>88 Generation students press conference.

>

၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲကျင်းပ
ဇန်န၀ါရီ ၂၂၊ ၂၀၁၂
တာရာဝေယံ


၈၈ မျိုးဆက်ကျောင်းသားများရဲ့ သတင်းစာရှင်းလင်းပွဲကို ဒီနေ့နေ့လည် ၂ နာရီက တော်ဝင်စင်တာ ၇ လွှာမှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှူးအဖြစ် ၈၈ မျိုးဆက်ကျောင်းသားများမှ ကိုပြုံးချိုကဆောင်ရွက်ပြီး ကိုမင်းကိုနိုင်မှ အမှာစကားပြောကြားက ကိုဂျင်မီက ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့ပါတယ်။

တက်ရောက်လာကြတဲ့ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများရဲ့ မေးခွန်းတွေကို ၈၈ မျိုးဆက်ကျောင်းသားများမှ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုမြအေး၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုလှမျိုးနောင်၊ ကိုအောင်သူတို့က ဖြေကြားခဲ့ပါတယ်။ 

  

အခမ်းအနားမှာ ကိုမင်းကိုနိုင်မှ သတင်းမီဒီယာများကို ၈၈ ကျောင်းသားများဖြစ်ကြတဲ့ ကိုစိုးထွန်းနဲ့ ကိုထွန်းမြင့်အောင်တို့ကို သူတို့အတွင်းထဲရှိစဉ်ကာလမှာပင် ဆက်လက်ပြီး ၈၈ မျိုးဆက်လှုပ်ရှားမှုတွေကို ဆက်လက်ဆောင်ရွက်နေသူများအဖြစ် မိတ်ဆက်ပေးခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ လောကပါလတရား (၃) ပါးဖြစ်တဲ့ တရားမျှတခြင်း၊ တန်းတူခြင်း၊ လွတ်လပ်ခြင်းတို့နဲ့ပတ်သက်လာရင် တည်ထောင်သူနဲ့ ဖျက်ဆီးသူတွေကြားထဲမှာ လောကပါလတရားကို တည်ထောင်သူတွေဘက်က ပြတ်ပြတ်သားသား ဘက်လိုက်ရမှာပါ” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သူ၏ အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts