>Greater than Poem – Nyein Wai

>

ဒီကနေ့ဟာ ကဗျာတပုဒ်ထက် ပိုပြီး ကြီးကျယ်ခမ်းနားနေခဲ့ပြီ်
ငြိမ်းဝေ၊ ဇန်န၀ါရီ ၁၃၊ ၂၀၁၂
ဒီကနေ့ဟာ
ရောင်နီမသန်းခင်ကတည်းက အပြာရောင် သန်းတဲ့နေ့
 ဒီကနေ့ဟာ
ရာစု နှစ်ဝက် ချီပြီး မန်းမှုတ်စက်နှိုးခဲ့ရတဲ့
ဖုတ်သွင်းရထား ဆိုက်တဲ့နေ့
 ဒီကနေ့ဟာ
ဆည်းဆာပျို နေချိုထဲ
ပဲပြုပ်သယ်ရဲ့ပဲပြုပ်ချိုချိုလေးဆိုတဲ့ အသံ
ငါ့ရင်ကို အငြိမ်းချမ်းဆုံး ထိမှန်တုန်ခါသွားစေတဲ့နေ့
 ဒီကနေ့ဟာ
ရွှေအိုးကို ထမ်း အိမ်ပြန်လာတဲ့သားတွေရဲ့ ခြေအစုံကို
မိခင်က အိမ်ဝမှာ ရေဆေးပေးတဲ့နေ့
 ဒီကနေ့ဟာ
အောင်ပွဲခံ ဗုံတလုံးပေါ်
တနိုင်ငံလုံး တက်ခုန်ပြီး ကကြတဲ့နေ့ဖြစ်ခဲ့ပေါ့။
(သူ့ဖေ့စ်ဘွတ်က ယူတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts