မောင်လူရေး

Maung Luu Yae – Articles

တွေးလိုက်တိုင်းအရိုးနာ အမျိုးပါဆဲလိုက်ချင်ရဲ့
မောင်လူရေး
ဧပြီ ၂၆၊ ၂၀၁၃


အောက်ပါအစီရင်ခံစာကို ဖြည့်စွက်ချက်အနည်းငယ်ထည့်ပါတယ်။ ဖတ်တော်မူကြပါ။ ပြီးရင် ဦးပိုင်နဲ့ နိုင်ငံတော်ကို ကောင်းချီးနုမော်ကြပါ။
(ခ) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေတွင် လယ်ယာမြေများကို သိမ်းဆည်းရာတွင် အောက်ပါနှုန်းထားများအတိုင်း လျော် ကြေးငွေပေးချေခဲ့ကြောင်း လေ့လာသိရှိရပါသည်-
(၁) 
မြေလျော်ကြေး    ပထမတန်းစား (R1) ၈၀ ကျပ် (ကွမ်းနှစ်ယာ)
ဒုတိယတန်းစား(R2)    ၄၅ ကျပ် (ဆေးပေါ့လိပ်တစ်လိပ်)
တတိယတန်းစား(R3)    ၃၅ ကျပ် (အကြော်တကွင်း)
ပထမတန်းစား၊ တောင်ယာမြေ (Y1)  ၂၅ ကျပ် (ကျောက်ဒိုးတလုံး)
ဒုတိယတန်းစား၊ တောင်ယာမြေ (Y2)  ၁၅ ကျပ် (ကြက်ပေါင်ကွင်း ၃ ကွင်း)   
တတိယတန်းစား၊ တောင်ယာမြေ (Y3) ၅ ကျပ် (ချိုချဉ်တလုံး)
(၂) 
သီးနှံလျော်ကြေး   သရက်ပင် (တစ်ပင်လျှင်) ၁၆၀၀ကျပ် (နန်းကြီးသုတ်တပွဲ)
ထန်းပင် (တစ်ပင်လျှင်) ၁၀၀၀၀ ကျပ် (ထန်းရည် ၁၀ အိုး)
နှမ်း (၁ ဧကလျှင်) တန်းဖိုး၏ (၃) ဆ ၅၅၂၀၀၀ ကျပ် (ချဲ ၇၀၀ ဖိုး)
(ရောင်းထိုးလျှင်ပေါက်ပါသည်၊ မြေပြန်ဝယ်လို့ရပါသည်၊ ထီကတော့မသေချာပါ)
ပဲစင်းငုံ (၁ ဧကလျှင်) တန်းဖိုး၏ (၃) ဆ ၅၄၀၀၀၀ ကျပ် (ချဲ ၇၀၀ ဖိုး) (ရဲကြေးပေးပြီး)
နေကြာ (၁ဧကလျှင်) တန်းဖိုး၏ (၃) ဆ    ၅၂၅၀၀၀ ကျပ် (ချဲ ၇၀၀ ဖိုး) (ရဲကြေးပေးပြီး)
(ဂ) လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် ၁၈၉၄ခုနှစ်၊ မြေသိမ်းဥပဒေအရ(လွန်ခဲ့သောနှစ်၁၀၀ကျော်က) လယ်၊ ယာမြေ တစ်ဧက လျှင် မြေခွန်ငွေ×၂၀ဆ နှုန်းဖြင့်သာ မြေလျော်ကြေးပေးထားခြင်းဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ တစ်ဧကလျှင် ၂၅ပြားမှ ၁ကျပ် ၂၅ပြားထိ မြေခွန် ကောက်ခံသည့် ယာမြေများအတွက် မြေလျော်ကြေးကို ၅ကျပ်မှ ၂၅ကျုပ်ခန့်ဖြင့်လည်းကောင်း၊ တစ်ဧက လျှင် ၁ကျပ်မှ ၂ကျပ် ၂၅ပြား အထိ ကောက်ခံသော လယ်မြေများအတွက် မြေလျော်ကြေးကို ၂၀ကျပ်မှ ၄၅ကျပ်ခန့်ဖြင့် လည်းကောင်း ပေးအပ်ထားသည်ကို တွေ့ရှိရပါသည်။ အထက်ဖော်ပြဇယားပါ မြေနှင့် သီးနှံလျော်ကြေးပေးအပ်မှုအခြေအနေကို လေ့လာကြည့်ပါက လက်ပံတောင်း တောင် ကြေးနီစီမံကိန်းတွင် မြေနှင့် သီးနှံလျော်ပေးအပ်မှု အခြေအနေမှာမြေ၏ ကာလတန်ဖိုး(Market Value) ဖြင့် မြေလျော်ကြေး မပေးခဲ့သဖြင့် မြေလျော်ကြေးပေးအပ်မှုမှာအလွန်နည်းပါးနေကြာင်း သုံးသပ်တွေ့ရှိရပါသည်။
(စ) လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာအတွင်းပါဝင်သော လယ်မြေ၊ ယာမြေအတွက် လျော်ကြေးငွေပေးအပ်ရန်ကိစ္စနှင့် ပက်သက်၍ စီမံကိန်းဧရိယာနှင့် အနီးစပ်ဆုံးကျေးရွာများမှ လယ်သမားများကို ကွင်းဆင်းစုံစမ်းမေးမြန်းခဲ့ရာ ၎င်းတို့၏ ထွက်ဆိုချက်များအရ မြေ၏ ကာလတန်းဖိုး(Market Value) မှာအောက်ပါအတိုင်းတွေရှိရပါသည် –
တစ်ဧကနှုန်း (ကျပ်သိန်း)
၁။  (၁) နှစ်(၂)သီးစိုက်ဆည်ရေသောက်   ၁၅
၂။  (၁) နှစ် (၂) သီးစိုက်မြစ်ရေတင်    ၁၅
၃။  မိုးကောင်းသောက်လယ်     ၁၂
၎။  (၁) နှစ် (၂) သီးစိုက်ယာ     ၁၀
၅။  (၁) နှစ် (၁) သီးစိုက်ယာ (ဦးပိုင်ပေါက်)     ၇
၆။  (၁) နှစ် (၁) သီးစိုက်ယာ (ဦးပိုင်မပေါက်) ၅
ဖတ်ဖတ်သမျှ အမျှဝေပေးကြပါ။
မြေတဧကကို အဆင်းရဲဆုံးမိသားစုက ကလေးတောင် မုံ့ဖိုးမယူတဲ့ ၅ ကျပ်နဲ့လျှော်ခဲ့ကြတာပါ။
၅ ကျပ်တန်ဆိုတာလဲ အစိုးရဘဏ်နဲ့ပြတိုက်လောက်သာရှိတော့တဲ့ စက္ကူစုတ်ပါ။ A4 တရွက်လောက်တောင်ဈေးမရှိလို့ စက္ကူစုတ်လို့ ခေါ်တာပါ။ အဲဒီA4 တရွက်စာလောက်မရှိတဲ့ကြေး(ကြေးလို့တောင်မပြောကောင်းတဲ့ဟာပါ) နဲ့ မြေတွေပေးခဲ့ရတဲ့တောင်သူတွေရဲ့ ဘဝ သေ ဆုံးသွားမှုတွေအတွက် မိမိတို့ပြုသမျှ ကောင်းမှုကို အမျှဝေပေးကြပါ။ ကျုပ်တို့ဟာ လူမဟုတ်သောလူ (လူ့ဘီလူး) များ ဂုတ်စီးလုပ် နေတဲ့ အမနုဿကပ်ဆိုက်နေတဲ့တိုင်းပြည်ဆိုးမှာ နေနေရတာပါ။
အမနုဿတွေရဲ့ ဒုက္ခဆိုးတွေကို လက်ပတောင်းဒေသကလူတွေ ခံနေရပါတယ်။
အခြားဒေသတွေမှာလဲ နည်းအမျိုးမျိုးနဲ့ ခံနေရပါတယ်။ အမနုဿတွေရဲ့ကရုဏာဆိုတာ အဲအဲ ဒီမိုကရေစီဆိုတာ ဘီလူးအစွယ်သွေး တာမျိုးဘဲဖြစ်မှာပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts