>UN HR Rep meets with recently released political prisoners

>

ယူအင်ကုလလူ့အခွင့်အရေးကိုယ်စားလှယ်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ တွေ့ဆုံ
စည်သူဇေယျဖေ့စ်ဘွတ်၊ဖေဖော်ဝါရီ ၄၊ ၂၀၁၂
ယမန်နေ့ညနေ ၆ နာရီ ခန့်က မြန်မာနိုင်ငံလူ့အခွင့်အရေး အထူးစာတမ်းတင်သွင်းသူ ကင်တားနားနဲ့ မကြာသေးမီက လွတ်မြောက်လာကြတဲ့ ၈၈မျိုးဆက်များ၊ ၂၀၀၇ ဗကသမျိုးဆက်များနဲ့ မီဒီယာမျိုးဆက်သစ်တို့ ရန်ကုန်မြို့မှာ တွေ့ဆုံဖြစ်ခဲ့ပါတယ်။
ဒီတစ်ခါတွေ့ဆုံစဉ်မှာ လူ့အခွင့်အရေးနဲ့ သွေဖယ်ဆန့်ကျင်နေတဲ့ အစိုးရဌာန အကြောင်းတွေကို အဓိက ထားပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာစာပေစိစစ်ရေးရဲ့ သတင်းလွတ်လပ်ခွင့်ကို ထိမ်းချုပ်နေတဲ့အကြောင်းကို နမူနာထား ပြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်။
တွေ့ဆုံ ရာမှာ ၈၈ မျို်းဆက်များမှ ကိုမင်းကိုနိုင်၊ကိုကိုကြီး ၊ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ၂၀၀၇ ဗကသမျိုးဆက်များမှကိုကျော်ကိုကို နဲ့ မီဒီယာမှ စည်သူဇေယျ တို့ တွေ့ဆုံခဲ့ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts