ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

ပေးဆပ်သူများနှင့် ဒေါင်းတို့မျိုးဆက်
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၁၆၊ ၂၀၁၃

“ဒေါင်းတို့မျိုးဆက်” ငြိမ်းချမ်းရေးသင်္ကြန် သံချပ်အဖွဲ့၏ ပွဲဦးထွက်အဖြစ် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် မှဦးဆောင်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၁၃.၄.၂ဝ၁၃ ရက်နေ့ ညနေ (၄းဝဝ) နာရီအချိန်တွင် သုခခန်းမဆောင်ကြီးသို့လာရာက်၍ ဖျော်ဖြေတင်ဆက်ခဲ့ပြီး နာရေးကူညီမှု အသင်း(ရန်ကုန်)၌ ဒေါင်းအလံစိုက်ထူခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၂ဝ၁၃ ခုနှစ် သင်္ကြန် အချိန်ကာလမှစတင်၍ အသင်းသား/သူများဖြင့် ဖွဲ့စည်းလိုက်သည့် “ပေးဆပ်သူများ” လူမှုရေးသံချပ်အဖွဲ့ သည်လည်း ၁၄.၄.၂ဝ၁၃ ရက်နေ့ ညနေ (၄းဝဝ) နာရီအချိန်တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းရုံးတည်ရှိရာသို့ ဥက္ကဋ္ဌ ဦးကျော်သူ ကိုယ်တိုင်သွားရောက်၍ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ညီညွတ်စွာဖြင့် အမိမြန်မာပြည်ကြီး ငြိမ်းချမ်းရေးရရှိစေရန် ငြိမ်းချမ်းရေးပြ ယုဂ်ဖြစ်သည့် ဂျိုးငှက်ဖြူ ဝဲပျံခဲ့တော့သည်။

 

 

 



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts