မျက်မှောက်ရေးရာ သတင်းပဒေသာ
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မှာကို ပြိုင်ဘက်တဦး ကန့်ကွက် – U Tin Yee’s statement on Daw Suu
မိုးမခအထောက်တော် အမှတ် ဝဝ၁
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲဝင်မည်ကို ကန့်ကွက်သူ ပေါ်ပေါက်လာသည်။
၎င်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ကော့မှူးမဲဆန္ဒနယ်တွင် ၀င်ပြိုင်မယ့် ဦးတင်ရီ ဖြစ်သည်ဟု ဆိုသည်။
၎င်းက ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီကို ကိုယ်စားပြုပြီး ၀င်ပြိုင်မည်ဟု ဆိုသည်။
ယခု ၎င်း၏ ကန့်ကွက်လွှာ တင်သွင်းချက်ဆိုသော ဖေဖော်ဝါရီ ၆ ရက်နေ့ ရက်စွဲပါ စာတစောင် အင်တာနက်တွင် ပေါ်လာသည်။ ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းမည့် ကန့်ကွက်လွှာပုံစံ ရေးထားသည်။
၁၉၉၀ ရွေးကောက်ပွဲကာလတွင်လည်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မည်ကို ကန့်ကွက်ခဲ့သူမှာ တစည ခေါ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ နိုင်ငံရေးသမားတဦး ဖြစ်သည်။
စာမျက်နှာ ၁
စာမျက်နှာ ၂-၃
စာမျက်နှာ ၄-၅
စာမျက်နှာ ၆-၇
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
20 thoughts on “ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မှာကို ပြိုင်ဘက်တဦး ကန့်ကွက် – U Tin Yee’s statement on Daw Suu
  1. တင်ရီ ဆိုတဲ့ လူ ရူးများနေသရော့လား။ အဲဒီ ပါတီဟာ လည်း ကြံ့ဖွတ် လက်အောက်ခံ တွေနဲ့ ဖွဲ့ထားတယ် ဆိုတာ ကို တပ်အပ် ပြောလို့ ရတယ်။
  2. ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံသောပြည်သူလုထုအပေါင်းတို့
    တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာအနှစ်၁၀၀မှာတခါပေါ်တတ်တဲ့ရှားရှားပါးပါး ပြည့်ရတနာပါ၊ ပြည့်အမတေပါ၊ ဘယ်နိုင်ငံဘယ်ခေါင်းဆောင်မှဒေါ်စုလောက် ချီးကျူးဂုဏ်ပြုဆုတံဆိပ်တွေရတာ မရှိပါဘူး၊ တကယ်လေးစားလောက်လို့ တကယ်ချီးမြင့်ကြတာပါ၊ မနာလိုမဖြစ်ကြပါနဲ့၊ တင်ရီဆိုတဲ့လူဟာသမိုင်းမှာ ဦးစောလို နံမည်ပျက်နဲ့ ကျန်ခဲ့အုံးတော့မှာဘဲ၊
  3. တင်၇ီ
    ခင်ဗျားကတိုင်းပြည်အတွက်ဘာမှမလုပ်ခဲ.ဘူး။သူများလိုဆူ၇ချင်၇င်လုပ်ပါလား။မနာလိုစ၇ာဖြစ်စ၇ာလား။
    ခင်ဗျားလိုလူတွေများနေလို.မြန်မာပြည်ကြီးခက်နေတာ။ခင်ဗျား၇ဲ.အသိဥာဏ်လေးလောက်နဲ.တော.တိုင်း
    ပြည်တခုကောင်းအောင်တည်ဆောက်နိုင်မှာမဟုတ်ဘူး။ခင်ဗျား၇ဲ.ကန်.ကွက်လွှာကိုပြန်၇ုပ်သိမ်းလိုက်ပါ။
    အမြင်မှန်၇စမ်းပါ။
  4. အော် ဦးတင်ရီ .. .. အာဏာရ အစိုးရ က ကော်မရှင် ကနေ ပယ်ချဘို့ ကြိုတင် ဖွခိုင်းလိုက်တာ ခိုင်းလို့လုပ်ရတာလား .. .. ဒီလို မလုပ်ရင် သတ်ပစ်မယ် လို့များ ခြိမ်းခြောက်လို့ အဓိပ္ပါယ်မဲ့ တွေ လုပ်လိုက်ရတာလား .. .. ကိုယ့်ရင်ထဲက အရှိ အတိုင်း အန်တီစု ကိုမျက်မုန်းကြိုး အရှုံးချည်း ရှုံးရမှာမို့ ထကန့်ကွက်လိုက်တာလား .. .. ဒါဆိုရင်တော့ ပါတီထောင် နိုင်ငံရေးတောင်လုပ်မစားနဲ့တော့ .. …
    ညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေး ပါတီ ၀င်တွေ ရဲ့သဘောထား အမှန်ဆိုရင်တော့ ပါတီသာ ဖျက်လိုက်ပါတော့ .. .. ပြည်သူ က ဒဏ်ခတ်တာ ခံကြရလိမ့်မယ် .. .. ပြည်သူတွေ ဘယ်သူ့ကိုဘာလုပ်ရမယ်ဆိုတာ အားလုံးသိတယ်.. ..
    ကြာတယ်ကွာ . .. .. .. တောက် .. .. မြန်မြန် ထွက်သွားစမ်း .. … အဲဒီပါတီ ၀င်တွေအားလုံး .. .. .. တိုင်းပြည်ဖျက် မျိုးဖျက်မဲ့ အာဏာရူးတွေ .. ..
  5. သြော်….အတော့ကိုသံဝေဂရစရာပါလားကိုယ်ကိုကိုယ်တောင်မှဘာကောင်မှန်းမသိသူတွေဘဲကိုးပါတဲ့ပေးထားတဲ့ပါတီရဲ့နာမည်ကညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးပါတီဆိုပါလား…အခုကြည့်ပါဦးနာမည်နဲ့လုပ်ရပ်ကဘာလို့အဲလောက်တောင်ကွာနေတာလည်း…ပါးစပ်ကတော့ဘုရားဘုရားလက်ကတော့ကားယားကားယားဆိုတဲ့မြန်မာ့စကားပုံနဲ့တထပ်ထဲဘဲသိပ်ကိုရွံစရာကောင်းတဲ့လူတွေဘဲငုတ်တုတ်ကလေးနေနေရင်ကြည့်လို့အကောင်းသားလားပါးစပ်စကားကိုကြားလိုက်မှဖြင့်အော့နှလုံးနာစရာကြီးပါလား…အေး ကာလ၀ိပါက်နောက်ပိုးတက်ဆိုတဲ့စကားကြားဖူးမှာပေါ့နော်ဦးဦး ဦးတင်ရီထမင်းအိုးတောင်အပါတ်စေ့မှနပ်တာပါနော်……………….
  6. တင်၇ီ မင်း အလုပ်မ၇ှိဘူးထင်တယ်။ မင်းသာစေတနာ၇ှိတယ်ဆို၇င် ဥပဒေကိုတကယ်လေးစားတယ်ဆို၇င် ပြည်သူကို အမှန်တကယ်အလုပ်ကြွေးပြုချင်ပါတယ်ဆို၇င် မြန်မာ တနံတလျားက ဥပဒေမဲ့ ခိုးဆိုးသောင်းကျန်း အကျင့်ပျက်ချစား ကြီးနိုင်ငယ်ညှင်း မကြားချင်အဆုံး ဖြစ်ချင်တိုင်းဖြစ် ပျက်ချင်တိုင်းပျက်နေတဲ့ အဖြစ်မှန်တွေကို သေသေချာချာ ကျကျနန လေ့လာထောက်ပြတာက တိုင်းပြည်အတွက် အကျိုးပို၇ှိတယ်။ နိုင်ငံလုံးကျွတ် အုံးအုံးကျွတ်ကျွတ် ထောက်ခံနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် တိုက်ခိုက်လိုက်တာဟာ မင်းအနေနဲ့ နိုင်ငံအကျိုးကိုလိုလားတဲ့သူ မဟုတ်တာသေချာတယ်။ ပြည်သူကို အကျိုးမပြုတဲ့ တဘက်သက် ဇွတ်အတင်းပြဌာန်းထားတဲ့ နာဂစ်ဥပဒေကို ကိုးကားနေကတည်းက မင်းပြည်သူ့အကျိုးကို ဥပေက္ခာပြုထားတဲ့သူဆိုတာ ၇ှင်းနေပီ။ သိက္ခာမ၇ှိတဲ့လုပ်၇ပ်တွေအမြန်၇ပ်ပါ။ ပြည်သူအကျိုး၇ှိမယ့် ကိစ္စမှာ ခြေသွက်လက်သွက်၇ှိပါစေ။ အဆိုးနဲ့အကောင်း အကျိုးနဲ့အကြောင်း ခွဲခြားနိုင်ပါစေ။ ပြဌာန်းဥပဒေဆိုတိုင်း မှန်သည်မဟုတ်ဆိုတာ နအဖက ပြခဲ့ပီ…။ ။
  7. နိုင်ငံတော်အနာဂတ်အကျိုးကိုမျှော်ကိုး၍….ဆိုတာကိုနားမလည်လို့ ပါ…
    ဘယ်လိုအကျိုးကိုမျှော်ကိုးတာလည်းဆိုတာလေးတော့ရှင်းပြပေးစေချင်ပါတယ်..
    ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်ဖြစ်ရင်နိုင်ငံတော်ပျက်စီးတော့မှာလား..
    ကြံ့ဖွတ်ကတိုင်းပြည်ကိုခေါင်းဆောင်ရင်တိုင်းပြည်ကြီးငြိမ်းချမ်းသာယာတိုးတက်
    မယ်လို့ ပြောချင်တာလား…ဒေါ်အောင်ဆန်းစုကြည်ကိုပိုမိုတိုးတက်စေချင်လို့ ..
    အတိုက်အခံလုပ်ပြီး တွန်းပို့ ပေးနေတာဆိုရင်တော့…လက်ခံရမလိုလို….
    ရထားတဲ့ခြောက်ပြားတပဲအာဏာလေးလက်လွတ်သွားမှာစိုးရိမ်လို့ လျှောက်
    လုပ်နေတာဆိုရင်တော့…….ခေတ်ပျက်မှဗိုလ်လုပ်လို့ ရမယ့်လူတွေကတော့
    ခေတ်ကောင်းလာမှာကိုဘယ်နည်းနဲ့ မှလက်ခံကြမှာမဟုတ်ဘူး…
  8. This is a old technique used by the peoples like stray dogs. They are making themselves popular by attacking the the most respected and/or famous persons. They should know if they resist or are against the desire of the public, their lives and names will be finished off.
  9. ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အနှစ်၁၀၀မှာ တစ်ခါပေါ်တတ်တဲ့ ရှားရှားပါးပါး တိုင်းပြည်ဖျက်တဲ့သူပါ၊ အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်းနဲ့ မျိုးချစ်သူရဲကောင်းဗိုလ်မင်းရောင်ရဲ့ အာဇာနည် မြန်မာ့ သွေးကို ကျူးကျော်သူ နယ်ချဲ့ကုလားဖြူသွေးနဲ့ သွေးနှောပြီး အမျိုးဖျက်ခဲ့သူပါ၊ သူသေရင် မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး မျိုးဆက်ပြတ်ပါပြီ၊ ဘယ်နိုင်ငံဘယ်ခေါင်းဆောင်တွေက မရေတွက်အောင် ချီးကျူးဂုဏ်ပြုဆုတံဆိပ်တွေပေးလည်း၊ အများ ယောင်တိုင်းလိုက်ထောက်ခံတဲ့သူ သန်းပေါင်းများစွာရှိလည်း ဒီသမိုင်းဖြစ်ရပ်မှန်ကို ဖျောက်ဖျက်လို့မရပါ။ ဦးအောင်ဆန်းကို တကယ်လေးစား တကယ် ချစ်မြတ်နိုး လွန်းလို့ကို ဒေါ်စုကြည်ကို မြင်တိုင်း၊ သူ့အကြောင်းကြားရတိုင်း သူ့ကိုသနားမိပြီး နိုင်ငံနဲ့လူမျိုးအတွက် ၀မ်းနည်းစိတ်ထိခိုက်ရပါတယ်။ မနာလိုဖြစ်စရာ လုံးဝမရှိပါ။
  10. လှည်းလမ်းကြောင်းပေါ်မှာခွေးအိတ်နေတုံးလှည်းမောင်းလာ၇င်ဘာဖြစ်မလဲ၊ခွေးဖယ်ပေါ့မဖယ်၇င်လှည်းကြိတ်လို့ ခွေးသေမှာပေါ့၊အခုအမေစု ၇ဲ့ လှည်တန်းကြီး
    လာနေပြီလှည်းလမ်းကြောင်းကဖယ်ကြမဖယ်၇င်လှည်းကြိတ်လို့ သေကြလိမ္မယ်၊မင်းတို့ ဆက်ဟောင်နေ၇င် တင်၇ီ မသာပြစ်မယ်နော်။
  11. ဟုတ်တယ်လူယုတ်မာကြီးပဲ။ပြည်တန်ရတနာတပါးဖြစ်တဲ့ဒို့အမေစုကို
    လုပ်ကြံသူပဲ။အမေစုတခုခုဖြစ်လို့ကဒင်းတို့တွေလက်ချက်ပဲ။
    ခုကတည်းကအမေစုအသက်အာမခံကမ္ဘာကိုတင်ထားရင်ကောင်းမယ်ထင်တယ်။
    ရူးကိုက်တိုင်းကိုက်ရဲတာခွေးတွေပဲရှိတယ်။
    လူဆိုတာလူလိုဥာဏ်ရည်ရှိရတယ်။
    ဘာအဆင့်ရှိလို့လဲတင်ရီငမိုက်သား
  12. မိန်းမတယောက်ကိုဝိုင်းပြီးကောက်ကျစ်နေတာ
    ယောကျာင်္းပီသရဲ့လား။မရှက်ဘူးလား။
    ကမ္ဘာကဆုတွေပေးထားတာသူများနိုင်ငံသားတွေတောင်မရခဲ့တာ
    ဂုဏ်ယူချီးမြောက်သင့်သူကိုချီးမြောက်ရမှာကို
    ဘယ်လူလူတန်းစားတွေလည်းတိုင်းပြည်နာတယ်ဟ..
    ကိုယ့်နေ၇ာကိုယ်နေ
  13. ပြောင်းလဲရေးက အယောင်ပြလား
    စီးပွားရေးဖွင့်ပေးဖို့ အယောင်ပြလား
    မပြောင်းလဲသေးတာကတော့ လုပ်ရိုးလုပ်စဉ်ပါပဲ
    မိတ်ဆွေများ အစစအရာရာ သတိလက်မလွှတ်ပါနဲ့
    အောင်မြင်ရေးအတွက် သတိက မပိုပါဗျာ
    ဦးတင်ရီဆိုတာလည်း ခိုင်းတာကိုလုပ်ရတာပါပဲ
    သူက အလံရှူးပေါ့
  14. ဦးတင်ရီ ဆိုသူသည် မြန်မာမြေနဲ့ မထိုက်တန်ဘူး။ရေ မရှိတဲ့နေရာကို အမြန်ဆုံးပို့ ကြပါ
  15. ဦးတင်ရီတင်ပြသွားတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုကရတဲ့ ဆုငွေတွေကို နိုင်ငံခြားဘဏ်မှာ သိမ်းထားတယ်ဆိုတာ ကိုယ်ကျိုးအတွက်လို့ ထင်နေတာ သူသေချာမစုံစမ်းတာလား ဒါမှမဟုတ် တမင်မသိချင်ယောင်ဆောင်ပြီး အပြစ်ပြောဖို့ သက်သက်ပဲလုပ်နေတာလားတော့မသိဘူး… ဒါပေမယ့် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဆိုတာတော့.. အဲဒီပါတီတခုအနေနဲ့ ကော သူကိုယ်တိုင်ကပါ စိတ်ထားဖြူစင်ဖို့ လိုမယ်ထင်ပါတယ်… တကယ်တမ်းတိုင်းပြည်ကို ချစ်တယ်ဆိုရင်ပေါ့လေ… နိုဗယ်ဆုကရတဲ့ငွေတွေကို ထိုင်းမြန်မာနယ်စပ် အေအိုင်ဒီအက်စ် ကာကွယ်ရေး Project တွေမှာ Contribute လုပ်ခဲ့တာတွေ Prospect Burma အဖွဲ့ တည်ထောင်ပြီး မြန်မာနိုင်ငံက အရည်အသွေးပြည့်မီတဲ့ ပညာတတ်တွေကို နိုင်ငံအကျိုးပြုစေဖို့ အတွက် ပြည်ပမှာ ဘွဲ့ လွန်ပညာတွေ အခက်အခဲမရှိ လေ့လာသင်ယူနိုင်အောင် နှောင်ကြိုးမဲ့ Scholarship ပေးနေတာတွေ ဦးတင်ရီတို့ မသိတာ အရမ်းအထင်သေးစရာကောင်းပါတယ်… ကျွန်တော် နိုင်ငံရေးသမားမဟုတ်ပါဘူး… ဒါပေမယ့် ဦးတင်ရီလောက်တော့ မတုံးဘူးဆိုတာ ပြောရဲပါတယ်..
  16. ၁၉၉၀-ခုနှစ်တုန်းက ဓမ္မစေတီဆရာတော်ဥူးကောသလ္လမှ ပြောပြသည်ကို အမှတ်ရမိပါသည်၊
    ‘ ဒေါ်အောင်ဆန်းစုကြည်သည် တကယ့် မင်းသွေး စစ်စစ်ဖြစ်တဲ့ ရဲရင့် တည်ကြည်ပြီး သူရ
    သတ္တိနှင့်ပြည့်စုံသော အာဇာနည် အမျိုးသမီးသူရဲကောင်းတစ်ဦးဖြစ်သည်ဟု မိန့်ကြားခဲ့ဘူးပါသည်။’
  17. သူ့ဘက်က တင်ပြ ပြောဆိုနိုင်တာ သူ့ အခွင့်အရေး ။ ကိုယ့်ဘက်က ဖြေရှင်းရမှာ ကိုယ်တာဝန် ။ အစိုးရက ဒါကို ဥပဒေစိုးမိုးရေးအောက် မှာ ရှင်းရှင်းလင်လင်းဖြေရှင်းပေးသင့်တယ် ။ ဘယ်သူ့ဘက်ကိုမှ ဘက်လိုက်စရာမလိုဖူး ။ ဥပဒေ မှားရင် ဥပဒေပြင်ပေါ့။
Comments are closed.