Skip to content
>
ကိုယ်ဝန်ဆောင် ကချင်အမျိုးသမီးကျောင်းဆရာမတဦး မြန်မာအစိုးရစစ်ကြောင်းပစ်ခတ်မှုကြောင့် သေဆုံး
ဇန်န၀ါရီ ၁၄၊ ၂၀၁၂။ဓာတ်ပုံသတင်း၊ ကချင်သတင်း (Jade Land) က ကူးယူတင်ပြသည်
ဇန်န၀ါရီ (၁၁)ရက် မနက် (၉း၀၀) နာရီအချိန်ခန့်  ကားမိုင်းမြို့နယ် ဖားကန့်ကားလမ်းပိုင်း နန့်ယားကျေုးရွာနှင့် ကပ်မှော်ကျေးရွာ ကြားတွင် မြန်မာအစိုးရတပ် စစ်ကြောင်းမှုး ဗိုလ်မှူး ရဲမင်းသူ၊ဗိုလ်မှူး ကိုကိုလတ် ၊ ဗိုလ်ကြီး ထွန်းနိုင်တို့ ဦးဆောင်သော ခလရ (၅၈) တပ်ရင်းက ပစ်ခတ်သတ်ဖြတ်မှုကြောင့်၎လသား ကိုယ်ဝန်ဆောင်ထားသည့် ကျောင်းဆရာမမန်ရှန်ယိန်းဝမ် သေဆုံးသွားခဲ့သည်ဟုဆိုသည်။
ယမန်နေ့က လက်ရှိမြန်မာအစိုးရကလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသား အမြောက်အများလွတ်မြောက်လာခဲ့သော်လည်းမြန်မာပြည်တွင်းတွင် ငြိမ်းချမ်းရေးကင်းမဲ့နေဆဲဖြစ်သည်ကို ပြသလျက်ရှိသည်ဟုသတင်းညွှန်းဆိုသူက မှတ်ချက်ပေးထားသည်။