>Saw Wai – Like Father Like Sons

>

အဖေတူသားများ
စောဝေ၊ ဇန်န၀ါရီ ၆၊ ၂၀၁၂
အနှစ်သာရတွေပြောပြီး
အကာတွေပဲလုပ်ခဲ့တယ်။
အများအတွက်ကြွေးကြော်ပြီး
ကိုယ်ကျိုးစီးပွားပဲလုပ်ခဲ့တယ်။
ဂလိုဘယ်(လ)လိုက်ဇေးရှင်းပြောပြီး
ဆွေမျိုးပေါက်ဖော်ပဲဆက်ဆံခဲ့တယ်။
ဥပဒေအထက်မှာဘယ်သူမှမရှိဘူး ပြောပြီး
တမိန့်တအာဏာပဲသုံးခဲ့တယ်။
နိုင်ငံရေးအကျဉ်းသားမရှိဘူး ပြောပြီး
နိုင်ငံရေးပါတီဖွဲ့ပြီးအနိုင်ယူ အုပ်ချုပ်တယ်။
ဖက်ဆစ်နဲ့ကွန်မြူုနစ်ကို မုန်းတယ်ပြောပြီး
မြောက်ကိုရီးယားလိုဆက်ဆံကျင့်သုံးခဲ့တယ်။
ငြိမ်းချမ်းရေးလိုလားတယ် ဆိုပြီး
လက်နက်နဲ့ကျည်ဆံတွေနဲ့ပဲ အဖြေရှာတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ဆိုပြီး
ခိုး၊ဆိုး၊ ဓားပြ၊ ဘိန်း၊ မဒိမ်းတွေပဲ လွှတ်ပေးတယ်။
ကြိုဆိုပါတယ်၊ကြိုဆိုပါတယ် ဆိုပြီး
ဒေါ်စုကြည်လို့ပဲသုံးစွဲနေတယ်။
ဒီမိုကရေစီဆိုပြီး
ကမ္ဘာကြီးကိုမျက်လှည့်ပြဖို့ ကြိုးစားတယ်။           

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts