>News & Media

>

ဦးတင်မောင်ဝင်း (ခရမ်း) ကွယ်လွန်ခြင်း ၂၁ နှစ်ပြည့်အလှူ
တာရာဝေယံ
ဇန်န၀ါရီ ၁၉၊ ၂၀၁၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ခရမ်းမြို့နယ်အမတ် ဦးတင်မောင်ဝင်း (၁၉၃၉ – ၁၉၉၁) ကွယ်လွန်ခြင်း ၂၁ နှစ်ပြည့် ဆွမ်းကျွေးအလှူကို ဇနီးဖြစ်သူ ဒေါ်ခင်လှိုင်ကြူနဲ့ မိသားစုက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗိုလ်ဉာဏလမ်း၊ အမှတ် ၁၇ နေအိမ်မှာ ဒီနေ့နံနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

ဆွမ်းကျွေးအလှူကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ တက်ရောက်ခဲ့ကြပါတယ်။

အလှူမှာ ဒေါ်အောင်ဆန်းစုကြည်က ပရိတ်သတ်ကို နှုတ်ဆက်စကားပြောကြားရာမှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တရားဝင်မှတ်ပုံ တင်ပြီးတဲ့နောက်ပိုင်းမှာ အခုလို ကျွန်မတို့ကို အားပေးတာတွေ့ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်တယ်ဆိုတာ အပြောသက်သက်နဲ့ မဟုတ်ပါဘူး။ တိုင်းပြည်ဖွံ့ဖြိုးအောင်၊ ပြည်သူလူထုဘ၀တိုးတက်အောင် ဆောင်ရွက်မှုတွေနဲ့ ကျမတို့က ကျေးဇူးကို တုန့်ပြန်ရမှာပါ။ အဲဒီအတွက်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံအားပေးကြပါဦးလို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။





သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts