>Shwe Nya Wah Sayadaw to be disrobed by Regime’s monks authority

>

 နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကရွှေည၀ါဆရာတော်အား သံဃာအဖြစ်မှ ဖယ်ရှားမည့်အကြောင်း စာပို့
မိုးယံမခ၊ ဒီဇင်ဘာ ၁၄၊၂၀၁၁
          ဒီနေ့ညနေပိုင်းက ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊သာဓုပရိယတ္တိစာသင်တိုက်၊ ဓမ္မကထိက ရွှေည၀ါဆရာတော် အရှင်ပညာသီဟသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှအရေးယူဆောင်ရွက်ရန်ကိစ္စ အကြောင်းကြားစာကို လက်ခံရရှိခဲ့ကြောင်း သတင်းရရှိသည်။
          ထိုအကြောင်းကြားစာတွင် အပိုဒ် ၂ ပိုဒ် ပါရှိ၍အပိုဒ် (၁) တွင် ဆုံးဖြတ်ချက် ၃ ရက် ပါရှိသည်။ 
          အပိုဒ် ၁ တွင် ဖော်ပြထားသည်မှာ …
(၁) ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုက်မှ ရွှေည၀ါဆရာတော် ဦပညာသီဟ၏ မန္တလေးတိုင်းဒေသကြီး၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တရားဟောကြားခြင်းကိစ္စ တင်ပြလာခြင်းနှင့် စပ်လျဉ်း၍၂၈၊ ၁၁၊ ၂၀၁၁ နေ့တွင် ကျင်းပသော ဆဋ္ဌအကြိမ် နိုင်ငံတော်သံဃမဟာနာယက (၄ရ)ပါး စုံညီ ပန္နရသမဟအစည်းအဝေးက ဖော်ပြလတ္တံ့အတိုင်း ဆုံးဖြတ်ခဲ့ပါသည်။
ဆုံးဖြတ်ချက်
          ရွှေည၀ါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်းဒေသကြီး၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တရားဟောကြားခြင်းကိစ္စ တင်ပြလာခြင်းနှင့် စပ်လျဉ်း၍
(က) ရွှေည၀ါဆရာတော်ဦပညာသီဟအားနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ပိုင် ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်
(ခ) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆုံးမညွန်ကြားသည်ကို မနာခံ၍ ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်
(ဂ) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ခွင့်ပြုချက်မရဘဲ မည်သည့်ပုဂ္ဂိုလ်မျှ သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ဆောင်ရွက်ခြင်းမပြုရန် ဟူ၍ ဖြစ်သည်။
          အပိုဒ် ၂ တွင် ဖော်ပြထားသည်မှာ
၂။ သို့ဖြစ်ပါ၍အထက်ပါ အပိုဒ် ၁ ပါ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီ အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီအကောင်အထည်ဖော်ဆောင်ရေး ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးသို့ ဆက်လက် ညွှန်ကြားဆောင်ရွက်သွားပါရန်ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ပြန်လည်တင်ပြရန် အကြောင်းကြားလျောက်ထားပါသည်။
(ဘဒ္ဒန္တ၀ါယမ)
အဂ္ဂမဟာပဏ္ဏိတ
တွဲဖက်အကျိုးတော်ဆောင်ဆရာတော်
ဟူ၍ ဖော်ပြထားကြောင်းသတင်းရရှိပါသည်။
Shwe Nya Wah Sayadaw – 10th Dec 2011, Rangoon

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts