>Maung Yit – Poem

>

၂၀၁၁ ကို လက်ပြနှုတ်ဆက်လိုက်တဲ့ကဗျာ
မောင်ရစ်၊ ဒီဇင်ဘာ ၂၂၊ ၂၀၁၁
ဒီဇင်ဘာ ၂၂၊ ၂၀၁၁


ငါတို့က ‘၈၈’ တွေဖြစ်တယ်
‘၈၈’ ဆိုတာ ကိုးဆယ်တန်တွေ တစ်ရာတန်တွေ မဟုတ်ဘူး
တစ်ရာ့ကိုး၊ တစ်ရာ့တစ်ဆယ်တွေလည်း မဟုတ်ဘူး။

ငါတို့က …
ကိုယ့်ကတုတ်ကျင်း ကိုယ်တူး
ကိုယ့်ကျည်ဆန်ကို ကိုယ်တိုင်သွေး
အစားထိုးမရတဲ့ အသက်၊ လိပ်ပြာ၊ စိတ်ဓာတ်တွေနဲ့
ရန်သူကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြရတာ။

ငါတို့တတွေဟာ
၈၈ တောင်ကုန်းကနေ ၉၀ တောင်ကုန်းကိုသိမ်းဖို့
ကျားထိုးပြီး ဆင်းခဲ့ကြ။

အခုအချိန်မှာ ၉၀ တောင်ကုန်းကို စွန့်ခဲ့ကြပြီ ဆိုမှတော့
၈၈ တောင်ကုန်းဆီကို ငါတို့တွေ ပြန်ဆုတ်
ပြီင်္းတော့မှ ၂၀၀၇ တပ်စခန်းက ရဲဘော်တွေရဲ့ စစ်ကူနဲ့
အနာဂတ်မြန်မာပြည် တောင်ကုန်းတွေအတွက် ဆက် ကျုားထိုးကြရဦးမယ်။

ကိုယ့်ကိုယ်ကို မရောင်းခဲ့နဲ့
ကိုယ့်ရဲဘော်တွေရဲ့ နောက်ကျောကိုထိုး မရောင်းခဲ့နဲ့
ကျဆုံးခဲ့တဲ့ ရဲဘော်နဲ့ လက်နက် ရန်သူ့လက်ထဲ မကျန်ရစ်ခဲ့စေနဲ့။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts