>မျက်ရည်တေး

>


အောင်ဝေး
ဇန်န၀ါရီ ၈၊ ၂၀၁၂


ကျွန်တော့်သားကပြောတယ်။
“ဖေဖေ …
ခွေးကလေး သေသွားပြီ …” တဲ့။

ခါတိုင်းညနေခင်းနဲ့ မတူ
ကျွန်တော့်သားရဲ့ မျက်ဝန်းမှာ
တိမ်တွေနိမ့်ဆင်းသွားပြီ။

ကျွန်တော် …
အမှောင်ထဲ တွားဝင်လာတဲ့မြစ်ကို
အတောင်ပံ တပ်ပေးမိတယ်။

ပန်းတွေ လှပနေခဲ့သလား
ပြောပါ …။

လေညင်းတွေ ဝင်းပနေခဲ့သလား
ပြောပါ …။

နှလုံးအိမ်အတွင်းမှာ
ငှက်တစ်ကောင် စီးဆင်းနေပုံ
မမြင်ရ …။

ကမ်းပါးနှစ်ဖက်နဲ့ မြွေကို …
မမြင်ရ …။

ကြယ်တွေနဲ့အတူ
ပျံသန်းနေတဲ့ညသာ
သူ့အလိုလို
ကြွေကျလာတယ်။

တစ်ချိန်လုံး
နို့ပိန်တွယ်စို့နေတဲ့
စာသင်ကျောင်းလေးဘေးမှာ
အဲဒီ … နှင်းတွေပေါ့ …။

အောင်ဝေး
သရဖူ (၁၉၉၈ ဒီဇင်ဘာ)

http://shwewarpyi.blogspot.com/2010/07/blog-post_26.html တွင် ဖော်ပြထားသော ကဗျာ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts