မှတ်စုမှတ်တမ်း သတင်းပဒေသာ

List of Killed Students – မြန်မာစစ်အစိုးရ၏ ထောက်လှမ်းရေးများဟု စွတ်စွဲပြီး သတ်ဖြတ်ခံရသူ ကျောင်းသား၊လူငယ်များ စာရင်း ထွက်ရှိ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မြန်မာစစ်အစိုးရ၏ ထောက်လှမ်းရေးများဟု စွတ်စွဲပြီး သတ်ဖြတ်ခံရသူ ကျောင်းသား၊လူငယ်များ စာရင်း ထွက်ရှိ

မိုးမခအထောက်တော် ၀၀၂၊ ဖေဖော်ဝါရီ ၉ ၊ ၂၀၁၂
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြောက်ပိုင်း) ပါဂျောင်ဒေသ၊ လိုင်စင်စခန်းတွင် စစ်ထောက်လှမ်းရေးများဟု မတရားစွပ်စွဲကာ နှိပ်စက် သတ်ဖြတ်ခံရပြီး သေဆုံးခဲ့ရသူများစာရင်း ထွက်ရှိလာသည်ကို တွေ့ရသည်။ ဖေ့စ်ဘွတ်ပေါ်တွင် အဆိုပါစာရင်း ထွက်ရှိလာခြင်း ဖြစ်ပြီး  ၁၉၉၂ ဖေဖော်ဝါရီလ ၁၂ ရက် တွင် သတ်ဖြတ်ခံရသည့် ကျောင်းသားများစာရင်း ပါဝင်သည်ကို တွေ့ရသည်။ အဆိုပါ အရေးအခင်းကြောင့် ထွက်ပြေးလွတ်မြောက်လာသူ ကျောင်းသား လူငယ် ၇၀ ဥိး ရှိသည်ဟု ရေးသားထားသည်။
အမှန်တရား သည် သင်တို့နှင့်အတူ ရှိသည်၊ သင်တို့ ကောင်းရာသုဂတိ လားပါစေဟုလည်း ထုတ်ပြန်သည့်စာတွင် ရေးသားထားသည်။ အထက်ပါ လုပ်ကြံသတ်ဖြတ်မှု အနှစ် ၂၀ ပြည့် ပထမဦးဆုံး အများစုပေါင်း ကုသိုလ်ပြု ဆွမ်းကျွေး အမျှဝေခြင်းကို ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ပြုလုပ်မည်ဟု ကြေညာထားသည်။ အမေရိကန်ပြည်ထောင်စု မြန်မာအများစု နေထိုင်ရာ ဖို့ဝိန်းတွင်လည်း ဆွမ်းကျွေးပွဲ ပြုလုပ်မည်ဟု သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

6 thoughts on “List of Killed Students – မြန်မာစစ်အစိုးရ၏ ထောက်လှမ်းရေးများဟု စွတ်စွဲပြီး သတ်ဖြတ်ခံရသူ ကျောင်းသား၊လူငယ်များ စာရင်း ထွက်ရှိ
  1. သူတို့တွေကိုသတ်သူတွေလည်းကမ္ဘာ့စစ်ခုံရုံးမှာဦးသန်းရွှေတို့နဲ့အတူတူအပြစ်ပေးခံရအုံးမှာပေါ့လေ။

  2. အမြန်ဆုံး အမှု တည်ဆောက်ပီး အပြစ်ကျူးလွန်သူများကို အပစ်ဒဏ် ခံစားရအောင် ဆောင်ရွက်ပေးကြပါလို့  အလေးအနက် တောင်းဆိုပါတယ်

  3. တရားခံကိုဖော်ထုတ်ပြီးရင် ဘယ်လူမှုရေး နိုင်ငံရေး အဖွဲ့အစည်း မှာမှနေရာမပေးပါနဲ့။ဒီလိုကောင်တွေက နေရာတောင်ရနေပြီလား မသိဘူး။

  4. မိုးမခစာတည်းမှူးခင်ဗျား… မနေ့ကကျတော်ရေးခဲ့တဲ့ comment ကိုဘာ့ကြောင့်တင်မပေးတာလဲဆိုတာ သိပါရစေ… ဘယ်သူ့ကိုမှ ဦးတည်ရေးခဲတာမဟုတ်ဘူး အမှန်တရားတွေဖြစ်ဘို့ တောင်းဆိုတာပဲ

  5. လုပ်ရဲကိုင်ရဲသတ္တရှိတဲ့ တိုင်းပြည်ရဲ့ အင်အားအညွန့်အဖူး ကျောင်းသားလူငယ်တွေ အသက်စတေးခံရတာ ရင်နင့်ကြေကွဲရပါတယ်။ ဒီအဖြစ်ဆိုးမျိုး နောင်မျိုးဆက်တွေမှာလည်း မကြုံတွေ့ပါရစေနဲ့တော့။ နိုင်ငံရေး လှုပ်ရှားမှုမှာ ရိုးသားမှုအရှိဆုံး မိမိတစ်ဦးတစ်ယောက်အတွက် ဘာအကျိုးမှ မျှော်ကိုးမှုမရှိပဲ ပေးဆပ်ရဲတာ ကျောင်းသားလူငယ်တွေပါ။ ဖြူစင်ရိုးသားတဲ့ သွေးသားညီအစ်ကိုတွေ ကောင်းရာသုဂတိလားပါစေ။

Comments are closed.