>Kyaw Thu – FFSS Yangon Activity

>

နာရေးအားကစား
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဒီဇင်ဘာ ၁၂၊ ၂၀၁၁



ဇန်န၀ါရီလ (၄) ရက်နေ့ လွတ်လပ်ရေးနေ့အကြိုအဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိဝန်ထမ်းများ၊ အသင်းသူ/သားများတို့အား အသင်းအဖွဲ့အစည်းတွင် မရှိမဖြစ်လိုအပ်သော စည်းလုံးမှု၊ ညီညွတ်မှုတို့ဖြင့် လူမှုရေးလုပ်ငန်းများအား ထမ်းဆောင်ပေးဆပ်ရာတွင် တစ် ယောက်အားဖြင့်မရ အများအားဖြင့် စွမ်းဆောင်ပေးဆပ်နိုင်ရေးအတွက်၎င်း၊ တစ်နှစ်ပါတ်လုံး နာရေး၊ ဆေးကူညီမှုတို့တွင် အပူမီးတို့ဖြင့် လောင်မြိုက်ခြင်း ကူးစက်ခံခဲ့ရသော ၀န်ထမ်းများ၊ အသင်းသား/သူများအား စိတ်ထွက်ပေါက်အနေဖြင့်လည်းကောင်း ကိုယ်လက်လှုပ်ရှား အားကစားပွဲများကို ကျင်းပပေးခြင်းဖြင့် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လျင်မြန်သွက်လက်စွာ ပေးဆပ်နိုင်ရန်အတွက် လည်း ကောင်း၊ စုပေါင်း၍ အားကစားနည်းများဖြစ်သော အမျိုးသား/ သမီး ဘောလုံးပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်း၊ ထုတ်ဆီးတိုး၊ ခေါင်းအုံးရိုက်၊ သုံးချောင်းထောက်၊ သံပုသီး ဇွန်းကိုက်၊ မုန့်စား၊ အာလူးကောက်၊ လွန်ဆွဲပွဲ စသည့် ပြိုင်ပွဲများကို ဒီဇင်ဘာလ (၄) ရက်နေ့မှ စတင်၍ စနေ၊ တနင်္ဂနွေနေ့များတွင် ကျင်းပပြုလုပ်လျက်ရှိသည်။ ဖွင့်ပွဲအခမ်းအနားအား အိုကေ သျှမ်းဒိုးပတ်ဝိုင်းအဖွဲ့ဖြင့် တီးခတ်ဖွင့်လှစ်ပေးခဲ့သည်။

ဗိုလ်လုပွဲအား လွတ်လပ်ရေးနေ့ ဇန်န၀ါရီလ (၄) ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိရာ မြောက်ဒဂုံမြို့နယ်တွင် ကျင်းပပြီး ဆု ပေးပွဲ အခမ်းအနားအားလည်း ကျင်းပမည်ဖြစ်ရာ စိတ်ဝင်စားသူ မည်သူမဆို လာရောက်အားပေးကြည့်ရှုနိုင်ပါသည်။









သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts