>New Music CD published in Thailand

>

ပြိုင်တူ   တွန်းလျှင်ရွေ့နိုင်သည် တေးစီးရီးထွက်ရှိ
မိုးမခရွာဆော်ကြီး၊ ထိုင်း၊ ဇန်န၀ါရီ ၁၆၊ ၂၀၁၂
ခေတ်ပေါ်သံစဉ်-မြန်မာသံစဉ် နှစ်မျိုးဖြင့် စုပေါင်းသီဆိုထားသော ပြိုင်တူ  တွန်းလျှင်ရွေ့နိုင်သည် အမည်ရှိတေးစီးရီးသစ်ကိုဇန်နဝါရီလ(၁၇)နေ့မှစတင်ဖြန့်ချီ မည်ဟု သိရှိရပါသည်။ 
  ငြိမ်းချမ်းရေး၊ညီညွတ်ရေး၊ ဖွံ့ဖြိုးရေး၊ အမျိုးသားရေး တို့ကို ပုံသဏ္ဍာန်အမျိုးမျိုး ဆိုဟန်အမျိုးမျိုး ဖြင့် တင်ဆက်ထားသည်ကို တွေ့ရသည့်အပြင် လက်ရှိနိုင်ငံရေးအခြေအနေခေတ်စနစ်တို့ကို သုံးသပ် ဝေဖန် ထားသည်ကိုလည်း တွေ့ရှိရသည်။ ထူးခြားချက်မှာသီချင်းတခွေလုံးတွင် နိုင်ငံရေးအတွေးအခေါ်နှင့် ခေတ်အခြေအနေများကိုတင်ပြဝေဖန်ထားသည့်တိုင် အနုပညာဖြင့် ခပ်ပါးပါးလေး လှလှပပ တင်ပြထားခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးတေးသံ၊ ဤခရီးနီးသလား၊ လူ၊ ဆုတောင်း၊ ပန်း၊ရှင်သန်ခြင်း၊ နွေမှာတေးဆို ခွပ်ဒေါင်းအို၊ မျှော်လင့်ခြင်းအားမန်၊ လူရွှင်တော်စသည့် တေးသီချင်း (၉)ပုဒ်ပါဝင်ပြီး ဖိုးဇော် (စကားဝါမြေ)၊ စိန်သွား၊မိုးစက်နီ၊  ရာမည၊ ၀ါဆို၊ ဦးဇော်ဝင်း(နော်ဝေ)၊တို့က ရေးသားထားသည်။
တေးသီချင်းများကို၊ KHO၊ ကြယ်သီး၊စိန်သွား၊ ရွှေရည်၊မြစံပါယ်ငုံတို့က သီဆိုထားသည့်အပြင် တိုင်းရင်းသားတေးသံရှင်များလည်းဝိုင်းဝန်းအားဖြည့်ထားသည်ကို တွေ့ရသည်။ ပြည်ပတွင် ရေးသား ထုတ်လုပ်ရိုက်ကူးထားခြင်းဖြစ်ပြီး ဧမိစံက သပ်ရပ်လှပစွာ တည်းဖြတ်ပေးထားသည်။မျက်နှာဖုံးပန်းချီကို ကာတွန်းဟန်လေးက ရေးဆွဲထားသည်။
ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ အမေရိကား၊ နော်ဝေ နယ်သာလန်အင်္ဂလန် စသည့်နိုင်ငံများနှင့် ထိုင်းနိုင်ငံမဲဆောက်မြို့တွင်ဝယ်ယူနိုင်ကြောင်းလည်း သိရှိရသည်။
ဆက်သွယ်မှာယူလိုပါက
ဦးဇော်ဝင်း(နော်ဝေ)theinnaing58@gmail.com
စိန်သွား(မဲဆောက်) seintwar@gmail.com
Phone0066 805 108 217
ကျော်သူထိုက်kyawlulu2015@gmail.com
အေးမင်းစိုး    andreworlando09@gmail.com
Phone         0066 822 259 968
          သို့ဆက်သွယ်မှာယူနိုင်ကြောင်းသိရှိရပါသည်။