>Ko Myoe (Myanmar sar) – Poem

>

မြန်မြန်ပေး၊ မြန်မြန်ဆပ်
ကိုမျိုး (မြန်မာစာ)
ဒီဇင်ဘာ ၁၈၊ ၂၀၁၁

“မြန်မြန်ပေး၊ မြန်မြန်ဆပ်”
မျိုးဆက်အတွက်မငဲ့
နင့်ထိုက်၊ နင့်ကံ၊ နင်ခံအလှည့်
တစ်ဘ၀စံစိတ်နဲ့
တာ့တာ ဘိုင်းဘိုင်လုပ်ရင်တော့
သေရင်ပြီးတယ်။

– မျိုးဆက်သစ်အတွက်စဉ်းစား
(ကိုယ့်အလှည့်မှာများ)
ကောက်ရိုးပွေ့သွားမိခဲ့တယ်ဆိုရင်တောင်
ရောက်ခဲ့၊ လျှောက်ခဲ့ရာလမ်းတလျှောက်
အမှိုက်ပြန်ကောက်ရင်း လမ်းရှင်းပေးချင်စိတ်မွေး
မသေခင်၊ မသွားခင်လေး
သမိုင်းပေးတာဝန် ကျေခွင့်ရတာမဟုတ်လားဗျာ
(ကျွန်တော်တို့လည်း)
ဘာကြာတော့မှာမို့လို့လဲ…
အခါမလွန်မီလေး ပေးစရာရှိမြန်မြန်ပေး
ဆပ်စရာရှိ မြန်မြန်ဆပ်
မပေးမဆပ် တာဝန်မကျေမီများ
သေရွာသွားခဲ့ရင်
မြေကြီးကပြောလိမ့်မယ်
သားရေပေါ်အိပ် သားရေနားစားသူလို့။

နှောင်းလူတို့က ဆိုလိမ့်မယ်
တစ်ဘ၀စံစိတ်ထားနဲ့ လူ့ရွာမှာလာ၊ လမ်းသလားခဲ့သူကြီးလို့။

++++


မျိုးဆက်သစ်များကိုကြိုဆိုလျှက် ဦးကျော်သူအတွက် မှတ်မှတ်ရရ။
၁.၁.၂၀၁၂ ရက်နေ့တွင် ကျရောက်မည့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ (၁၁) နှစ်ပြည့်အား ကြိုဆိုလျှက် (၁၁) မီးငြိမ်းမယ့် (၁၁) နှစ် ပြည့်ပွဲအမှတ်တရ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts