>Zarganar, Khin Than Myint and Bauk Gyar to meet with NED

>

 

ဖေဖော်ဝါရီ၂ ၀ါရှင်တန်ဒီစီမှာ ကိုဇာဂနာ၊ ဒေါ်ဘောက်ဂျာနဲ့ ဒေါ်ခင်သန်းမြင့်တို့ NED မှာ တွေ့ကြမည်
မိုးမခအထောက်တော်၀၀၂၊ ဇန်န၀ါရီ ၂၅၊ ၂၀၁၂
အမေရိကန်ပြည်ကို ဇန်န၀ါရီလကုန် လာရောက်လည်ပတ်မည့်မြန်မာပြည်က အရေးပါသူ ၃ ဦးဖြစ်တဲ့ သီးလေးသီးထူထောင်သူ အနုပညာရှင် ကိုဇာဂနာ၊ ကချင်အရေးနိုးကြားလှုံ့ဆော်သူနဲ့ အင်န်ဒီအက်ဖ် ပါတီဝင် ဒေါ်ဘောက်ဂျာ နဲ့ အင်န်အယ်ဒီ အမျိုးသမီးရေးရာနိုးကြားလှုံ့ဆော်သူဒေါ်ခင်သန်းမြင့်တို့ကို မြန်မာအရေးထောက်ပံ့အားပေးသူ အမေရိကန်အစိုးရနဲ့ လွှတ်တော်နောက်ခံအဖွဲ့အစည်းကြီးဖြစ်တဲ့NED (National Endowment for Democracy) က ကြိုဆိုပြီး နေ့လည်စာနဲ့ တည်ခင်းဧည့်ခံမှာဖြစ်ကြောင်း သိရှိရပါတယ်။
ဖေဖော်ဝါရီ ၂ ရက်၊ နေ့ခင်းမှာ ကျင်းပမယ့်အစီအစဉ်ကိုအမေရိကန်အစိုးရရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လုပ်သားရေးရာ ကော်မီတီ လက်ထောက်အတွင်းဝန်မိုက်ကယ်ပိုဇနာက တက်ရောက် ချီးမြှင့်မှာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ မြန်မာပြည်ရဲ့တိုးတက်နေတဲ့ အပြောင်းအလဲကာလအပေါ် မြန်မာပြည်က အရေးပါသူတို့ရဲ့ သဘောထားနဲ့ အမြင်တွေကိုတိုက်ရိုက်နားထောင် ဆွေးနွေးနိုင်ဖို့ အခုလို အစီအစဉ်ကျင်းပတယ်လို့ ဆိုပါတယ်။
မြန်မာပြည်သူတွေရဲ့ အချစ်တော် လူရွှင်တော်ကိုဇာဂနာကတော့ အဆိုပါအစီအစဉ်များတက်ရောက်ပြီးနောက် အမေရိကန်ပြည်ထောင်စုတွင်း နေထိုင်ကြတဲ့မြန်မာတိုင်းရင်းသားမိသားစုမျာနဲ့ နွေးထွေးရင်းနှီးစွာ ခရီးလှည့်လည်တွေ့ဆုံလိမ့်မယ်လို့သိရပါတယ်။ ဖေဖော်ဝါရီ တလလုံး အမေရိကန်ပြည်ထောင်စုမှာ ကိုဇာဂနာ ရောက်ရှိလည်ပတ်မှာ ဖြစ်ပြီး၊၂၀၀၆ ခုနှစ်ကတည်းက ကွဲကွာနေရတဲ့ သူ့ဇနီး၊ သူ့သားသမီးများနဲ့ ပြန်လည်တွေ့ဆုံရတော့မှာဖြစ်ပါတယ်။
(ပွဲအစီအစဉ်ကို သည်မှာ ရေးထားပါတယ်။http://ned.org/events/burmas-changing-political-landscape-a-conversation-with-three-leading-activists)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts