စောမောင်ရဲ့ အနီးကပ်ဖူးမျှော်တဲ့ဗုဒ္ဓဘာသာဘုန်းကြီး အနေနဲ့ ဘယ်သွားသွားအတူ လိုက်ရတယ်တဲ့။(ခွင့်လွတ်ပါ။ဘုန်းကြီးအသုံးအနုန်းမတတ်လို့)။ချင်းပြည်နယ်က ကနေဒီတောင်မှာ ဗခစမ နှင့်အတူအထူးလေယာဉ်စီးပြီး
    ဘုရားဖူးရောက်ခဲ့တယ်လို့တောင်ဆိုသေး။သူ့ဘုန်းကြီးကျောင်းဆောင် မိုးကြိုးပစ်တော့ ကိုယ်ရင် လေးတစ်ပါးဆုံးတယ် ဆိုတာတွေရော အများကြီးပဲ လိမ်တာ။ကျန်တာတော့ ၀တ်မှုန်ရေးထားတာတွေလိုပါပဲ။သူဟောတဲ့တရားကိုနားထောင်ပြီး BIBLE COLLEGE ကျောင်းသားများသူ့ကိုသံသယ ၀င်သွားတယ်။ဒါနဲ့အဲဒီလူအကြောင်း အ ချက်လက်တွေ ပြန်မေး၊စုဆောင်း၊စုံစမ်းကြည့်မှပဲ အလိမ်အညာတွေ ဗူးပေါ်သလိုပေါ်ပါတေ့တယ်။

  11. သူ့.ဇနီးကိုမေးကြည့်တော့ သူရိန်ထွန်းဟာ ခရစ်ယာန်ဘာသာဝင် မဟုတ်ပါဘူး။RIT ကျောင်းဆင်းလဲမဟုတ်၊ကောလိပ်တောင် မတက်ဖူးပါဘူး။အခုကောင်မလေးတစ်ယောက်နဲ့ဖောက်ပြန်နေလို့ ကျမစိတ်နာနာနဲ့ အိမ်ပေါ်ကနှင်ချတာပါတဲ့လေ(အဲဒီကျမှပဲ သူ့မွေးစားသမီးဆိုတာ မယားငယ်ဖြစ်မှန်းသိတော့တယ်၊)။သူက
    ရန်ကုန်မလာခင် ပွင့်ဖြူမြို.နယ်ကိုလည်းရောက်ခဲ့တယ်တဲ့။ဒါနဲ့ပွင့်ဖြူက ခရစ်ယာန် အိမ်ရှင်ကို စုံစမ်းကြည့်တော့ အဲဒီတုန်းက သူ့.မွေးစားသမီးက စိတ်ကောက်လို့ ညသန်းခေါင်ယံကြီး သစ်ပင်ပေါ် တက်တာ သူရိန်ထွန်း လိုက်ချော့နေတာ တွေ့တယ်လို့ သိရပြန်တယ်။ရန်ကုန်မှာဟောတုန်းက “ပြည်တွင်းမှာ သာသနာပြုတွေ အများကြီးရှိတယ်။ကျနော်က အခု မလေးရှား မှာ သာသနာပြုချင်တယ်တဲ့။ရေးရင်းနဲ့တောင် ရွံ့လာပြီ။

  12. ဘာသာရေးဆရာများ သတိထားစရာပါ ။
    လူလိမ်များသည် ဌာနပိုင် ဘာသာရေး ဆရာများကို အလိုပေး အကြိုက်လိုက် မဝေ့ဝိုက်တဲ့ နည်းနဲ့ စည်းရုံးပြီး ကိုယ့်ဘာသာရေးကို အသုံးချ လိုသလို သုံးသွားတတ်ကြသည်။ အသုံးချခံ ဘာသာဝင်တွေ နစ်နာလှသည်။ သန့်ပြန့်တဲ့ ဘာသာဓမ္မ က ရောသမမွှေဓမ္မ အဖြစ်မခံကြဘို့ အထူးဂရုစိုက် ပြီး ၊ ဟောပြောမယ့်သူများကို စီစစ်သင့်လှပေ၏။ လူလိမ်သည် ခနတာ တည်ငြိမ်သယောင်ယောင် နဲ့ ။ ဝန်းကျင်တစ်ခုလုံးကို ဂယောက်ဂယက်ဖြစ်အောင် လှုပ်ခြောက်ခြားစေ၏။ တော်တော်ဆိုးယွားပေစွ ။
    သတင်းရှင်ကိုကျေးဇူတင်ပါသည်။

  13. ဒီပုံဟာ လူလိမ် သူရိန်ထွန်းရဲ့ ပုံပါ။ကောင်းကောင်းမှတ်မိပါတယ်။

      1. မြန်မာနိုင်ငံသားပေါ့နော်လို့ ပြောပါဗျာ၊

      2. ချင်းတွေ ကချင်တွေ လည်း သူရိန်ထွန်းလို့ နာမည်မှည့်လို့ရတာဘဲ၊ မှည့်ကြတာဘဲ၊ သူဘာလူမျိုးလဲ မပြောပေမဲ့ သူ့ရုပ်ကြည့်ရတာတော့

  14. စိတ်ဝေဒနာရှင်(သို့မဟုတ်)ဘာသာရေး စပိုင်များဖြစ်နေမလား မသိဘူး။

  15. သူဟာခရစ်ယာန်တွေကို လိမ်နေတာပါ။ခရစ်ယာန်တွေရဲ့အလှူငွေတွေကို လိမ်ယူနေတဲ့သူပါ။ခရစ်ယာန်ဓမ္မဆရာလည်းမဟုတ်ပါ။ကျမ်းစာကျောင်းလဲမတက်၊ဓမ္မဆရာ
    မှတ်ပုံတင်လဲသူ့မှာမရှိပါဘူးတဲ့။သူခိုးစစ်စစ်၊ခိုးစားတာတောင် ခရစ်ယာန်တွေရဲ့ အလှူငွေကိုမှ
    ခိုးတဲ့သူခိုးပါ။ဒီသူခိုးမျိုး လဲနောက်ထပ်ရှိပါသေးတယ်။ဒီ LINK မှာပါ။http://khonumthungburmese.org/?paged=2 (မြို.တော်ဟားခါးမှည၀ိညဉ်………)

  16. Why r we talking about this ‘ SOB’ ?

    Arrest him.
    Kick him out of country wherever he is now.
    Report to police.
    Take appropriate and effective action against him.

    it is a waste of time talking about him for a long time.

    Arrest him. Make him get arrested.

  17. httpp://khonumthungburmese.org/?p=2639 ဒီလင်.မှာလဲ သူခိုးသူရိန်ထွန်းလိုပဲခရစ်ယာန်ဘာသာဝင်တွေရဲ့ အလှူငွေတွေကိုမှခိုးတဲ့သူခိုးလေးများအကြောင်းပါ။

  18. အရင်တုံးက ရိုးရိုးသာမန် လူယောက်၁၀တန်းအောင်ဘို့ဆိုတာ မလွယ်ပါဘူး။ မိဘမရှိ ဆင်းရဲတဲ့သာမန် လူတယောက်ဟာ ၁၀တန်းကို ဂုဏ်ထူးတွေ အများကြီးနဲ့အောင်တယ်ဆို ကတည်းက သူဟာ လူလိမ်ဆိုတာ ပေါ်လွင်ပြီးသားပါ။ဘယ်လိုမှ မဖြစ်နိုင်တာကို ပေါ်တင်လိမ်နေတာပါ။

  19. ကျွန်တော် က တော့ဘာသာရေး ကိုသိပ်ပြီးတော့ နှံ့ နှံ့ စပ် စပ် မသိပါဘူး၊ဒါ ပေမယ့် ဒီလူ ပြောတဲ့ Digoxin 15 လုံးသောက်တယ်ဆိုတည်းက ဆက်ကိုမကြည့်တော့တာ ၊ ၁၅လုံး မပြောနဲ့ ၅ လုံးလောက်သောက်ပြီးပဲ နေ နိုင် ရင် ကို ပြေး ကန် တော့လိုက်မယ်၊Bradycardia မရ ဘဲနဲ့ နေနိုင်လောက်အောင်ချီးမြှောက်တာခံရပါလားလို့လေ ။ အံ့ဖွယ်သုတ ပါလား လို့ လေ ၊ စောစောစီးစီးပေါ်သွားတော့လည်း အေး တာပေါ့ ။ ဒါပေမယ့် ဒီလို မျိုးသူများဘာသာတရားကိုပုတ်ခတ်ပြီးတော့ ခွင့်ပြုထုတ်လွှင့် တဲ့ အဲဒီအသင်းတော် ပါ ဝန်ချတောင်းပန်သင့်တယ် ။ ဘယ်ဘာသာ ဖြစ်ဖြစ် မွန်မြတ်စွာ ကိုယ့် ဘာ သာ သာသီးခြား သာသနာပြုတာ ပြဿနာမဟုတ်ပါဘူး ။ဒီလိုမျိုး သူများဘာသာတရားကိုစော်ကားပြီးလုပ်တာ က တော့ တော်တော်ကို အောက်တန်းကျ တဲ့စိတ်ဓာတ်နဲ့ လုပ်ရပ် တွေ ပဲ ။ ဒါကြောင့်မို့လို့လည်းဒီလိုလူလိမ်လူညာ (တန်ရာ တန်ရာ တွေ)နဲ့ပဲတွေ့တာပေါ့ ။

    1. လူလိမ်ဆိုတာ ပြော့ကွက်ကို နှိုက်စမြဲပါ၊ သူများဘာသာကို နင်းပြီး ကိုယ့်ဘာသာကို သိမ်းသွင်းချင်တဲ့ လူတွေကို သူရိန်ထွန်းလိုကောင်က ၀င်ဘို့သိတ်လွယ်တာပေါ့၊ သတိပြုကြပါ ခရစ်ယန်ဆရာကြီးများခင်ဗျား၊ ငှက်မသိတော့ ဇရက် ၊ ဂျိုးထင် – အချက်မသိတော့ သမက် သူခိုးထင်ဆိုတာလိုဖြစ်နေလို့ ပြောတာပါ၊ ဘုရားမှတ်လို့ ကိုးကွယ်နေကြတာ အခုတော့ ဖွတ်ထွက်မှ တောင်ပို့မှန်းသိကြပြီဟုတ် ၊ ဟို တရားဟော ကျမ်းစာဆရာကြီးကလည်း တတုံးစားလို့လဲ ဆိတ်ချေးမှန်းမသိ နှစ်တုံးစားလို့လည်း ဆိတ်ချေးမှန်းမသိ၊ တရားကျလိုက်ပါဘိ၊ သဒါလေး မတောက်တခေါက်နဲ့ ၉ကျမ်းအောင်တယ်ဆိုတဲ့ လူလိမ်သူရိန်ရေ ပြောလိုက်ရအုံးမယ် လူကြည့်တော့ နှစ်ပြားမတန်ဘူး အီး တမူးဘိုးရှူတယ်ဆိုတာ ခင်ဗျားလိုလူမျိုးပေါ့၊ အံ့ပါ့ဗျား ကိုယ့်ကိုယ်ကိုများ ကျနော်လူလိမ်ပါလို့ အင်တာနက်ပေါ်တက်ကြေငြာရတယ်လို့၊

  20. praying for this man will be repent if Not he will face judgment
    and thank you for telling us.
    Watch out- sheep clothing but he is not sheep, wolf.

  21. သမ္မာကျမ်းစာထဲမှာ ကြိုတင်ဟောထားတဲ့ အင်(န်)သီခရစ်ဆိုတာ
    တကယ်ရှိနေပါပြီ။လူလိမ်သူရိန်ထွန်းဟာ အင်(န်)သီခရစ်ပါ။
    ယုံကြည်သူအချင်းချင်း အသင်းတော်နှင့်အသင်းသူ၊
    အသင်းသားများအတွက် ဆုတောင်းပေးကြပါ။
    (၁၀)တန်းဆိုတဲ့ တက္ကသိုလ်အောင်လက်မှတ်ရရှိဖို့
    (၁၀)တန်းစာမေးပွဲကို ကြိုးစားလေ့ကျင့်ဖြေဆိုခဲ့ရသလိုပါဘဲ။
    အသင်းတော်မှာလဲ စုံစမ်းနှောင့်ယှက်ခြင်း ခံရတဲ့အချိန်မှာ
    ယုံကြည်သူများ ဆုတောင်းအားကြီးဖို့ အလွန်အရေးကြီးပါတယ်။
    ဒါဟာမာနတ်ကိုနိုင်တဲ့ လက်နက်တစ်မျိုးပါ။
    ရန်သူဟာ မကြာခင်ပြိုလဲသွားပါလိမ့်မည်။
    မှတ်ချက်(MCA.bangkok)အတွက် ရည်ရွယ်ပါသည်။

  22. Judge not, and you shall not be judge; condemn not, and you shall not be condemned; forgive, and you shall be forgive; ( Lu ke 6:37)

  23. ခရစ်ယန်မို့လို့ထောင်ထဲမှာနှိပ်စက်တာကတော့အမှန်တရားပဲ

    1. hi,
      dear readers,
      i have doubts on :
      (1)I am so wondered why he did not get arrested in Burma as he was according to his testimony ?
      (2) why he is not known by any chin in Burma ? Most ministries in Burma are related to Chin in any form.
      (3) is he really bible college lecturer in Aizawl, India? My friends living in Aizawl do not know him.

      the Bible says , “Donot judge, or you too will be judged” Matthew 7:1
      Rev. Hung Om

    2.ုဘုရားသခင်ရဲ့ အလိုတော်အတိုင်းဘဲ ပေါ့နော်

  24. ကျွန်တော်လည်းခရစ်ယာန် တစ်ယောက်ပါ။ ဒါပေမယ့် အသက် ၁၇ . ၁၈နှစ် ထိတော့ ခရစ်ယာန် မဟုတ်ပါဘူး။ အဲ့ ဒီနောက် ပိုင်းမှ ထူးခြားတဲ့ စိတ်ခံ စားမှု ကြောင့်ခရစ်ယာန်ထဲ သို့ ရောက်သွားခြင်းဖြစ်ပါ တယ်။ ဘာဖြစ်လို့ လဲဆို တော့ ထာဝဘုရားရှင်ရဲ့ ဘုန်းတန်ခိုး တော် . ဂရုဏာတြော်ကီးမား ကြောင်း သိရှိခဲ့ ရလို့ပါ။ မိမိ အစွမ်း အစ နဲ့ ဘယ် အရာမှ မတက် နိုင်ကြောင်း ဘုရား၇ှင် ရဲ့ ကျေးဇူးတော်ကြောင့် သိရှိ ခဲ့ ရတယ်။ ဥပမာ..ကျွန်တော် တို့ ရပ်နေတဲ့ မြေကြီး၊ နေ့စဉ်ဇီဝအသက်ရှင်ဖို့ အတွက် ရှု နေတဲ့ လေ ၊ နေ့စဉ် သောက် သုံး နေတဲ့ ရေ. ဒါတွေ တာမရှိ ဘူးဆိုရင် “ ငါလုပ် လို့ ငါရ တာ . ငါ့အစွမ်းကြောင့် တက်နိုင်တာ ”ဆိုတဲ့ လူတွေ ဒီစကား ပြောထွက်မှာမဟုတ်ပါဘူး။ ကျွန်တော် တို့ဟာ ကိုယ် မလုပ်နိုင် တဲ့ အရာတွေ ကြောင့် အသက်ရှင်နေ တာပါ။အဲ့ဒါတွေ အားလုံးကို ဘုရားရှင် ဖန်ဆင်း ခဲ့တယ်ဆိုတာ ကျမ်းစာ ထဲမှာ အတိအလင်း ဖော်ပြ ထားပ်ါယ်။ အဲ့တာကြောင့် ကျွန်တော် လဲ ခ၇စ်ယာန်မ ဟုတ်တဲ့ သူငယ်ချင်းတွေ ကို ဘုရားရှင်ရဲ့ ကျေးဇူးကြီးမာကြောင်းတွေ ၊ တခြားခွန်အားရစေ မယ့်  အကြောင်းတွေ ကို ပြေပြလေ့ ရှိ ပါတယ်။ဘယ်ဘာ သာက ကောင်းတယ် ၊ ဘယ် ဘာသာ ကမကောင်း ဘူး ပြောတာမ ဟုတ်ပါဘူး။အစားလေး တစ်လုပ်စားလိုက် ရတာနဲ့ အမျှ၊ အသက်လေး တစ်၇က် ထပ်ရှင် တာနဲ့ အမျှ မိမိ ကိုးကွယ် ယုံကြည်တဲ့ ဘုရားရဲ့ ကျေးဇူး ဂ၇ုဏာတော်ကို သိတက်ဖို့၊ ချီးမွမ်းတက်ဖို့ပါ၊
    ခုလဲဘဲ ဒီလူ ဟောတဲ့ တရား ကို နားထောင်ပြီး တခြား ဘာသာမတူတဲ့ သူငယ်ချင်းတွေ ထံ ပေးပို့ ခဲ့ ပါတယ်။ ခုတော့ လဲ ဖြေရှင်း ဖို့ ခတ်တဲ့ မေးခွန်းတွေ ၊ ထိုးနက်မှုတွေ ပြန်ရောက်ရှိ လို့ လာပါပြီ ။

    1. တယောက်ယောက်လုပ်မှ မဟုတ်ဘူး – သူ့ဟာသူ သဘာဝအတိုင်းဖြစ်ပျက်နေတာတွေလဲ အများကြီး သူငယ်ရဲ့၊ အားလုံးသူလုပ်ထားတာဆိုရင် ဖြစ်ပျက်နေတာတွေအားလုံးအပေါ်မှာ တာဝန်ရှိလာမယ်နော၊ လောကကြီးမှာ ကောင်းတာထက် မကောင်းတာတွေက အများကြီး တရားခံဖြစ်နေအုံးမယ်၊

  25. [mfc] Pray for Gum Aung

    chin khai chinkkhai@gmail.com
    Feb 20 (3 days ago) to mfc

    Dear readers
    I am so sad about learning Rev. Peter Gum Aung’s moral character.
    I was so thrilled the first time when I listened to his testimony.
    But I learned from reliable sources his practice of immorality.
    May be he is lacking of bible knowledge and need discipleship. I have seen those who are converted to follower of Christ from other faith tend to fall easily into temptation, backsliding, and even fall away.
    I would like to suggest and encourage the most matured pastors and ministers should disciple him.
    Also, we should pray for him.
    Chin Khai
    __._,_.___
    __,_._,___
    Paukhek paukhek@gmail.com via returns.groups.yahoo.com
    Feb 20 (3 days ago) to mfc
    I strongly agree with Dr. Khai’s advice to fellow believers in Christ in Thailand where Rev Gum Aung is temporarily residing. If Rev. Aung is currently serving the Lord at a church by playing a pastoral/leadership role or any ministerial role, he should be counseled and suspended immediately from pulpit ministry in order to discipline him. If he is a paid Christian worker, the church leadership must discipline him by suspending him from his job without pay for a couple of years until he learns from his moral failures.

    This is what happens to the fallen ministers around the world. The Myanmar churches are now more tolerant of immoral behaviors of its congregational members. The church leadership is becoming reluctant and tolerant to take stern actions against those who fall into temptations. It seems to me the Myanmar churches mostly in other countries condone immoral practices to some extent based on my personal experiences.

    Your co-laborer in His vineyard,
    Paukhek

  26. မြန်မာစကားသင်နေတယ်ဆိုတဲ့ လူလိမ်နဲ့ တွဲဘက် အင်တာဗျူးနေတဲ့ အပေါင်းပါ အမျိုးသမီးအကြောင်းလဲ ပြောပြပါအုံး ဘယ်နိုင်ငံသားလဲ ဘာလဲ၊ သူရောဘဲ ကြံရာပါလား၊ လူလိမ်ရဲ့ —- လား ၊ ဘာလဲ၊

  27. လူသားများအားလုံး
    အလိမ်ခံရတာ သူတော်လို့ မဟုတ်ပါဘူး
    ကိုယ်ညံ့လို့ ပါ။

Comments are closed.