>Zay Hmine -ဇော စောခဲ့တဲ့ အကြောင်းကဗျာ

>

ဇော စောခဲ့တဲ့ အကြောင်းကဗျာ
ဇေမှိုင်း၊ဖေဖော်ဝါရီ ၅၊ ၂၀၁၂

   ကံ့ကော်တွေ စိန်ပန်းတွေ
   မြေမှာ…။

   လွမ်းမောခဲ့ရသော နွေဦးညများ
   ကျောင်းအပြီးမှာ
   ကိုယ့်ကိုကိုယ် လုပ်သွားခဲ့ရှာတဲ့
   အထက်ဘက်က ဆေးကျောင်းသား
   အောင်ဆန်းဆောင်မှာ
   ရာဇ၀င်တွေရှိခဲ့ဘူးတယ်
   ကိုသန့် စင်ရေ
   ကိုရဲရေ…။

   အမှောင်ကိုဖေါက်ထွက်ချင်လို့ 
   အမှောင်ထဲပြန်ရောက်
   ဒီလိုပါ
   နေ့ တွေ ရှိခဲ့တယ်
   ညတွေရှိခဲ့တယ်
   ပြည်တော်ဝင် ရှိတယ်
   ဘုရားကြီး ရှိတယ်
   ကျောရှိတယ်၊ ဗိုက်ရှိတယ်
   ရှင်ကျန်ခဲ့တဲ့သူတွေကို မေးကြည့်ကြ
   အလကားလွမ်းရခဲ့တာ မဟုတ်တဲ့
   မကျည်းပင်ပေါက် စိမ်းစိမ်းလေးတွေ
   အခါတော်ရောက်ချိန်မှာမှ
   သေခြင်းတရားဆီ ပစ်ချခံရ
   ကိုင်း   ဘယ့်နှယ်ရှိစ
   လွတ်လပ်မှ အမျှဝေပါတဲ့
   ရဲဘော်တို့ ရေ…။
  
 အဆီအနှစ်တွေနဲ့ 
   အစ်ချင်တိုင်းအစ်နေတဲ့ အသားတိုးအက်ဆေး
   ပန်းခြင်းကလေးတောင် မပံ့နိုင်လောက်အောင်
   ချစ်ခြင်းတွေ ဘောင်ကျဉ်းနေကြသလားဗျာ…။

   ဆုံးရှုံးခဲ့ရသူများရေ
   အရေအတွက်  အရည်အချင်းအကြောင်း
   ပြောမပြလိုတော့ပါ…။

   ဇန်န၀ါရီဟာ   ဖေဖေါ်ဝါရီ ရဲ့ အမြစ်ဖြစ်တဲ့ အကြောင်း
   သေချာတယ်
   ကဗျာရေးစရာမကောင်းတော့ပါ…။           

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts