မိုးမခရုပ်သံ

Zarganar in NYC – နယူးယောက်မြို့ရောက် ဇာဂနာနဲ့ မြန်မာတို့ တွေ့ဆုံရုပ်သံ ထွက်ရှိ

နယူးယောက်မြို့ရောက် ဇာဂနာနဲ့ မြန်မာတို့ တွေ့ဆုံရုပ်သံ ထွက်ရှိ

မိုးမခရုပ်သံ ကောက်နုတ်ချက်၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၁၂

ယမန်နေ့က နယူးယောက်မြို့တော်မှာ အမေရိကန်ပြည်ရောက် ကိုဇာဂနာနဲ့ မြန်မာမိသားစုများတွေ့ဆုံပွဲ ကျင်းပခဲ့ပါတယ်။ ကိုဇာဂနာမိတ်ဆွေ လူရွှင်တော်ကိုစုတ်ဖွား စီစဉ်ပေးတဲ့ ခန်းမမှာ Struggling Beauty အမည်နဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့တာကို တွေ့ရပါတယ်။ ရုပ်သံကို youtube ပေါ်က Taw Ter Lay တင်ထားတာကို ပြန်လည်ကူးယူတင်ဆက်လိုက်ပါတယ်။

ကိုဇာဂနာက အတိတ်မှာ နာခဲ့ရတဲ့ ဒဏ်ရာတွေကို တပြပြနဲ့ မလုပ်ဘူး၊ တဖက်သားကို အပြစ်တင်နေရုံနဲ့မပြီးဘူး၊ ပြုပြင်ပြောင်းလဲဖို့အတွက် အားလုံးနဲ့လက်တွဲပြီး အလုပ်လုပ်ကြမယ်။ ရှေ့ကို ဆက်သွားကြရမယ်လို့ ပြောကြားသွားပါတယ်။ မြန်မာပြည်တွင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေကြတဲ့အချိန်မှာ ပြည်ပက မြန်မာတွေကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ကြဖို့ လိုတဲ့အကြောင်းလည်း ထောက်ပြပြောဆိုသွားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts