>Burma VJ goes online

>

Burma VJ Media(ဘားမားဗီဂျေ) မိုးပေါ်ရောက်ပြီ
မိုးမခ၊ ဒီဇင်ဘာ ၁၂၊၂၀၁၁
မြန်မာပြည်တွင်းက ဗီဒီယိုဂျာနယ်လစ်တွေရဲ့ သတင်းစာမျက်နှာ ( http://www.burmavjmedia.net/) ကို ဒီဇင်ဘာ ၁၀၊ ကမ္ဘာလု့အခွင့်အရေးနေ့မှာ အမှတ်တရ စတင် လွှင့်တင်လိုက်ကြောင်း သိရှိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်ဆုရရှိခြင်း အနှစ် ၂၀ အထိမ်းအမှတ်ပွဲ  ရန်ကုန်မြို့က သတင်းမှတ်တမ်းများနဲ့အတူ ပြည်တွင်းက သတင်းစာမျက်နှာပေါ်က ပုဂ္ဂိုလ်တွေ (newsmakers) ကလည်း  ဘားမားဗီဂျေဝက်ဆိုက်အတွက် ဆုမွန်ကောင်းများတောင်းပေးတာကိုလည်း တင်ဆက်ထားပါတယ်။
၂၀၀၇ သံဃာ့အရေးတော်ပုံကာလတွင်းမှာ  စွန့်လွှတ်အနစ်နာခံသော သပိတ်မှောက်သံဃာတော်များအကြောင်းကိုအခြားမီဒီယာအေဂျင်စီများကတဆင့် သတင်းပေးပို့ခဲ့ကြတဲ့ မြန်မာဗီဒီယိုဂျာနယ်လစ်တွေရဲ့ ယခုအချိန်ကစပြီးတော့ တိုက်ရိုက် သတင်းတင်ဆက်မှုကို အဆိုပါ ၀က်ဆိုက်မှာဖတ်ရှုရတော့မယ် ဖြစ်ပါတယ်။ တခုရှိတာက သုတို့အကြောင်းကို အများသူငှာသိရှိဖတ်ရှုမှတ်သားနိုင်အောင် မှတ်တမ်းစာမျက်နှာ (About Us) စာမျက်နှာတော့ မတွေ့ရသေးပါဘူး။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts