>Kyaw Thu – FFSS Yangon Activity,

>

အဝေးရောက်ကုသိုလ်
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇန်န၀ါရီ ၂၆၊ ၂၀၁၂


မြန်မာနိုင်ငံရှိ ပြည်သူလူထုကို အလုပ်အကြွေးပြုနေသော အနုပညာရှင်များအနက် ဂီတအနုပညာရှင်များသည် ပြည်ပနိုင်ငံများသို့ သွားရောက်၍ ပြည်ပရှိ မြန်မာပြည်သူလူထုတို့အား ဖျော်ဖြေပွဲများ ပြုလုပ်ပေးခဲ့ရာတွင် မိမိတို့၏ ဝမ်းရေးအတွက်သာမက ပြည်ပနိုင်ငံများ၏ တိုးတက်မှုများကိုလည်း ဗဟုသုတအဖြစ် များစွာရရှိခဲ့ကြသည်။ ထို့အပြင် မိမိတို့၏ တတ်စွမ်းသောအနုပညာတို့ဖြင့် သွားရောက် ဖျော် ဖြေခဲ့ကြသောနိုင်ငံများမှ ပြည်တွင်းရှိ မြန်မာပြည်သူလူထုတို့ကို စောင့်ရှောက်ကူညီ ဖေးမပေးလျှက်ရှိသော လူမှုရေးလုပ်ငန်းများအား တနိုင်တပိုင် လှူဒါန်းလိုက်သော အလှူငွေများကိုလည်း လာရောက်၍လှူဒါန်းခြင်းကုသိုလ်ကို လုပ်ဆောင်ခဲ့ကြသည်။

၂၅.၁.၂၀၁၂ (ဗုဒ္ဓဟူး)နေ့တွင် တေးသံရှင် ဗစ်တာခင်ညို၊ ကိုစိုးပိုင်၊ တူးတူးတို့သည် သြစတေးလျားနိုင်ငံတွင်းရှိ မြန်မာပြည်သူ/သားတို့ကို သွားရောက်ဖျော်ဖြေမှုပြုလုပ်ခဲ့ရာ Sydney Myanmar Groupနှင့် တေးသံရှင် ဗစ်တာခင်ညို၊ ကိုစိုးပိုင်၊ တူးတူးတို့ စုပေါင်းလှူဒါန်းခဲ့သော အလှူငွေ ကျပ် ၂၄၀၀၀၀၀ိ/- (နှစ်ဆယ့်လေးသိန်း) ကျပ်တိတိအား လာရောက်လှူဒါန်းမှု ပြုခဲ့သည်။

ထို့ပြင် လွတ်လပ်သောအနုပညာရှင် ကိုဇာဂနာမှလည်း ၂၄.၁.၂၀၁၂ (အင်္ဂါနေ့) တွင် စင်္ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာကာ စင်္ကာပူ နိုင်ငံရှိ ရဲရင့်ပို့ဆောင်ရေး (မိသားစု) မှတစ်ဆင့် လှူဒါန်းလိုက်သော စင်္ကာပူ $200၊ စင်္ကာပူနိုင်ငံရှိ ဦးသန်းလွင် (မိသားစု)မှ လှူဒါန်းသော စင်္ကာပူ $100 နှင့် စင်္ကာပူနိုင်ငံရှိ ကိုတင်မောင်ဆွေ၊ ကိုသက်နောင် (ရသအလင်းဖောင်ဒေးရှင်း) မှ စင်္ကာပူ $500 တို့အား မအားမလပ်သည့် ကြားမှ လာရောက်၍လှူဒါန်းမှုကို ပြုခဲ့ကြသည်။

ထို့ကြောင့် “တစ်ဦးနှင့်တစ်ဦး မည်မျှပင် ဝေးကွာစေကာမူ နှလုံးသားခြင်း နီးနီးလေးရှိဖို့လိုတယ်” ဟူသော စကားအတိုင်း မြန်မာပြည်ဘွား မြန်မာတိုင်းရင်းသားများသည် မည်မျှပင် မိုင်ပေါင်းကွာဝေးကြသည်ဖြစ်စေ သွေးကစကားပြောသည့်အတိုင်း တစ်ဦး၏ဒုက္ခ အခက်အခဲများ ကို တစ်ဦးမှစာနာထောက်ထားသော စိတ်ဓါတ်တို့ဖြင့် ကူညီဖေးမလှူဒါန်းမူများတို့ကို ပြုလုပ်ခြင်းအပေါ် သာဓု … သာဓု … သာဓုဟုခေါ်ဆို လိုက်ရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts