>
ဇန်န၀ါရီ ၂၅၊ ၂၀၁၂
အရင်တုန်းကလည်း
အကြာကြီးစောင့်နေခဲ့တာပဲ …။
လက်မှတ်ပေါက်နားရောက်မှ
နောက်က ကြားဖြတ်တဲ့ လူတွေနဲ့
အော်ဟစ် တွန်းတိုက်ပြီး
လက်မှတ်ရအောင်ဝယ်ခဲ့တာပဲ …။
ညစ်ပတ်နံစော်နေတဲ့ အိမ်သာအထဲ
နှာခေါင်းပိတ်ပြီး ကိစ္စရှင်းလိုက်တာပဲ ….။
မပြခင် မှောင်နေတဲ့ရုံထဲ
ကိုယ့်ခုံ ကိုယ်တွေ့အောင်ရှာတာပဲ …။
ကိုယ်ခုံ သူများဝင်ထိုင်နေလည်း
မောင်းထုတ်တန် မောင်းထုတ်
ရန်ဖြစ်တန် ရန်ဖြစ်လိုက်တာပဲ ….။
ဂျပိုးကိုက်တာလောက်ကို
စာမဖွဲ့ပဲ ကြည့်ကြတာပဲ …။
ဇီးစေ့နဲ့အပေါက်ခံရလည်း
ဆဲစရာရှိ ဆဲလိုက်တာပဲ
မီးပြတ်သွားတာမျိုးလည်း
ဟေး … ၀ါးနဲ့ အော်လိုက်တာပဲ
တုန်တာ မှုန်တာတွေကျတော့
တုန်းခြင်း မှုန်ခြင်း သည်းခံပါဆိုတာ
စကတည်းက သိပြီးသားပဲ …။
ဘေးနားက ခလေးသေးတည်လို့
ကိုယ့်ခြေထောက် စိုနေတာမသိ
ရုပ်ရှင်ထဲ ငြိနေတာပဲ …။
ဒါဖြင့် ခုမှဘာဖြစ်လို့ပြောနေသလဲဆိုတော့
ခုဟာက ဇာတ်လမ်းမှ မကောင်းတာ။
အဲဒီ ရုပ်ရှင်ဆိုတဲ့ကဗျာကို ထောင်ဒဏ် (၅၉) နှစ် ချမှတ်ခံထားရတဲ့ ကလေးထောင်က ကိုအေးအောင် ထောင်ထဲကနေ ခံစားရေးဖွဲ့ထားတာပါ။