>News & Media

>

လေထီးဦးအုန်းမောင် ကွယ်လွန်းခြင်း (၁၁) နှစ်ပြည့်ဆွမ်းကျွေးအလှူ
တာရာဝေယံ
ရန်ကုန်၊ ဒီဇင်ဘာ ၂၉၊ ၂၀၁၁



ဒီနေ့မနက်ပိုင်းက လေထီးဦးအုန်းမောင်ကိုရည်စူးပြီး ကျန်ရစ်သူ မိသားစုတွေက ကွယ်လွန်ခြင်း (၁၁) နှစ်ပြည့် ဆွမ်းကျွေးအလှူပြုလုပ်ခဲ့ပါ တယ်။

ဆရာ ဒဂုန်တာရာ၊ သခင်သိန်းမောင်၊ ဆရာဦးဝင်းတင်၊ ဦးအံ့မောင်၊ သခင်တင်မြ၊ ဦးချစ်လှိုင် (ဦးကိုကိုမောင်) အစရရှိတဲ့ စာရေးဆရာ၊ နိုင်ငံရေးသမားများ၊ စာပေအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များနဲ့ ဆွေမျိုးမိသင်္ဂဟများ အပါအ၀င် လူဦးရေ (၃၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြပါ တယ်။


ဆွမ်းကျွေးအလှူကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး၏ ခန်းမမှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။


“မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ဟာ ဂျပန်ပြည်မှာ စစ်ပညာသင်ကြားခဲ့သလို ဦးသိန်းဖေ မြင့်ဦးဆောင်တဲ့ လေထီးဆင်းရဲဘော် ၃၀ ဟာလည်း အိန္ဒိယပြည်၊ သိဟိုဠ်ပြည်တွေမှာ စစ်ပညာသင်ကြားပြီး လွတ်လပ်ရေးအတွက် သက် စွန့်ကြိုးပမ်းောဆင်ရွက်ခဲ့သူထဲမှာ ဆရာလေထီးဦးအုန်းမောင်လည်း တယောက်အပါအ၀င်ဖြစ်ပါတယ်” ဟု ကိုကိုးကျွန်းပြန် ရဲဘော်ကြီးတဦး က ပြောပါတယ်။

ဆရာဒဂုန်တာရာနှင့် ဦးဝင်းတင်

သူက ဆက်ပြီး “ ဆရာက ကိုကိုးကျွန်း (၁၉၈၅)၊ ဂေါ်ဒူလောင် (လိပ်ကျွန်း) (၁၉၅၉) နဲ့ ကိုကိုးကျွန်း (ဒုအကြိမ်) (၁၉၆၉ -၇၁) တို့မှာ ကျွန်း (၃) ကြိမ်ပို့ခံရတဲ့ နိုင်ငံရေးသမားတဦးဖြစ်တယ်။ ရိုးရိုးအေးအေးဘဲ နေထိုင်တတ်ပေမယ့် စိတ်ဓာတ်က သံမဏိလို ပြင်းထန်မာကျောသူပါ။ သူဟာ တိုင်းပြည်ကို တကယ်ချစ်တဲ့ တကယ့်မျိုးချစ်ပုဂ္ဂိုလ်တဦးပါ” ဟု ပြောပြပါတယ်။

ဆရာဦးဝင်းတင်



ဆရာလေထီးဗိုလ်အုန်းမောင်ရဲ့ ဆွမ်းကျွေးအလှူကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အလုပ်တာဝန်များ များပြားနေတဲ့အတွက် တက်ရောကပ်လာနိုင်ခြင်း မရှိကြောင်း သတင်းရရှိပါတယ်။

အခမ်းအနား မှတ်တမ်းဓာတ်ပုံများ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts