ကမာပုလဲ

Kamarpale – Poem

အမြတ်နိုးဆုံး … လမ်းမ
ကမာပုလဲ
ဧပြီ ၂၁၊ ၂၀၁၃
 
ဘ၀မှာ …
ကိုယ်က မြတ်နိုးတန်ဖိုးထားခဲ့ပေမဲ့
စွန့်လွှတ်လမ်းခွဲလိုက်ရတဲ့ အတ္တတွေ …။

၂၅ နှစ်ဟာ
လူတယောက်ရဲ့ စိတ်ကူးစိတ်သန်းအပျက်အတိုင်း
သူ့အလိုကျ လိုက်ပါစီးမျောရမယ်လား …။

ပုဂ္ဂလ ကိုးကွယ်ခြင်းတရားကို
အိမ်ကထွက်လာကတည်းက
အမေ့ မျက်ရည်စတွေနဲ့အတူ ထားရစ်ခဲ့ …။

အကြောက်တရားကြောင့်ပဲဖြစ်ဖြစ်
ငွေကြောင့်ဖြစ်စေ
ရင်ခုန်သံ မတူတော့တဲ့ တခါက ချစ်ခဲ့ရသူများ
ဆန့်ကျင်ပြိုင်ဘက် အကျိုးစီးပွားတွေဖြစ်
လမ်းခွဲရမယ့် အဖြစ်တွေက ဘ၀မှာ တပုံတပင် …။

၂၅ နှစ်ဆိုတဲ့ ကျောပိုးအိတ်ထဲမှာ
အရေးကြီးဆုံးက
ကျဆုံးခဲ့ကြတဲ့ ချစ်သူအာဇာနည်တွေရဲ့ သစ္စာတရား
တိုက်ပွဲဝင် အလံတလက်
ကဲဗျာ
လူမှာ ဒီထက် ဘာက တန်ဖိုးအရှိဆုံးလဲ …။

၂၅ နှစ်တဲ့
အဲဒီ ကျောပိုးအိတ်ကို ဆက်လက်လွယ်ပိုးရင်း … ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts