>Students, Monks & 88 found common ground on current political situation

>

မြန်မာ့နိုင်ငံရေးပြဿနာများ ဖြေရှင်းရေးအပေါ် သံဃာ၊ ကျောင်းသား နှင့် ၈၈ တို့ သဘောထားတူညီ
ဒီမိုပန်း ရန်ကုန်၊ ဒီဇင်ဘာ ၁၁၊ ၂၀၁၁

၈၈ မျိုးဆက်ဆိုသူတချို့က ရွေးကောက်ပွဲဝင်မည့် သတင်းများထွက်ပေါ်နေချိန်တွင်၊ ယခု ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကိုမင်းကိုနိုင် ဦးဆောင်ခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် မည် မဟုတ်သည့်အပြင် အဖွဲ့အနေဖြင့်လည်း မည်သည့် ပါတီ အဖွဲ့အစည်းကိုမျှ ကိုယ်စားလှယ်ပေးမည် မဟုတ်ကြောင်း ကြေ ညာချက် ထုတ်ပြန်ခဲ့ပါသည်။ယနေ့ မြန်မာ့နိုင်ငံရေးပြဿနာများကို မှန်ကန်စွာဖြေရှင်းနိုင်ရေးမှာ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လည် လွှတ်ပေးမှသာလျှင် ဖြစ်နိုင်မည်ဟု ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်း၊ ကိုမြတ်သူနှင့် ကိုကိုကြီး (စမ်းချောင်း)တို့ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် ၈၈မျိုးဆက်ကျောင်းသားများ ကြေညာချက်တွင် ဖေါ်ပြခဲ့ပါသည်။ဒီဇင်ဘာလ ၉ ရက်နေ့ နေ့စွဲဖြင့် ပြည်တွင်းမှာ လှုပ်ရှားနေကြသော မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး နှင့် ၂၀၀၇ မျိုးဆက်ကျောင်းသားများကို အခြေခံ ဖွဲ့စည်းထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့ ကလည်း ဒီဇင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့သော ၈၈ မျိုးဆက်ကျောင်းသားများ၏ ကြေညာချက်နှင့် မိမိတို့ အဖွဲ့အစည်းများက သဘောထားတူညီကြောင်း ကြေညာချက်များ ထုတ်ပြန်ကြပါသည်။“လက်ရှိနိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ ရပ်တည်ချက်နှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောထား ထုတ်ပြန်ချက်”ဟု ဖေါ်ပြထားသည့် မြန်မာ့နိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ ယခုကြေညာချက်ကို ထုတ်ပြန်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာ ပြောခွင့်ရဆရာတော် ဦးဓမ္မသီရိက ယခုကဲ့သို့ ပြောကြားခဲ့ပါသည်။

“ဦးဇင်းတို့ ဒီကြေညာချက်ကို ထုတ်ရတဲ့ရည်ရွယ်ချက်က ဦးဇင်းတို့နဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ဦးဇင်းတို့ရဲ့ ခေါင်းဆောင် ဦးဂမ္ဘီရတို့၊ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ကိုထင်ကျော်တို့၊ စတဲ့ တကိုယ်တော် ဦးအုန်းသန်းတို့ အဲဒီလို အမည်မဖေါ်နိုင်သေးတဲ့ လူသိနည်းတဲ့ပုဂ္ဂိုလ်တွေလည်း အများကြီး အကျဉ်းထောင်အသီးသီးထဲမှာ ရှိနေကြတယ်။ ဒီပုဂ္ဂိုလ်တွေ အပြင်မရောက်မချင်း၊ ဦးဇင်းတို့ဟာ နိုင်ငံရေး ဖေါ်ဆောင်မှုကို မည်သည့်ပုံစံမျှ ဖေါ်ဆောင်မှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လည်းဆိုရင် သူတို့ရဲ့ လုပ်ဆောင် မှုတွေ၊ သူတို့ရဲ့ စွမ်းဆောင်မှုတွေကို ဦးဇင်းတို့ အသိအမှတ်မပြုရာရောက်မယ်၊ မသိကျိုးကျွံ့ ချန်လှပ် ထားရာရောက်မယ်။ အဲဒီ့အတွက် သူတို့အပြင်ရောက်ဖို့ကိစ္စကို ဦးဇင်းတို့အဓိကထားပြီးတော့ ကြိုးစားခြင်း ဖြစ်တယ်။ အဲသလို ကြိုးစားမှသာလျှင် သူတို့ကို လေးစားရာရောက်မယ်။ အဲဒီ့အတွက် ဦးဇင်းတို့ ဒီကြေညာချက်ကို ထုတ်ရခြင်းဖြစ်တယ်။”

(ဦးဓမ္မသီရိ၏ အင်တာဗျူး အသံဖိုင် – ) U Dhamma_Moemakaဗကသများအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ကိုလင်းထက်နိုင်ကလည်း ဗကသများအဖွဲ့ချုပ်သည် ကိုယ်ပိုင် မူဝါဒ ရှိပြီး၊ နိုင်ငံရေးပြဿနာများကို သဘောထားရာတွင်လည်း ကိုယ့်မူနှင့်အညီ ဆုံးဖြတ်ကြောင်း အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။

“၁၂ လပိုင်း ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့ သဘောထားကြေညာချက်ဟာ ကျနော်တို့ ဗကသများအဖွဲ့ချုပ်ရဲ့ မူဝါဒ(၅)ချက်နဲ့ ကိုက်ညီတဲ့အတွက်၊ နောက်ပြီး ကျနော်တို့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့လည်း ကိုက်ညီတဲ့အတွက် ကျနော်တို့က သဘောထား ကြေညာချက် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။”

(ကိုလင်းထက်နိုင်၏ အင်တာဗျူး အသံဖိုင် – ) Lin Ht Ng_Moemaka


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts