>Clinton visits Daw Suu’s house

>

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဟီလာရီ ကလင်တန် သွားရောက်ဆွေးနွေး
မိုးမခအထောက်တော် အမှတ် ဝဝ၁
ဒီဇင်ဘာ ၂၊ ၂ဝ၁၁

ဓာတ်ပုံများ – AFP


အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် နှင့် လက်ထောက်များသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်ကြသည်။

ယမန်နေ့ညကလည်း ကလင်တန်က ဒေါ်စုကို ဖိတ်ကြားပြီး ညစာစားစဉ် စကားပြောဆိုခဲ့ကြပြီး ဖြစ်သည်။ ထိုသို့ ပြောဆိုရာတွင် ကလင်တန်၏ နေပြည်တော် ခရီးစဉ်အကြောင်း ပါဝင်သည်ဟု သိရသည်။

ရန်ကုန်မှ သတင်းသမားများကလည်း ယနေ့နံနက် ဒေါ်စုအိမ်တွင် မြန်မာ့ဒီမိုကရေစီအရေး ဆွေးနွေးသည့် သတင်းသည် ကလင်တန်၏ နေပြည်တော်ဆွေးနွေးပွဲထက် ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ပြောဆိုနေကြကြောင်း ရန်ကုန်မှ သတင်းထောက်တဦးက ပြောသည်။

ကမ္ဘာကျော်အမျိုးသမီးများဖြစ်သည့် ကလင်တန် နှင့် ဒေါ်စုတို့ နှစ်ဦး တွေ့ဆုံသည့် ဓာတ်ပုံများမှာ ဖေ့စ်ဘုတ်တွင် လက်ဆင့်ကမ်း ပေးပို့ ကြည့်ရှုနေကြကြောင်း တွေ့ရသည်။

အင်တာနက်တွင် တွေ့ရသော ယနေ့နံနက်ပိုင်း ဆွေးနွေး ဓာတ်ပုံများတွင် NLD မှ တခြားခေါင်းဆောင်များ ပါဝင်ခြင်း မရှိပေ။ ဒေါ်စုနှင့် ဆွေးနွေးနေသည့်ပုံများတွင် ကလင်တန် နှင့် အမေရိကန် နိုင်ငံခြားရေးဌာနမှ အရာရှိကြီးများ ပါဝင်ကြောင်း တွေ့ရသည်။


ကမ္ဘာကျော်၂ ဦးနှင့် ဓာတ်ပုံတွဲရိုက်နေသော အမျိုးသမီးများ



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts