>Local Burmese Journals reaching out to outlawed exile groups

>

ပြည်ပတရားမ၀င်အဖွဲ့များနှင့်  လက်နက်ကိုင်တပ်ဖွဲ့များအား ပြည်တွင်းဂျာနယ်များကဆက်သွယ်မေးမြန်း ဖေါ်ပြလာ
မိုးမခအထောက်တော်၊ ရန်ကုန်။ ဒီဇင်ဘာ၂၈၊ ရန်ကုန်
အပတ်စဉ်ထုတ် ပြည်တွင်း သတင်းဂျာနယ်အချို့တွင် လတ်တလောဦးသိန်းစိန် အစိုးရနှင့် ဆွေးနွေးလျှက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့်ဆက်သွယ်မေးမြန်းထားသည့် သတင်းဖေါ်ပြမှုများ မကြာမီသီတင်းပတ်မှ စတင်ဖေါ်ပြလာကြသည်။
ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်မှ စတင်ကာ  သည်ဗွိုက်စ် ၊ ရန်ကုန်တိုင်းမ်နှင့် ဆဲဗင်းဒေးစ်သတင်းဂျာနယ်တို့တွင် ကေအန်ယူ အတွင်းရေးမှူး ဒေးဗစ်ထော နှင့် ဆက်သွယ်မေးမြန်းထားချက်၊ဒီမိုကရက်တစ် အင်အားစု (မြန်မာနိုင်ငံ ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ရန်ကုန်တိုင်းမ် ဂျာနယ်သို့ပြောကြားသည် ဆိုသည့် သတင်းဖေါ်ပြချက်များ ဖတ်ရှိရသည်။
ထို့အတူ ယနေ့ထုတ် ဆဲဗင်းဒေးစ် သတင်းဂျာနယ်တွင်လည်းကေအန်ယူ အတွင်းရေးမှူး ဒေးဗစ်ထောနှင့် မေးမြန်းထားချက်ကို ကိုးကားဖေါ်ပြထားသည်ကို တွေ့ရသည်။
ယခင်က ပြည်တွင်း သတင်းဂျာနယ်များ အနေဖြင့် ပြည်ပရောက်တရားမ၀င်အဖွဲ့အစည်းများ ၊ နယ်စပ်ဒေသမှ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ဆက်သွယ်မေးမြန်းခွင့်မရှိပေ။ထိုသို့သော ဆက်သွယ်မေးမြန်းခဲ့လျင် တရားမ၀င် အသင်းအဖွဲ့နှင့် ဆက်သွယ်မှုဖြင့် အရေးယူခံရနိုင်သည့်အန္တရာယ်ရှိသည်။
ထိုသို့သော သတင်းများကို ပြည်ပအခြေစိုက် သတင်းမီဒီယာများနှင့်အာရ်အက်ဖ်အေ၊ ဘီဘီစီ ၊ ဗွီအိုအေတို့လို ရေဒီယို အသံလွှင့်ဋ္ဌာနများကသာ မေးမြန်း ဖေါ်ပြလေ့ရှိခဲ့ရာမှယခုသီတင်းပတ်များအတွင်း ပြည်တွင်းဂျာနယ်များက ဆက်သွယ်မေးမြန်း ဖေါ်ပြလာကြခြင်း ဖြစ်သည်။
မကြာမီက ကျင်းပပြီးစီးသွားသည့် လွှတ်တော်တွင် ကချင်ပြည်နယ်တိုက်ပွဲများနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ကြားဝင်ဆောင်ရွက်ပေးလိုသော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းသည် ဥပဒေနှင့်မညီသဖြင့် ဆောင်ရွက်နိုင်ခြင်း မရှိဟု ဆွေးနွေးပြောဆိုခဲ့ကြသည်။
သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက်  ပြုပြင်ပြောင်းလဲမှု ဖေါ်ဆောင်မည်ဟု မိန့်ခွန်းမှတဆင့်နိုင်ငံသို့ အသိပေးခဲ့သည်။ စီးပွားရေ ဆိုင်ရာ ဖြေလျော့မှု၊ မီဒီယာဖြေလျော့မှုနှင့်  အတိုက်အခံ နိုင်ငံရေး အင်အားစုဖြစ်သည့် အန်အယ်ဒီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်းတို့ ဖြစ်ပေါ်လာပြီးနောက် နိုင်ငံတကာ အစိုးရများကဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုလာကြသည်။   

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts