>Zay Hmine – Poem

>

ကိုယ်ပြန်လာပြီ
ဇေမှိုင်း
ဒီဇင်ဘာ ၂၈၊ ၂၀၁၁


ငှက်ကလေးတွေ စိုးစီ စိုးစီ
အိပ်တန်းပြန် ငှက်တွေ
တီတီတာ
မြည်ကြ လေပြန်ကုန် …။

မမျှော်လင့်တဲ့အချိန်မှာ
မျှော်လင့်ခြင်းတွေ
သေချာတယ်
ပစ်ချလိုက်ရတဲ့အခါ
ကံ့ကော်ဝါတွေတောင်မှ
ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ကြလို့မို့  …။

ပြန်မလော့မြစ်ရေ
တိုးမြစ်ရေ
င၀န်မြစ်ရေ
မီးကြာတွေ တလက်လက်
မြစ်ရေနဲ့  တဖြည်းဖြည်း စီးဆင်းကုန်ကြတာ
မဟာမျှော်လင့်မှုတွေ
အိပ်မက်တွေ
ကြီးမြတ်သော စီးဆင်းမှုတွေ
မီဂါ ယဉ်ကျေးမှုတွေ
သိင်္ဂါနဒီ မြစ်ရေစိမ်းမြ
လှပသော
မနက်ဖန်တွေ
အတွေးမှာ ….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts