>List of PP Released from Local Rights Group

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

နိုင်ငံရေးအကျဉ်းသားဟောင်းများ(နိုင်/ကျဉ်း)မှနိုင်ငံရေးအကျဉ်းသားများစာရင်းထုတ်ပြန်
တာရာဝေယံ။ ရန်ကုန် ၂၂၊၁၊၂၀၁၂
နိုင်ငံရေးအကျဉ်းသားဟောင်းများ(နိုင်/ကျဉ်း)မှအကျဉ်းထောင်များထဲတွင်  ကျန်ရှိ နေသောနိုင်ငံရေးအကျဉ်းသားများစာရင်းကို ၂၂၊၁၊၂၀၁၂ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီစာရင်းမှာ၁၂၊၁၀၊၂၀၁၁ ရက်နေ့နောက်ပိုင်း ကျန်ရှိနေသောစာရင်းအရ ထောင်ပေါင်း ၄၁ ထောင်တွင် နိုင်ငံရေးအကျဉ်းသားပေါင်း၆၇၇ ယောက်ရှိပြီး ၁၃၊ ၁၊ ၂၀၁၂ နေ့တွင် လွတ် ငြိမ်းချမ်းသာခွင့်ဖြင့်  ၃၀၂ ယောက် ထပ်မံလွတ်မြောက်ခဲ့ရာ ထောင်များထဲတွင်နိုင်ငံရေး အကျဉ်းသား စုစုပေါင်းမှာ ၃၇၅ ယောက်ကျန်ရှိနေသေးကြောင်း သိရှိရပါတယ်။
ဦးသိန်းစိန်အစိုးရကနိုင်ငံရေးအကျဉ်းသားမရှိဘဲ တည်ဆဲဥပဒေကိုချိုးဖောက်တဲ့ ပြစ်မှုကျူးလွန်သူတွေသာရှိကြောင်းမကြာခဏပြောဆိုခဲ့ပေမယ့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က မကြာသေးခင်ရက်ပိုင်းကထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ကျန်ရှိနေသေးတယ်ဆိုတာသိရှိကြောင်း၊ သူတို့ဆီကိုစာရင်းတွေ
တင်ပြရင် သမတဆီကို ဆက်လက်တင်ပြပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအများစုမှာABSDF ကျောင်းသားတပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်သွယ်သူများ၊ဖောက်ခွဲရေးသမားများ ဟုဆိုပြီး ရာဇ၀တ်ပုဒ်မအမျိုးမျိုးတပ်ကာ ကြီးလေးတဲ့ ထောင်ဒဏ် များချမှတ်ထားခြင်း ခံရသူများဖြစ်ကြောင်း သတင်းရရှိပါတယ်။
လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသားများ
ကျန်ရှိနေသေးည့် နိုင်ငံရေးအကျဉ်းသားများ
ယခင်စာရင်းဟောင်းအရ  ရှိသော နိုင်ငံရေးအကျဉ်းသားများစာရင်း

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts