>Saung Luu – Poem

>

သွေးရိုးသားရိုး နိမိတ်
ဆောင်းလူ
ဇန်န၀ါရီ ၃၁၊ ၂၀၁၂



သစ္စာတရားကို အပေါင်ဆုံးခဲ့တဲ့နေ့က

အခြေအနေတွေဟာ ဖြစ်ပျက်မြန်ဆန်လွန်းတယ် …။

နိမိတ်တွေအတိုင်း ကျောရိုးတလျောက်
အတိတ်ဟာ အတူးဆွခံသက်သက် …။

ဒီလိုနဲ့
အတိတ် ….
ပစ္စုပ္ပန် …
အနာဂတ် ….
လားရာတွေ ကိုယ်စီကိုယ်ငှ.
….
…..
လေထဲလည်းကြည့်ကြပါဦး …
စကားလုံးတွေချည်း ဖောင်းပွနေတယ် …။

ဒါကြောင့် …
သတိ
အန္တရာယ်ရှိသည် ….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts