>Mar Mar Aye – Remembering U Tin

>

 ကိုကြီးမိုးသို့ ၂၀၁၂ တမ်းစာ
မာမာအေး၊ ဇန်န၀ါရီ ၂၂၊ ၂၀၁၂
တနှစ်မှတခါ
သတိရတာမဟုတ်ပါ။
ပျော်ရွှင်ခြင်းဝေဒနာ
လွမ်းဆွတ်ခြင်းဝေဒနာ
စိတ်ပင်ပမ်းခြင်းဝေဒနာ
“ဝေဒနာအလုံးစုံကိုထိသိရတိုင်း
ကိုမိုးကြီးနဲ့နှိုင်း” ဆိုရင်
လုံလောက်ပြီထင်ပါရဲ့။
အဆွေးနဲ့နဲ့
လေးတွဲ့တွဲ့
တေးနွဲ့နွဲ့ဆို…
“အို …ကိုကြီးမိုး”
ငြိမ်းချမ်းစပျိုးပြီ ဆိုလား၊
ကြားပါစေသား
ဇန်န၀ါရီ ၂၁၊ ၂၀၁၂
(၂၀၀၇ ဇန်န၀ါရီ ၂၂ မှ စ၍မတွေ့ရတော့သော အကိုကြီး တင်မိုးသို့ အမှတ်တရ၊ ဖို့ဝိန်းမြို့၊ အင်ဒီယာနာ၊အမေရိကန်နိုင်ငံ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts