>Former Political Prisoners joined Suu’s Education Fund Fair

>

 ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရံပုံငွေဈေးရောင်းပွဲတော်နဲ့ တေးဂီတဖျော်ဖြေပွဲမှာနိုင်ငံရေးအကျဉ်းသားဟောင်းများက အရောင်းဆိုင်ဖွင့်
တာရာဝေယံ၊ ဒီဇင်ဘာ ၃၁၊ ၂၀၁၁
ယမန်နေ့မနက် ၉  နာရီ အချိန်လောက်က စတင်ခဲတဲ့ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရံပုံငွေ တေးဂီတဖျော်ဖြေပွဲနဲ့ဈေးရောင်းပွဲတော်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းများကအရောင်းဆိုင်ဖွင့်လှစ်ခဲ့ကြတာကို တွေ့ရပါတယ်။
အဲဒီအရောင်းဆိုင်ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံများ ပါဝင်တဲ့ဗီနိုင်းပိုစတာများ၊ ပြက္ခဒိန်များ၊ မှတ်စုစာအုပ်များ ရောင်းချခဲ့ကြပါတယ်။
“ကျနော်တို့နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဆောင်ရွက်နေတဲ့ လူမှုအကျိုးပြုလုပ်ငန်းများမှာတစုံတရာအထောက်အပံ့ရအောင် ရံပုံငွေရှာကြတယ်။ ကျနော်တို့ရဲ့ နဖူးစည်းဆိုင်းဘုတ်ကို ကြည့်ပြီး အားပေးသွားကြတဲ့သူတွေ များပါတယ်”
လို့နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။

 သူကဆက်ပြီး
“ဒီပွဲတော်ဈေးဆိုင်ခန်း ၂၀၀ နီးပါး ရှိမယ် ထင်တယ်။ အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် လူထုခေါင်းဆောင်တို့ ပုံတွေ၊သူတို့အကြောင်းတွေပါတဲ့ စာအုပ်တွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ ပိုစတာတွေရောင်းကြတယ်။ လာတဲ့သူတိုင်းလိုလို တခုခု ၀ယ်ကြတယ်။ အနှောက်အယှက်အဟန့်အတားတွေလည်း မရှိပါဘူး”
လို့ပွဲတော်အခင်းအကျင်းများကို ပြောပြခဲ့ကြောင်း သတင်းရရှိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts