>News & Media

>

နိုင်ငံရေး အကျဉ်းကျခံရသော သံဃာတော်အရှင်သူမြတ်များ ဒုတိယအကြိမ် သိမ်ထပ်မင်္ဂလာအခမ်းအနား
ဇန်န၀ါရီ ၂၂၊ ၂၀၁၂
တာရာဝေယံ

ဇန်န၀ါရီ ၂၁၊ ၂၀၁၂ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်း အမှတ် (၁) ရပ်ကွက် အနော်ရထာလမ်း မကွေးပရိယတ္ထိစာ သင်တိုက်မှာ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးက ပြန်လည်လွတ်မြောက်လာကြတဲ့ ရွှေဝါရောင် တော်လှန်ရေးသံဃာ့ခေါင်းဆောင် အရှင် ဂမ္ဘီရနှင့်တကွ ရဟန်းသံဃာတော်အရှင်သူမြတ် အပါး (၃၀) ကို သသနာ့တာဝန်များပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် ဒုတိယအ ကြိမ် သိမ်ထပ်မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို နိုင်ငံရေးအင်အားစုအသီးသီးနဲ့မှ ပုဂ္ဂိုလ်များနဲ့ ရွှေည၀ါဆရာတော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆရာဦးဝင်းတင်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုပဏ္ဍိတ်ထွန်း တို့အပါအ၀င် အင်အား ၆၀၀ ခန့် တက်ရောက်ခဲ့ကြပြီး ကြွရောက်လာကြသူများကို မကွေးကျောင်းဆရာတော် ရှင်ပါမောက္ခက ရေစက်ချ တရားဟောကြားကာ အခမ်းအနားမှူးအဖြစ် စမ်းချောင်း ကိုကိုကြီး (K4) က ဆောင်ရွက်က ရှစ်ဆယ့်ရှစ်ခေါင်းဆောင် ကိုမင်းဇေယျာက အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts